Saturday, November 1, 2014

တစ်ဘဝနဲ့ ဆလံပဲ

တစ်ခါက လူတယောက်သည် သေဆုံးပီးနောက် သူ၏၀ိညာဉ်သည် နတ်ပြည်သို့ရောက်သွား၏။ ထို့နောက် တံခါးဝတွင်သိကြားမင်း နှင့်တွေ့ဆုံလေသည်။ သိကြားမင်းမှ
"ကျုပ်သင့်ဘ၀မှတ်တမ်းစာအုပ်ကိုကြည့်ပီးပါပီ..အခုနတ်ပြည်မှကြိုဆိုပါတယ်... ဒါပေမဲ့မ၀င်ခင်တစ်ခုမေးမယ်... အချစ် ကိုစာလုံးပေါင်းပြရမယ်"
သို့နှင့် ထိုသူလည်း L O V E ဟုစာလုံးပေါင်းပြနိုင်သဖြင့် ၀င်ခွင့်ရရှိသွားသည်။
သို့သော် နတ်ပြည်တွင်းသို့ သူဝင်ခါနီးတွင်သိကြားမင်း က
အရေးပေါ် နတ်အစည်းအဝေးရှိသဖြင့် သူ့အားဂိတ်ပေါက်ကို ခဏစောင့်ခိုင်းပြီး လာသမျှလူကို ....
"အချစ်" စာလုံးကိုပေါင်းခိုင်းရန်၊ မပေါင်းနိုင်ပါက၀င်ခွင့်မပေးရန်မှာကြားပီး ထွက်သွားလေသည်။
သိကြားမင်း ထွက်သွားပီး မကြာမီ ထိုသူ၏ဇနီးသည်နတ်ပြည်ဝင်ပေါက်ဝ.သို့ရောက်လာသည်။ သူမဘာလာလုပ်လဲဆိုတာကို အံသြနေ၏။
"မင်းဘယ်လိုဖြစ်ပီးရောက်လာတာလဲ"
"ကျမအခုပဲ ကားတိုက်ပီးရောက်လာတာ...ရှင်ရောဘာလုပ်နေတာလဲ"
" သိကြားမင်းကငါ့ကိုခိုင်းထားလို့...ဒီကိုရောက်လာတဲ့သူတွေကို စာလုံးပေါင်းမှန်မှပေးဝင်ရမယ်တဲ့..မင်းဝင်ချင်ရင်စာလုံးပေါင်းပြရမယ်.."
"ဘာစာလုံးလဲ..??"
ထိုအခါ ဂိတ်ဆောင့် တာဝန်ကျ ဖြစ်တဲ့... သူမယောက်ကျားပြောလိုက်တာက.......
"ချက်ကိုဆိုလိုဗားကီးယား"....................တဲ့
တိန်........
Czechoslovakia))))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...