Thursday, March 21, 2013

အဓိကရုဏ်းဖန်တီးလိုတဲ့သူတွေ ပစ်မှတ်ထားရခြင်းအကြောင်းရင်း

မွတ်ဆလင်တွေကို မြန်မာနိုင်ငံမှာ အဓိကရုဏ်းဖန်တီးလိုတဲ့သူတွေပစ်မှတ်ထားရခြင်းအကြောင်းရင်းက ၃ ချက် လို့မြင်ပါတယ်။

(၁) ဗမာတွေရဲ့ အမျိုးသားသိက္ခာညှိုးနွမ်းခဲ့ရတဲ့ ကိုလိုနီခေတ်တစ်လျှောက်လုံး အိန္ဒိယနွယ်ဖွားတွေနဲ့ မွတ်ဆလင်တွေက အင်္ဂလိပ်တွေအောက် ဗမာတွေရဲ့အထက်လွှာဆိုတဲ့ပုံစံကို စီးပွားရေးမှာ ရယူနိုင်ခဲ့တယ်။ အင်္ဂလိပ်နဲ့အတူဝင်လာတဲ့တိုင်းတစ်ပါးသားဖြစ်ပြီး အာရှသားချင်းအတူတူ တစ်မူးပိုရှုနိုင်ခဲ့တယ်။ ဒါ့အပြင် မြန်မာတွေဟာ ဟင်ဒူချစ်တီးတွေရဲ့ ဒဏ်ကို တော်တော်ခံခဲ့ရဖူးတယ်။ ဒီအတွက် ရန်ငြိုးရှိတယ်။ အခုထိ မပြေနိုင်သေးဘူးဆိုတဲ့အဓိပ္ပါယ်။ 

(၂) ဗမာပြည်ဟာ အမျိုးသားရေးလက်ယာဝါဒထွန်းကားလွယ်တဲ့တိုင်းပြည်ဖြစ်တယ်။ သမိုင်းမှာ အစဉ်အလာလက်နက်နိုင်ငံတော်တွေထူထောင်ခဲ့တာမို့ ဒီစိတ်ရှိတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဂျာမန်နိုင်ငံတော်ကြီးမှာ စီးပွားရေးလုပ်ငန်းတွေက ဂျူးတွေလက်အောက်ကျရောက်နေရပြီး ဂျာမန်တွေသိမ်ငယ်တွေရတဲ့အခါမှာ ဟစ်တလာပေါ်ထွက်လာခဲ့တယ်။ တစ်ကယ်တမ်းတော့ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ ဂျာမန်တွေရဲ့ ထွက်ပေါက်အဖြစ်ဟစ်တလာပေါ်ထွက်လာခဲ့တာပဲ။ အခုလဲ ဗမာတွေဟာ အာဏာရှင်သန်းရွှေနဲ့ နေဝင်းတို့ရဲ့ ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေးအောက်မှာ သိမ်ငယ်နေရတယ်။ နောက်ပြီး ပင်ကိုသဘာဝအရ စီးပွားရေးလုပ်ငန်းမှာ ပိုမိုကျင်လည်တဲ့ တရုတ်၊ကုလားတွေအောက် ကျနေရတယ်။ ဒီအချက်တွေဟာ အမျိုးသားရေးဝါဒကို ပိုမိုတွန်းအားပေးနေစေတယ်။ အခု အဲ့ဒါကိုကိုင်ပြီး ပါတီလုပ်လာရင် လူကြိုက်များဦးမှာပဲ။ 

(၃) တရုတ်နဲ့မွတ်ဆလင်မတူတဲ့အချက်က တရုတ်ကစီးပွားရေးပဓာနဖြစ်ပြီး ဘယ်ယဉ်ကျေးမှုနဲ့မဆို ရောနှောလွယ်တယ်။ မွတ်ဆလင်က ဘာသာရေးစည်းမျဉ်းတွေကြောင့် အမြဲလိုလို သီးခြားအုပ်စုဖြစ်လေ့ရှိတယ်။ ဒီလိုသီးခြားဆန်ခြင်းကြောင့် ကျန် Community တွေက သံသယရှိမှုကိုခံရလေ့ရှိတယ်။ ဒီအချက်ကို မြန်မာတင်မဟုတ်ဘဲ မွတ်ဆလင်တွေလူနည်းစုဖြစ်နေတဲ့တိုင်းပြည်တိုင်းမှာ လေ့လာနိုင်ပါတယ်။ 

ဒီအချက်တွေကြောင့်မို့ မြန်မာမှာ မတည်ငြိမ်မှုကို ဖန်တီးလိုရင် မွတ်ဆလင်တွေရဲ့သီးခြားဆန်မှု၊ဘာသာေ၇းအယူသီးမှု (Isolated social identity and high religious sensitivity) နဲ့ ဗမာတွေရဲ့ နိမ့်ပါးနေမှုကို မလိုချင်တဲ့ အမျိုးသားရေးဒေါသ (Nationalism) ကို အပြန်အလှန်ကစားပြီး မွတ်ဆလင်တွေဟာ အမြဲတမ်း သားကောင်ဖြစ်လေ့ရှိတယ်။ ဒါကို မွတ်ဆလင်တွေကလဲ နားမလည်ဘဲ သွေးကြွချင်သလို၊ ဗမာတွေထဲကလဲ ကိုယ့်ရဲ့ ရင်ထဲက ဒေါသအင်အားကို တိုင်းပြည်တည်ဆောက်ရေးအတွက် အသုံးမချဘဲ တစ်လွဲအသုံးချနေကြဆဲလို့ မြင်နေမိတယ်။ ဦးဆောင်မှုကောင်းကောင်းနဲ့ မတည့်မတ်နိုင်ရင် ဒီပြဿနာကို ဖြေရှင်းဖို့ တော်တော်အားယူရဦးမယ်။

