Thursday, March 21, 2013

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ လက်မှတ် (Foreign Exchange Certificate- FEC) များနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခြင်း

Friday, March 22, 2013

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်
ကြေညာချက် အမှတ်၊ ၁/၂ဝ၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁ဝ ရက်
(၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်)
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ လက်မှတ် (Foreign Exchange Certificate-FEC) များကို ပြန်လည် ရွေးနုတ်ယူရာတွင် လက်ဝယ် ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံး နစ်နာမှု မရှိစေရေး အတွက် ဆောင်ရွက်မည့် အစီအစဉ် ကြေညာခြင်း

၁။ ၂၇-၁-၁၉၉၃ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် ၄/၉၃ ၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ လက်မှတ်များကို ၄- ၂- ၁၉၉၃ ရက်နေ့မှ
စ၍ ထုတ်ဝေခဲ့ပါသည်။

၂။ နိုင်ငံတော်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်ကို အပြည့်အဝ ပြုပြင်ပြောင်းလဲမှု မပြုလုပ် သေးမီ ကမ္ဘာလှည့် ခရီးသည်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများနှင့် နိုင်ငံခြားငွေ ကိုင်တွယ် အသုံးပြု၍ လုပ်ငန်း ဆောင်ရွက်ရသော စီးပွားရေး ကဏ္ဍများအတွက် အဆင်ပြေ ချောမွေ့စေ ရန် ရည်ရွယ်ချက်ဖြင့် ကနဦး ငွေရေးကြေးရေး
ပြောင်းလဲမှု အဆင့်အဖြစ် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ လက်မှတ်များ ထုတ်ဝေပြီး ပြည်တွင်း၌ သုံးစွဲခွင့်ပြု ခဲ့ပါသည်။

၃။ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ လဲလှယ်နှုန်း
ပေါင်းစည်းရေး အစီအစဉ် ချမှတ်ပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်း စနစ်အား ထိန်းကျောင်းမှု ရှိသည့် ဈေးကွက်ကို အခြေ ခံ သော နှုန်းရှင်ငွေ လဲလှယ်နှုန်းစနစ် (Managed Floating Exchange Rate Regime) ကို ၁-၄-၂ဝ၁၂ ရက်နေ့မှ စ၍ စတင်ကျင့်သုံး ခဲ့ပါသည်။ ၁ဝ- ၈- ၂ဝ၁၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၁၂ ဖြင့်
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။

၎။ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ တရားဝင် ရောင်းဝယ်သော ဈေးကွက် ဖြစ်ပေါ်လာစေရေးနှင့် နိုင်ငံခြား
ငွေကြေးဈေးကွက် စနစ်တကျ တိုးတက် ဖွံ့ဖြိုးစေရန် ဥပဒေနှင့် အညီ
အောက်ပါအတိုင်း ဆောင်ရွက်လျက် ရှိပါသည်-

(က) နိုင်ငံခြားသုံးငွေ လုပ်ငန်း တစ်မျိုးမျိုးကို လုပ်ကိုင်ခွင့်ရရှိရန်
လျှောက်ထားပါက စိစစ်ပြီး လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း၊

( ခ) ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို အခြေခံသည့် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို နေ့စဉ် ထုတ်ပြန် ကြေညာခြင်း၊

( ဂ) နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူများနှင့် စပ်လျဉ်း၍-

(၁) ဘဏ်များအကြား ငွေကြေး ဈေးကွက်တွင် ပါဝင်ဆောင်ရွက် ခွင့်ပြုခြင်း၊

(၂) နိုင်ငံခြား သုံးငွေကို အများပြည်သူနှင့် သတ်မှတ်ချက်များ နှင့်အညီ ရောင်းဝယ် ခွင့်ပြုခြင်း၊

(၃) လက်ရောက် လွှဲပြောင်းခြင်းမှ တစ်ပါး နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့် လွှဲပြောင်းခြင်းများ ကို ကြားခံအဖြစ် ဆောင်ရွက်ခွင့် ပြုခြင်း၊

(၄) နိုင်ငံခြားငွေကို စာရင်းပြောင်း နည်းဖြင့် ရောင်းဝယ်ခွင့်ပြုခြင်း။

(ဃ) လိုင်စင်ရ ငွေလဲကောင်တာ အသီးသီးတွင် အမေရိကန် ဒေါ်လာ ၁ဝ,ဝဝဝ အထိ လည်း ကောင်း၊ ယင်းတန်ဖိုးနှင့် ညီမျှသော ယူရိုနှင့် စင်ကာပူ ဒေါ်လာများကို လည်းကောင်း လွတ်လပ် စွာ ရောင်းဝယ် ခွင့်ပြုခြင်း။

