Tuesday, November 4, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၁)

သစ်ထူးလွင်


Posted: 04 Nov 2014 07:56 AM PST
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ သူပုန်တွေ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်ဖို့ ရိုင်ဖယ် သေနတ် ၃ ထောင် နီးပါးကို စေတနာ့ ဝန်ထမ်း တွေဆီကို လွှဲပြောင်း ပေးလိုက်တယ်လို့ ထိုင်း စစ်တပ်က ပြောပါတယ်။ ဒီလို သေနတ်တွေ လွှဲပြောင်း ပေးခဲ့တာဟာ ထိုင်း တောင်ပိုင်းက ပဋိပက္ခ တွေကို ပိုမို ဆိုးရွား စေနိုင်တယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့တွေက ဝေဖန် ခဲ့ကြပါတယ်။ မွတ်ဆလင်တွေ အဓိက နေထိုင်ရာ ထိုင်း တောင်ပိုင်းမှာ
Posted: 04 Nov 2014 07:56 AM PST
အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း သီးသန့်ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါတွေအပြင် နို
Posted: 04 Nov 2014 06:57 AM PST
အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို တူးဖော်ပြီးရင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတဲ့ မှုခင်းဆေးပညာ ပါမောက္ခဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ ကိုပါကြီးအလောင်းကို မြှုပ်ထားတဲ့ ကျိုက်မရောမြို့အနီးက ရွှေဝါချောင်းကျေးရွာမှာ မနက်ဖြန်မှာ တူးဖော်မယ်လို့ေ
Posted: 04 Nov 2014 06:56 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံကို ပထမဆုံး အကြိမ် သွားရောက်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို အခုလိုပြောပါတယ်။ "တရုတ်ပြည်ခရီး စဉ်ရှိတယ် ဒီဇင်ဘာသွားမယ်ဗျာ၊ ကျန်တာ မပြောနိုင်သေးဘူး၊ မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲရှိတယ်၊
Posted: 04 Nov 2014 06:47 AM PST
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ပထမဆုံး အကြိမ် ခရီးစဉ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရ ဘက်ကလည်းေ
Posted: 04 Nov 2014 06:44 AM PST
ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးအတွက် စစ်အစိုးရက ကော်မတီတရပ် အင်္ဂါနေ့မှာ ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ သူ့ရဲ့ မဟာမိတ်တွေ နိုင်ငံ့အာဏာ ပြန်မရရှိရေးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်တာလို့ အများက ရှုမြင်ပါတယ်။ ဘုရင် Prajadhipok သိပံ္ပက ဥပဒေပညာရှင် Bavornsak Uwanno ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၆ ဦးပါ ကော်မတီဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က
Posted: 04 Nov 2014 06:38 AM PST
ဘယ်နိုင်ငံသား အဖြစ်မှ အသိအမှတ်ပြု မခံရတဲ့၊ ဘယ်နိုင်ငံကူး လက်မှတ်မှ မရှိတဲ့ နိုင်ငံမဲ့ ဖြစ်နေသူတွေရဲ့ အခြေအနေတွေကို ၁၀ စုနှစ် တစ်ခုအတွင်း အဆုံးသတ် နိုင်အောင် ကြိုးစားမယ့် လှုပ်ရှားမှု တစ်ရပ်ကို ကုသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ဒီကနေ့ စတင် လိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် အရ ကမ္ဘာတဝန်းမှာ နိုင်ငံမဲ့ ဖြစ်နေတဲ့ လူ ၁၀ သန်း ထက် မနည်း ရှိနေပြီး သူတို့ဟာ ဆေးဝါး ကုသနိုင်ခွင့်၊ ပညာ
Posted: 04 Nov 2014 03:17 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၄ ၃.၁၁.၂၀၁၄ ရက်နေ့ ၀၃၁၅ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ကမ်းနားကွန်ကရစ် လမ်းပေါ်ရှိ ရထားသံလမ်း၊ ဗိုလ်တထောင်ဘုရား မုခ်ဦးရှေ့တွင် ဗိုလ်တထောင်မြို့နယ်၊ သန်လျက် စွန်းဘက်မှ ဗိုလ်တထောင်ဘုရား ဘက်သို့ မောင်းနှင်လာသော မလွှကုန်း-၀ါးတန်း တွဲလွတ်ပို့ဆောင်သည့် ရထားနှင့် ဘုရားမုခ်ဦးဘက်သို့ ဖြတ်သန်းမောင်းနှင်သည့် ယာဉ်မောင်း ကိုကောင်းဆက်မော် မောင်းနှင်လာသော 9H---- ကိုရိုနာ
Posted: 04 Nov 2014 03:13 AM PST
မကြာသေးခင်က အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး ရဲစခန်းက ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲပါတယ်။ သူဟာ လက်ပံတောင်းဒေသခံတွေနဲ့အတူ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒပြလို့ တရားစွဲခံ ရတာဖြစ်ပါတယ်။ မဖြူနင်းထွေး က “၂၉ ရက်နေ့က ညီမတို့ ၀မ်ပေါင်းမှာ သွားပြီးဆန္ဒပြတာပေါ့ ဒေသခံတွေ
Posted: 04 Nov 2014 03:12 AM PST
