Friday, November 7, 2014

ဟေ့ရောင်...


ဟေ့ရောင်...
မင်းကိုယ် မင်း ဆရာကြီးလို့ မထင်နဲ့ကွ...
လူတွေဟာ တစ်ယောက် တစ်မျိုးစီ တော်ကြတယ် တတ်ကြတယ် ဆိုတာ မင်းလက်ခံစမ်းပါ...


ဒီမှာ ဟေ့ရောင်...
ရပ်ကွက်ထဲက အမြဲတမ်းမူးနေတတ်တဲ့ အမူးသမားကို အထင်မသေးနဲ့ကွ...
လူတွေ မလုပ်ချင်တဲ့၊ အဓိကက လူတွေ မလုပ်ရဲတဲ့ အလောင်း ရေချိုးပေးတာတွေ အလောင်းပြင်တာတွေ လုပ်တတ်တယ်ကွ... မင်းသိရဲ့လား...

ဟေ့ရောင်...
လူ တစ်ယောက်ချင်းစီမှာ ထူးချွန်မှု တစ်ခုတော့ ရှိရမယ် ဆိုတာ မင်းလက်ခံရမယ် ဟေ့ရောင်...

မင်း ကွန်ပျူတာ ဘယ်လောက်တော်တော်... မင်းဈေးရောင်းတတ်ရဲ့လား ဟေ့ရောင်...
ဈေးရောင်းတဲ့ မိန်းကလေးက မင်းလောက် ကွန်ပျူတာ မကိုင်တတ်ပေမယ့် .. မင်းထက် ဈေးရောင်းတတ်တယ်ကွ...

ဟေ့ရောင် ...
မင်းဆိုတဲ့အကောင်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး တောက်တိုမယ်ရ လုပ်စားနေရတဲ့ကောင် ... ဟိုက ဈေးပဲရောင်းနေရတဲ့ ဟေ့ရောင်မကွ... မင်းသိလား...

ဟေ့ရောင်...
ဒီမှာ မင်း ဖိုတိုရှော့လေး သူများထက်ပိုပြီး သုံးတတ်တာကို များ ဒီကမ္ဘာမှာ ငါလောက် တတ်တဲ့သူ... ငါ့ထက် တက်တဲ့လူ မရှိဘူး မထင်နေနဲ့ကွ... မင်းထက် ငယ်တဲ့ကောင်တွေက မင်းထက် ပိုတက်လာကြပြီ... မင်းထက် အသက်ကြီးတဲ့ လူတွေကလည်း မင်းထက် နည်းပညာပိုင်း ဆိုင်ရာမှာ အားနည်းကောင်း အားနည်း နိုင်ပေမယ့် မင်းထက် ၀မ်းစာပြည့်တယ်ကွ... မင်း အရောင် အကြောင်း ဘာသိလဲ... လေးအောက် အကြောင်း ဘာသိလဲ... ကွန်ပိုစေးရှင်းဆိုတာ ဘာလဲ... လူတိုင်းလည်းကြိုက် ပညာရှင်တွေ ကြိုက်တဲ့ ဒီဇိုင်း မင်း ဖန်တီးနိုင်လို့လား ဟေ့ရောင်...

ဟေ့ရောင်... မင်း မာန်မတက်နဲ့...
ဟေ့ရောင်...
အဟောင်းတွေ အသစ်ဖြစ်ပါစေ...
http://blog.mghla.net/2007/08/blog-post_16.html



ဟေ့ရောင် မောင်လှ...
ကိုယ့်အလုပ် ကိုယ်လုပ်ပါ...
မင်း... သူများတကာကို အပြစ်ပြောဖို့ပဲ မစဉ်းစားနေနဲ့...
ဘေးထိုင် ဘုပြော လုပ်မနေနဲ့ ဟေ့ရောင်...  

ထပ်ပြောမယ်...
ဟေ့ရောင် မောင်လှ... ကိုယ့်အလုပ် ကိုယ်လုပ်ပါ...

မှတ်ချက် -၂၂-စက်တင်ဘာ-၂၀၁၂ မှာ ထပ်ဖြည့်သည်...




ဟေ့ရောင် မောင်လှ...

ကိုယ့်ရဲ့ Level ကို ကိုယ့်ဘာသာ ကိုယ်မြှင့်တင်ရမယ်ဆိုတာ မှန်တယ်ကွ... မင်းလုပ်နေတဲ့ပုံက အခြားသူတွေ မကောင်းပြော၊ ကိုယ် ပိုကောင်း ပိုတတ်ကြောင်း ပါးစပ်နဲ့ပဲ ပြောပြီး အခြားသူခေါင်းပေါ်တက်နင်းပြီး Level တက်ဖို့ မကြိုးစားနဲ့ကွ...
မင်းလုပ်ပုံတွေ မင်းပြန်ကြည့်ပြီး ဟုတ်မဟုတ် သေချာပြန်စဉ်းစား ဟေ့ရောင် မောင်လှ
7th Mar 2013 တွင်ရေးခဲ့သည်...

ဟေ့ရောင် မောင်လှ...
မင်းသူများ မကြိုက်တာကိုတော့ မကြိုက်မှန်းသိရဲ့နဲ့ ခဏ ခဏ စတယ်...
သူများ ဘဝ ပျက်နိုင်တဲ့ ကိစ္စကို ခဏ ခဏ စတယ်...
သူများ ပြန်စတာလေးကြတော့ စိတ်ဆိုးတယ်...
အဲဒီလို စိတ်ဆိုးတတ်ရင် မစနဲ့ကွ...
မင်းစ သလို သူတို့ကလည်း စိတ်ဆိုးမှာပဲ...
စတတ်တဲ့ အကျင့်ကို ဖျောက်ကွ...
မဖျောက်နိုင်ရင်လည်း ကိုယ်လည်း ပြန်အစခံရနိုင်တယ်ဆိုတာ မှတ်ထားဦး...
စိတ်မဆိုးတတ်အောင်လည်း ကိုယ့်စိတ်ကို ပြင်ဦးကွ...

8th March 2013 တွင် ကိုယ့်ကို ကိုယ် သတိပေးသည်...

ဟေ့ရောင် မောင်လှ... အဖွဲ့အစည်းအတွင်းကလူတွေ ဘာတွေပဲ ပြောပါစေ... ဘယ်လို ဂျစ်ကပ်ကပ်ပြောပါစေ...
ကိုယ့် customer တွေ အဆင်ပြေဖို့အတွက်သာ လုပ်ဆောင်နေတယ်လို့သာ မှတ်ပါကွာ...
အချိန်က စကားပြောပါလိမ့်မယ်ကွာ...

4th Nov 2014 တွင် ကိုယ့်ကို ကိုယ် သတိပေးသည်...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...