Wednesday, January 7, 2015

2015 အ ပျို ကြီး

ခုနှစ်သာ နောက်ပိတ်ချိန်းသွားတယ် 
အပျိုကြီးကတော့ ထိပ်စီးငြိမ်နေတုန်းပဲ
ဘယ်ဂါထာနဲ့မှ ကျွတ်မယ့်ပုံမပေါ်ပင်မဲ့ 
မရောင်းရအသိုးခံမယ်အေ ဆိုတဲ့ ဈေးသည်အထာနဲ့

ချဉ်ရင်လည်း ယင်ကြိုက်သလို 
ချိုရင်လည်း ပုရွက်ဆိတ်အကြိုက် 
ခါးရင်လည်း ကင်လိပ်လျှောအကြိုက်ပေမဲ့ 
ဇီဇာကြောင်အပျိုကြီးကျတော့ ဘယ်သူမှမကြိုက်ရဲဘူး

၃၀ ကျော် အချစ်ရှာရတာ . . . 
လမ်းလည်ခေါင်ဘီးပေါက်တဲ့ ကားအိုလို 
ထိုင်နေရလည်းအခက် 
ထွက်တွန်းရလည်းအခက်

မအိုသေးပါဘူး 
၃၀ ကျော်ရုံလေး 
ဇီဇာလေး ဒစ်စကောင့်ချရင် 
ရွယ်တူလေးတွေတော့ မှီသေးတယ်

စာရွက်တွေကြားခေါင်းငုံ့ 
အလုပ်ရာထူးတက်ဖို့ မကြိုးစားပဲ 
မိတ်ကပ်လိမ်း အလှပြင် 
ဖိတ်စာဝေနိုင်ဖို့ ကြိုးစား

လန်းနေတဲ့ခေတ်မှာ အပျိုကြီးဆိုတာ 
ရှေးဟောင်းပြတိုက်တခု 
မစားကောင်းတဲ့ သစ်သီး 
မသုံးတော့တဲ့ ကီးပတ်ဟန်းဆက် 
မကြည့်ကြတော့တဲ့ ဖလက်တီဗီ 
မစီးကြတော့တဲ့ လေးဘီးကား 
အန္တရယ်ရှိသည် ဗို့အား ၅၀၀၀၀ တံဆိပ်ကပ်ထားတဲ့ လူသား

စိတ်ဓာတ်တော့ မကျလိုက်ပါနဲ့ 
မှီရာကားနဲ့ လိုက်ပါ . . . 
ဒါက ကိုရီးယားခေတ်ပဲ 
နှစ်ချို့ချဉ်ဖတ်လည်း လူကြိုက်ကြပါသေးတယ် . . . ။




Ulay Kyi ( ကိုလင်း )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...