မြန်မာသံတော်ဆင့် ဂျာနယ်ရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော် အကြီးအကဲရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေတာကြောင့် တရားစွဲဆိုမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်သလို ဂျာနယ်တာဝန်ရှိ သူကလည်း တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ တုံ့ပြန်ပါတယ်။  သြဂုတ်လထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃ အမှတ် ၂၂ ပါ အံ့ခေါင်မင်းရဲ့ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားတွေဟာ သမ္မတရဲ့ ဂုဏ်သိက္ခာထိပါးစေလို
Posted: 04 Nov 2014 02:51 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၄ ၃.၁၁.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် လှိုင်သာယာ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ကိုစန်းဝင်း၊ (၄၃)နှစ်ဖြစ်ပြီး နေအိမ်နောက် ဖေးတွင် အမြင့်(၃)ပေခန့်ရှိ ၀ါးလုံးတန်း၌ ပလပ်စတစ်ကြိုး အားအသုံးပြု၍ ထိုင်လျက်အနေအထားဖြင့်
Posted: 04 Nov 2014 02:48 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၄ ၃.၁၁.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ရွှေပြည်သာ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ရွှေပြည်သာဆေးရုံသို့ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေပြည်သာ မြို့နယ်နေ ကိုရှိုင်းထက်အောင်၊ (၂၀)နှစ်ဖြစ်ပြီး လည်ပင်း၌ ကြိုးပွန်းဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိ ရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် မိခင်ဖြစ်သူနှင့် စကားများရာမှ
Posted: 04 Nov 2014 02:30 AM PST
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ ချုပ်နှောင်ခံ မြန်မာလူငယ် ၂ ယောက်က ရဲက သူတို့ကို ညှဉ်းပန်းစစ်ဆေးတယ်လို့ စွပ်စွဲချက်အပေါ် ရှင်းလင်းဖို့ဖိတ်ခေါ်ချက်ကို ရဲတပ်ဖွဲ့က ဆက်ငြင်းဆန်ရင် တရားစွဲမယ်လို့ ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူက ခြိမ်းခြောက်ပြောကြားကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ khaosod သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းလူ့အခွင့်အရေးကော်မရှင်က စွပ်စွဲခံ ကိုဇော်လင်းနဲ့
Posted: 04 Nov 2014 02:28 AM PST
ထိုင်းတောင်ပိုင်း လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ၊ သတင်းတွေ အဆက်မပြတ် တင်ပြပြီးတဲ့နောက် သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ၀င်ဖတ်သူ၊ နှစ်သက်သူ ဦးရေပေါင်း ၄ သိန်းနီးပါးရှိသွားပြီဖြစ်တဲ့ စီအက်စ်အိုင်အယ်လ်အေ CSI LA ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သူဘယ်သူလဲ ဆိုတာကို ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်ပါတယ်။ သူ့ကို ထိုင်းရဲတပ်ဖွဲ့က ကွန်ပြူတာ အီလက်ထရောနစ်ဥပဒေ၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ေ
Posted: 03 Nov 2014 08:45 PM PST
မူဆယ် ၊ ၄-၁၁-၂၀၁၄ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် နိုဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က စီးကရက်စက်ရုံ တစ်ရုံ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုင်ဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက် ၊ အနောက်ဘက် တစ်မိုင်ခန့် အကွာရှိ ကိုးကန့် စီးကရက် စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားရာ မီးသတ် တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၁၆ စီးဖြင့် ငြှိမ်းသတ်ရာ နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ
Posted: 03 Nov 2014 07:47 PM PST
အီရတ်နိုင်ငံ အန်ဘာ ပြည်နယ်မှာ လွန်ခဲ့တဲ့ ၅ရက်တာ ကာလအတွင်း IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ ခဲ့ရသူ စုစုပေါင်း အခုအခါ ၅ရာကျော် ရှိသွားပြီလို့ ဆွန်နီ လူမျိုးစု ခေါင်းဆောင် တဉီးက ပြောပါတယ်။ IS လက်နက်ကိုင်တွေဟာ တနင်္လာနေ့တုန်းက Ras al Maa ရွာမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အယ်လ် ဘူ နီမာ လူမျိုးစုဝင် အယောက် ၃၀ ကျော်ကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့
Posted: 03 Nov 2014 07:47 PM PST
