Wednesday, March 6, 2013

အင်္ဂလိပ်စာ ရေးနည်းအဖြာဖြာ (Cover Letter)

Myanmar Volunteer
ယနေ့ခေတ် အချိန်တွင် ပြောင်းလဲ တိုးတက်နေသော ကမ္ဘာကြီးနှင့် အမီ လူငယ်များသည် နိုင်ငံတကာ နှင့် ရင်ဘောင်တန်းကာ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင် နေကြသလို လုပ်ကိုင်ရန် ကြိုးစား နေကြသူများလည်း ရှိကြပါသည်။ အလုပ်နေရာတစ်ခုကို လျှောက်ထားရာတွင် Cover Letter သည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါသည်။ မိမိ၏ Cover Letter အပေါ်တွင် မူတည်၍ လုပ်ငန်းရှင်၏ ယုံကြည်အားထားမှုကို ရရှိနိုင်ပါသည်။ သို့ပါ၍ လူငယ်များ အလုပ် လျှောက် ထားရာတွင် အရေးပါသည့် Cover Letter ရေးသားခြင်း ပုံစံကို ဝေမျှလိုက်ပါသည်။

Flat 3
19 Strangelands Road
London
NE23 6zB
Tel 0207 337 34789
20 January 2012
Mrs. F Hunter
Human Resources Manager
Timson Office Supplies
Unit 5 Males Industrial Estate
Cambridge CB7 9HD

Dear Mrs. Hunter

Senior Accounts Clerk
I am writing to apply for the post of senior accounts clerk advertised in the Cambridge Evening News of 17 January.
As you will see from my enclosed CV I am currently an accounts clerk in a medium-sized printing firm. In addition to my normal bookkeeping duties, I am responsible for invoicing and chasing up late payments. I also deal with credit checks on potential customers.

I am committed to pursuing a career in management accounting and am currently studying for further professional qualifications by distance learning. I am particularly interested in your post as it would enable me to gain experience of working in a larger development that this brings. In addition to my skills and experience as an accounts clerk, I would bring to the post a proven ability to deal successfully and tactfully with customers and clients.

I am available for interview for the next three weeks.

I look forward to hearing from you.

Yours sincerely
------------------
Dilip Patel
Enc.CV

မိမိ၏နာမည်နှင့် လိပ်စာကို စာ၏ ညာဘက် ထိပ်ထောင့်တွင်ရေးသားပါ။ ရက်စွဲကို ဖော်ပြထားသော ပုံစံအပြင် January 20 2012, 20/1/12 (BrE), 1/2/12 (NAmE) ပုံစံများဖြင့်လည်း ရေးသားနိုင်ပါသည်။ မိမိ၏ စာကို တင်ပြမည့်သူ၏ အမည်နှင့် လိပ်စာကို ဘယ်ဘက်ထောင့်မှာ ဆက်လက်ရေးသားပါ။ အကယ်၍ အမည် မသိရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူ၏ ရာထူး၊ နေရာ (ဥပမာ - Human Resources Manager) စသည်ဖြင့် အစဉ်တိုင်းရေးသားပါ။ လျှောက်ထားမည့် ရာထူး၊ နေရာ ကို အလုပ်ကြေငြာစာတွင် ဖော်ပြသည့်အတိုင်း တိတိကျကျ ဖော်ပြလျှောက်ထားရပါမည်။ လျှောက်လွှာရေးသားရာတွင် I'm ဟု ရေးသားခြင်းကို ရှောင်ကြည်ရမည်ဖြစ်ပြီး I am ဟုသာ ရေးသား ရပါမည်။ စာတွင် တင်ပြသူကို အမည်နှင့်ကို ဖော်ပြရေးသားထားလျှင် Your sincerely ဟုရေးသားနိုင်ပြီး အမည် မဖော်ပြဘဲ Dear Sir/ Madam ဟုရေးသားပါက Your faithfully ဟု ရေးသား ရပါမည်။ ထပ်တွဲ တင်ပြလိုသော စာရွက် စာတမ်းများကို Enc. သို့မဟုတ် encl. ဟုရေးသားပြီး ပါရှိမည့် စာရွက်စာတမ်းများ၏ အမည်များကို ရေးသား ဖော်ပြရပါမည်။
ပထမစာပိုဒ်တွင် စာ၏ရည်ရွယ်ချက်ကို ဖော်ပြပေးရပါမည်။ မည်သည့် နေရာ၊ ရာထူးကို လျှောက်ထားလိုသည် မည်သည့်နေရာ မှ မည်သို့ သတင်းအချက်အလက် ရရှိသည် (ဥပမာ- တီဗွီ၊ သတင်းစာ၊ အင်တာနက်စာမျက်နှာ အစရှိသဖြင့်) ရေးသားရပါမည်။
ဒုတိယစာပိုဒ်တွင် လက်ရှိအလုပ်လုပ်ကိုင် နေပါက လုပ်ရှိအလုပ်၏ ရာထူး၊ နေရာ နှင့် ၎င်းနှင့်ပတ်သက်သော တာဝန်၊ ဝတ္တရားများကို ဖော်ပြပေးရမည်။ လက်ရှိလျှောက်ထားသော ရာထူး၊ နေရာနှင့် ဆက်စပ် ပက်သက်ကြောင်းဖော်ပြနိုင်ရပါမည်။ လက်ရှိ အလုပ်လုပ်ကိုင်နေသူ မဟုတ်ပါက နောက်ဆုံး လုပ်ခဲ့သော အလုပ် အကြောင်းကို အထက်ပါအတိုင်း ဖော်ပြပေးရပါမည်။
တတိယစာပိုဒ်တွင် မည်သည့် အတွက်ကြောင့် ဤ ရာထူးကို လျှောက်ထားလိုသည်၊ ၎င်းအတွက် မိမိက မည်သို့တာဝန်ထမ်းဆောင်နိုင်သည်ကို ဖော်ပြပေးရပါမည်။ လျှောက်ထားသည့် လုပ်ငန်းနေရာ အတွက် မိမိက မည်မျှ ဆောင်ရွက်ပေးနိုင်သည်ကို ဖော်ပြရန်မှာ အလွန်အရေးကြီးပါသည်။
စတုတ္ထစာပိုဒ်တွင် အခြားဆက်စပ်သော အချက်အလက်များနှင့် မည်သည့်အချိန်တွင် အင်တာဗျူး ဝင်ရောက်နိုင်သည်ကို ဖော်ပြပေးရပါမည်။
စာရေးသားရာတွင် အောက်ပါ စာသားများကို လိုအပ်သလို အစားထိုး သုံးစွဲနိုင်ပါသည်။
Since graduation form ……, I have………
I have considerable/ extensive experience in (the field of ……)
I consider/ feel that my qualifications and work experience could/ might be of interest to the company.
If called for (an) interview, I would be available at any time convenient for you.
Please find attached a copy of my curriculum vitae/ resume for your consideration.
I look forward to hearing from you in due course.
အလုပ်လျှောက်ထားကြမည့် လူငယ်များ လိုအပ် သလိုအသုံးပြုကာ လုပ်ငန်းခွင် ဝင်နိုင်ကြပါစေ….

အောင်ကိုဦး (UMK)

Aung Ko Ko Oo
Assistant English Language Teacher
U Mya Kyaing English Language School
Phone: (95) 9 421752568
Email: siraungkou.umk@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...