ကွတ်ကီမုန့်လေးများနဲ့ ဘ၀သင်ခန်းစာ
ကောင်မလေးတစ်ယောက် လေဆိပ်ထဲကိုလျှောက်လာပါတယ်။လေယာဉ်ထွက်ဖို့အချိန်ကလိုနေသေးတာကြောင့် လေဆိပ်ထဲမှာ စောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အချိန်ကတော်တော်လေးကို စောနေသေးတာကြောင့် ကွတ်ကီမုန့်တစ်ထုပ် ၀ယ်ပြီးစာအုပ်ဖတ်ကာ စောင့်နေဖို့ သူမဆုံးဖြတ်လိုက်ပါတယ်။
VIPအခန်းထဲက ခုံတစ်နေရာမှာထိုင်ပြီး စာအုပ်ဖတ်နေလိုက်ပါတယ်။ သူမရဲ့ဘေးမှာ ကောင်လေးတစ်ယောက်ထိုင်ပြီး စာအုပ်ဖတ်နေတာကို လည်းသတိပြုမိလိုက်ပါတယ်။စာဖတ်ရင်းဗိုက်ဆာလာတာနဲ့သူမရဲ့ကွတ်ကီ
မုန့်တွေထဲကကွတ်ကီတစ်ချက်ကိုသူမယူစားလိုက်ပါတယ်။ထိုအချိန်မှာပဲ ဘေးမှာထိုင်နေတဲ့ကောင်လေးက သူမရဲ့ကွတ်ကီတစ်ချက်ကိုရုတ်တ
ရက်ဆိုသလို ယူစားလိုက် တာကိုသူမတွေ့လိုက်ပါတယ်။ သူမစိတ်ထဲတော်တော်လေးခံပြင်းသွားပါတယ်။“ဘယ်လိုကောင်ပါလိမ့်၊ ငါစိတ်ကောင်းဝင်နေတုန်းမို့လို့ပေါ့နို့မို့သာဆိုရင်ထရိုက်မိမှာသေချာတယ်လို့”ဒေါသတကြီးတွေးမိလိုက်ပါတယ်။ သူမကွတ်ကီနောက်တစ်ခုယူတော့လည်း ထိုကောင်လေးက နောက်တစ်ခုလိုက်ယူပါတယ်။ သူမ ဒေါသ
ထွက်လာပါပြီ။ ဒါပေမဲ့လည်း လေဆိပ်ထဲမှာဆိုတော့ဆူဆူညံညံမဖြစ်ချင်တာနဲ့ ငြိမ်နေလိုက်ပါတယ်။

ဒီလိုနဲ့ကွတ်ကီကတစ်ခုပဲကျန်ပါတော့တယ်။ ဒီအချိန်မှာတော့ ဒီကောင်လေးဘာလုပ်အုံးမလဲမသိဘူးလို့သူမ တွေးမိလိုက်
ပါတယ်။ ထိုအချိန်မှာပဲ သူ့ဘေးနားကကောင်လေးကထိုကွတ်ကီကိုယူပြီး တစ်ဝက်ခွဲကာယူစားပြီး ကျန်တဲ့တစ်ဝက်ကို သူမကိုလှမ်းပေးလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့သူမတော်တော်လေးကိုဒေါသထွက်သွားပြီး သူမစာအုပ်ကိုသိမ်းကာချက်ချင်းဆိုသလို လေယာဉ်ထွက်မယ့်နေရာကို
ဒေါသတကြီးထထွက်သွားပါတော့တယ်။ လေယာဉ်ပေါ်ရောက်တော့
သူမမျက်မှန်ကိုရှာဖို့ hand bagအိတ်ကိုဖွင့်လိုက်ပါတယ်။ သူမရဲ့အိတ်ထဲမှာတွေ့လိုက်ရတာကတော့ မထိရ၊မဖွင့်ရသေးတဲ့
ကွတ်ကီမုန့်ထုပ်လေးတစ်ထုပ်ပါပဲ။

သူမလည်း အလွန်ပဲရှက်မိသွားပါတယ်။ သူမမှားခဲ့မှန်းလည်း နားလည်သွားပါတယ်။ သူမရဲ့ Hand bag အိတ်ထဲမှာ ကွတ်ကီတွေကိုသိမ်းထားတာကို မေ့နေခဲ့တာပါ။သူမကသူမရဲ့ကွတ်ကီတွေကိုထိုကောင်လေးယူစားနေခဲ့တယ်လို့ထင်ခဲ့တာပါ။သူမကဒေါသတွေ ထွက်နေခဲ့တဲ့အချိန်မှာ ထိုကောင်လေးကတော့ ဒေါသထွက်ချင်း အလျင်းမရှိပဲ
သူ့ရဲ့ကွတ်ကီတွေကို သူမနဲ့မျှဝေနေခဲ့တာပါ။ အခုတော့သူမထိုကောင်လေးကို နောက်တစ်ကြိမ်ပြန်တွေ့ပြီး တောင်းပန်ဖို့
ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒီလိုပါပဲ ဘ၀မှာတစ်ခါတစ်လေ ကိုယ်ဘာလုပ်နေလဲမမြင်နိုင်လောက်အောင် သူများတွေရဲ့
အပြစ်ကိုပဲကြည့်ပြီး ရှင်သန်မိတတ်ကြပါတယ်။ ဒီတော့ ထိုကောင်မလေးလိုမဖြစ်အောင်ကျွန်တော်တို့သူများတွေကို
အပြစ်မတင်ခင် မိမိရဲ့အပြစ်တွေကိုအမြဲပြန်ကြည့်ကြပါစို့။

မိုးရှင်း (I.M.T)
Ref:living3
0 comments:
Post a Comment