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ခရိုင် ဟုမ်းစ်ဒေသက သဘာဝဓာတ်ငွေ့တွင်းရှိရာဒေသကို ထိန်းချုပ်လိုက်ပြီလို့ နိုဝင်ဘာလ ၃ ရက်နေ့က ပြောပါတယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲအပြီး တပတ်အတွင်းမှာ ဆီးရီးယားရဲ့ ဒုတိယအကြီးဆုံး သဘာဝ ဓာတ်ငွေ့တွင်းကို သိမ်းပိုက် လိုက်တာပါ။ ဂျဟာဓာတ်ငွေ့တွင်းမှာ အိုင်အက်စ်အလံကို လွှင့်ထူထားပုံတွေနဲ့ သိမ်းဆည်းထားတဲ့
Posted: 03 Nov 2014 06:36 PM PST
စက်တင်ဘာ (၁၁) ရက် New York မြို့က ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန မျှော်စင်အဆောက်အုံကြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီးနောက် ၁၃ နှစ်ခန့်အကြာ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အုံကို New York မြို့တော်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။ ၁၇၇၅ ပေအမြင့်ရှိတဲ့ မိုးမျှော် အဆောက်အုံကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၉ ရာ ဖြစ်ပြီး ထင်ရှားလူသိများတဲ့ နယူးယောက် မန်ဟက်တန်
Posted: 03 Nov 2014 06:08 PM PST
နိုဝင်ဘာလ ၃ ရက် ၂၀၁၄ စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာ ချထား ပေးသည့် မြစ်ကြီးနား အနီး ငွေပျော် စံပြကျေးရွာတွင် နေထိုင်သည့် သျှမ်းတိုင်းရင်းသားများ အပါအဝင် ရွာသားအများစုမှာ ရေရှည်ဘဝ ရပ်တည်ရန် အလုပ်အကိုင်အခက်အခဲ ဖြစ်နေကြောင်း ကျေးရွာတွင် နေထိုင်သူများ၏ ပြောကြား ချက်အရ သိရသည်။ အစိုးရ အစီအစဉ်ဖြင့် ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို ပြန်လည် နေရာချထားသည့် ယင်းကျေးရွာတွင် သျှမ်းတိုင်းရင်းသား ဒုက္ခသည်
Posted: 03 Nov 2014 06:03 PM PST
မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တနင်္လာနေ့က ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိ လာပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်း ခတ္တရပ်နားခဲ့တဲ့ ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှာ ရုရှား စစ်ဘက်အရာရှိတွေနဲ့ တွေဆုံပြီး နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတာပါ။ အနောက်အုပ်စုနိုင်ငံ တွေထဲမှာ အထူးသဖြင့် အမေရိကန်နဲ့ သဘောထားတင်းမာနေတဲ့
Posted: 03 Nov 2014 03:45 PM PST
ကာကွယ်ရေး ဦးစီးချူပ် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး အဖွဲ့ ဟာ အရှေ့ဥရောပ နိုင်ငံ ဖြစ်တဲ့ ဘေလာရုစ် ကို ရောက်နေပါတယ်။ ဘေလာရုစ် စစ်တပ် အကြီးအကဲ ရဲ့ ဖိတ်ခေါ်မှု မဟုတ်ပဲ၊ ဘေလာရုစ် ဝန်ကြီးချူပ် မီခေးလ် မစ်နင်ကော့ဗစ်ခ်ျ ရဲ့ ဖိတ်ခေါ်ချက် နဲ့ သွားတာပါ။ ဘေလာရုစ် မြို့တော် မင့်စ်ခ် မှာ၊ ကာချူပ် ဦးဆောင်လာတဲ့ မြန်မာ စစ်တပ်ရဲ့ ချစ်ကြည်ရေး အဖွဲ့ဟာ၊ Stalin Line လို့ ခေါ်တဲ့ သမိုင်းဝင်ေ
Posted: 03 Nov 2014 02:24 PM PST
၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊
Posted: 03 Nov 2014 02:14 PM PST
အဝလွန် သူတွေကို ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ချ ပေးနိုင်မယ် ဆိုရင် ဆီးချိုရောဂါ (အမျိုးအစား ၂) ကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်မယ်လို့ ဗြိတိသျှ ဆေးသုတေသီ တွေက ပြောပါတယ်။ အစာအိမ်ကို အရွယ် ငယ်သွားအောင် ခြုံ့တဲ့ ကုသနည်း အပါအဝင် ကိုယ်အလေးချိန် လျော့အောင် ခွဲစိတ် ကုသမှုတွေ ခံယူခဲ့တဲ့ လူကြီး ၄၀ဝ၀ ကျော်ကို လေ့လာမှု အရ သူတို့တွေမှာ ဆီးချို ရောဂါ အခြေအနေ ပိုဆိုးမလာတာ တွေ့ရပါတယ်။ ဒီရလဒ်က
Posted: 03 Nov 2014 02:12 PM PST
ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံသား စိစစ်ရေးကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီမံချက်တွေ ရေးဆွဲနေပါတယ်။ ဒီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ရခိုင်ပြည်နယ်ကို ရောက်လာစဉ် ညွှန်ကြား ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်း မွတ်ဆလင်တွေ အပေါ် နိုင်ငံသား စိစစ်မှု ပြုလုပ်ဖို့ စီမံချက်တွေကို စတင် ရေးဆွဲနေပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ
Posted: 03 Nov 2014 02:09 PM PST
မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်မှာ စစ်တပ်က သိမ်းထားတဲ့ ယာမြေဧက ၆ ထောင်ကျော် ပြန်လည်ရ ရှိဖို့ အတွက် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ဒေသခံတွေကို ကတိပေး ပြောကြား လိုက်ပါတယ်။ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တပ်မတော်က အခုအချိန်အထိ ဘာမှအကောင်အထည်ဖော်ထားတာမရှိဘဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...