မွတ်ဆလင်တွေကို မြန်မာနိုင်ငံမှာ အဓိကရုဏ်းဖန်တီးလိုတဲ့သူတွေပစ်မှတ်ထားရခြင်းအကြောင်းရင်းက ၃ ချက် လို့မြင်ပါတယ်။
(၁) ဗမာတွေရဲ့ အမျိုးသားသိက္ခာညှိုးနွမ်းခဲ့ရတဲ့ ကိုလိုနီခေတ်တစ်လျှောက်လုံး အိန္ဒိယနွယ်ဖွားတွေနဲ့ မွတ်ဆလင်တွေက အင်္ဂလိပ်တွေအောက် ဗမာတွေရဲ့အထက်လွှာဆိုတဲ့ပုံစံကို စီးပွားရေးမှာ ရယူနိုင်ခဲ့တယ်။
အင်္ဂလိပ်နဲ့အတူဝင်လာတဲ့တိုင်းတစ်ပါးသားဖြစ်ပြီး အာရှသားချင်းအတူတူ တစ်မူးပိုရှုနိုင်ခဲ့တယ်။ ဒါ့အပြင် မြန်မာတွေဟာ ဟင်ဒူချစ်တီးတွေရဲ့ ဒဏ်ကို တော်တော်ခံခဲ့ရဖူးတယ်။ ဒီအတွက် ရန်ငြိုးရှိတယ်။ အခုထိ မပြေနိုင်သေးဘူးဆိုတဲ့အဓိပ္ပါယ်။

(၂) ဗမာပြည်ဟာ အမျိုးသားရေးလက်ယာဝါဒထွန်းကားလွယ်တဲ့တိုင်းပြည်ဖြစ်တယ်။ သမိုင်းမှာ အစဉ်အလာလက်နက်နိုင်ငံတော်တွေထူထောင်ခဲ့တာမို့ ဒီစိတ်ရှိတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် ဂျာမန်နိုင်ငံတော်ကြီးမှာ စီးပွားရေးလုပ်ငန်းတွေက ဂျူးတွေလက်အောက်ကျရောက်နေရပြီး ဂျာမန်တွေသိမ်ငယ်တွေရတဲ့အခါမှာ ဟစ်တလာပေါ်ထွက်လာခဲ့တယ်။ တစ်ကယ်တမ်းတော့ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ ဂျာမန်တွေရဲ့ ထွက်ပေါက်အဖြစ်ဟစ်တလာပေါ်ထွက်လာခဲ့တာပဲ။ အခုလဲ ဗမာတွေဟာ အာဏာရှင်သန်းရွှေနဲ့ နေဝင်းတို့ရဲ့ ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေးအောက်မှာ သိမ်ငယ်နေရတယ်။ နောက်ပြီး ပင်ကိုသဘာဝအရ စီးပွားရေးလုပ်ငန်းမှာ ပိုမိုကျင်လည်တဲ့ တရုတ်၊ကုလားတွေအောက် ကျနေရတယ်။ ဒီအချက်တွေဟာ အမျိုးသားရေးဝါဒကို ပိုမိုတွန်းအားပေးနေစေတယ်။ အခု အဲ့ဒါကိုကိုင်ပြီး ပါတီလုပ်လာရင် လူကြိုက်များဦးမှာပဲ။

(၃) တရုတ်နဲ့မွတ်ဆလင်မတူတဲ့အချက်က တရုတ်ကစီးပွားရေးပဓာနဖြစ်ပြီး ဘယ်ယဉ်ကျေးမှုနဲ့မဆို ရောနှောလွယ်တယ်။ မွတ်ဆလင်က ဘာသာရေးစည်းမျဉ်းတွေကြောင့် အမြဲလိုလို သီးခြားအုပ်စုဖြစ်လေ့ရှိတယ်။ ဒီလိုသီးခြားဆန်ခြင်းကြောင့် ကျန် Community တွေက သံသယရှိမှုကိုခံရလေ့ရှိတယ်။ ဒီအချက်ကို မြန်မာတင်မဟုတ်ဘဲ မွတ်ဆလင်တွေလူနည်းစုဖြစ်နေတဲ့တိုင်းပြည်တိုင်းမှာ လေ့လာနိုင်ပါတယ်။

ဒီအချက်တွေကြောင့်မို့ မြန်မာမှာ မတည်ငြိမ်မှုကို ဖန်တီးလိုရင် မွတ်ဆလင်တွေရဲ့သီးခြားဆန်မှု၊ဘာသာေ၇းအယူသီးမှု (Isolated social identity and high religious sensitivity) နဲ့ ဗမာတွေရဲ့ နိမ့်ပါးနေမှုကို မလိုချင်တဲ့ အမျိုးသားရေးဒေါသ (Nationalism) ကို အပြန်အလှန်ကစားပြီး မွတ်ဆလင်တွေဟာ အမြဲတမ်း သားကောင်ဖြစ်လေ့ရှိတယ်။ ဒါကို မွတ်ဆလင်တွေကလဲ နားမလည်ဘဲ သွေးကြွချင်သလို၊ ဗမာတွေထဲကလဲ ကိုယ့်ရဲ့ ရင်ထဲက ဒေါသအင်အားကို တိုင်းပြည်တည်ဆောက်ရေးအတွက် အသုံးမချဘဲ တစ်လွဲအသုံးချနေကြဆဲလို့ မြင်နေမိတယ်။ ဦးဆောင်မှုကောင်းကောင်းနဲ့ မတည့်မတ်နိုင်ရင် ဒီပြဿနာကို ဖြေရှင်းဖို့ တော်တော်အားယူရဦးမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...