"လက်ထပ်ခြင်း"
'လက်ထပ်ခြင်း' ဆိုတာကို စကားလုံးလေးတစ်လုံးပဲလို့ မထင်လိုက်လေနဲ့
'လက်ထပ်ခြင်း' ဆိုတာကို ပျော်ရွှင်စရာပဲလို့ မထင်လိုက်လေနဲ့
'လက်ထပ်ခြင်း' ဆိုတာကို မြတ်နိုးခြင်းရဲ့ အထွဋ်အထိပ်လို့ မထင်လိုက်လေနဲ့
တကယ်တော့...'လက်ထပ်ခြင်း' ဆိုတာ...
ယောက်ျားတွေအတွက်... ... ...
'ပြစ်ဒဏ်ကျခံရတာ'
လွတ်ရက်မရှိ ပြစ်ဒဏ်တစ်သက်ကျခံရတာ။
'လက်ထပ်ခြင်း' ဟာ ဘာနဲ့တူလဲဆိုတော့ စောင်းတစ်လက်နဲ့ တူတယ်
သာယာညှင်းပျောင်းတဲ့ သီချင်းသံလေးပြီးသွားရင် ကြိုးတွေနဲ့ ချည်နှောင်လို့ ကျန်ရစ်ခဲ့တယ်။
'လက်ထပ်ခြင်း' ဟာ... အချစ်လို့ ဆိုကြတယ်
'အချစ်' မှာ မျက်စေ့မရှိလို့လည်းဆိုကြတယ်
ဒါဆို...
'လက်ထပ်ခြင်း' ဆိုတာ မျက်မမြင်တွေ မွေးဖွားရာ ကျောင်းကြီးလို ဖြစ်နေတာပေါ့။
အဲဒီမျက်မမြင်ကျောင်းကြီးမှာ
ယောက်ျာ်းတွေဟာ သူတို့ရဲ့ 'လူပျို' ဆိုတဲ့ 'ဘွဲ့' ကို စွန့်လွတ်လိုက်ရပြီးတော့
မိန်းမတွေအတွက်တော့ 'အိမ်ထောင်ရှင်မ' ဆိုတဲ့ 'မာစတာဘွဲ့' ကို အပ်နှင်းခြင်း ခံကြရတယ်။
'လက်ထပ်စာချုပ်' ဆိုတာ ယောက်ျားတွေအတွက် 'အလုပ်သမားမှတ်ပုံတင်' ပါပဲ။
'လက်ထပ်ခြင်း' ကြောင့် မိန်းမတစ်ယောက်သာ ရလိုက်တာ မဟုတ်ဘူး... ..
စိုးရိမ်ပူပန်မှုတွေ
အလိုမကျမှုတွေ
မလွတ်လပ်မှုတွေ
ပင်ပန်းဆင်းရဲမှုတွေနဲ့
လုမှုရေးဆုံးရှုံးမှုတွေကိုပါ ရလိုက်တာ... ။
ကဲ...
လက်ထပ်ချင်ကြသေးလား အမျိုးကောင်းသားတို့... ....
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:
Post a Comment