၅။ အပိုဒ် ၄ ပါ ဆောင်ရွက်ချက်များ အရ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ တိုးတက် ပြောင်းလဲလျက်ရှိသည် နှင့်အညီ နိုင်ငံခြားငွေလက်မှတ် ကြားခံထားရှိရန် မလိုအပ် တော့ သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၁- ၄- ၂ဝ၁၃ ရက်နေ့မှ ၃ဝ- ၆- ၂ဝ၁၃ ရက်နေ့ အထိ ရက်ပေါင်း ၉ဝ ကာလအတွင်း နိုင်ငံခြားငွေ လက်မှတ်ကို အောက်ပါ အစီအစဉ် အတိုင်း စနစ်တကျ ပြန်လည် ရွေးနုတ်ယူမည် ဖြစ်ပါသည်-

(က) နိုင်ငံခြားငွေ လက်မှတ် လက်ဝယ်ရှိသူနှင့် ပိုင်ဆိုင်သူသည် နိုင်ငံခြား သုံးငွေများ ရောင်း ဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူထံတွင် နိုင်ငံခြားငွေ လက်မှတ်များကို ငွေသား ဖြင့် လဲလှယ်ရမည်၊

( ခ) သက်ဆိုင်ရာ နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူသည် အောက်ပါအချက် တစ်ရပ်ရပ်ကို နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ၏ ဆန္ဒနှင့် အညီ ဆောင်ရွက် ပေးနိုင်သည်-

( ၁) နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ စာရင်းဖွင့်လှစ်ထားသော ဘဏ်ရှိ အမေရိကန် ဒေါ်လာငွေစာရင်းသို့ ထည့်သွင်းပေးခြင်း၊

( ၂) နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ အမည်ဖြင့် ဘဏ်တွင် ဆိုင်ရာ နိုင်ငံခြားငွေ စာရင်း အသစ် ဖွင့်လှစ် ထည့်သွင်းခြင်း၊

( ၃) ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်းငွေ လဲနှုန်းကို အခြေခံသော ငွေလဲ ကောင် တာ များ၏ နိုင်ငံခြားငွေ ဝယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက် ရရှိသော ကျပ်ငွေကို လဲလှယ် သူ ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းခြင်း၊

( ၄) နိုင်ငံခြားငွေလက်မှတ် လဲလှယ်သူအမည်ဖြင့် သက်ဆိုင်ရာ ဘဏ်တွင် ကျပ်ငွေစာရင်း အသစ် ဖွင့်လှစ် ထည့်သွင်းခြင်း သို့မဟုတ် ကျပ်ငွေဖြင့် ငွေသားထုတ်ပေးခြင်း။

( ဂ) နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရ ဘဏ်များသည် နိုင်ငံခြားငွေ လက်မှတ်လဲလှယ်သူ များက သတ်မှတ် ကာလအတွင်း လာရောက် အပ်နှံသည့် နိုင် ငံခြားငွေ လက်မှတ်များကို လဲလှယ်ပေးနေသည့် ကာလအတွင်း၌ ဖြစ်စေ၊ ယင်းကာလ ပြီးဆုံးချိန်၌ ဖြစ်စေ နိုင်ငံခြားငွေ လက်မှတ်များကို ဗဟိုဘဏ်သို့ အပ်နှံနိုင်သည်၊

(ဃ) နိုင်ငံခြားငွေ လက်မှတ်များကို လဲလှယ်ပေးရန် သတ်မှတ်သည့် ကနဦး ကာလပြီးဆုံး သည့် ၁- ၇- ၂ဝ၁၃ ရက်နေ့မှစ၍ နိုင်ငံခြားငွေ လက်မှတ်များ သုံးစွဲခွင့် မပြုတော့ပါ၊

( င) နိုင်ငံခြားငွေ လက်မှတ်များကို လဲလှယ်ပေးသည့် ကနဦး သတ်မှတ် ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် အပ်နှံလဲလှယ်နိုင်ခြင်း မရှိသူများအတွက် ၁- ၇- ၂ဝ၁၃ ရက်နေ့မှ ၃၁- ၃- ၂ဝ၁၄ ရက်နေ့အထိ ကာလကို အထူးကိစ္စ တစ်ရပ်အနေဖြင့် သတ်မှတ် ဆောင်ရွက် ပေးနိုင်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန် နိုင်ငံခြားငွေ လက်မှတ် လဲလှယ် လိုသူသည် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိ သည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များတွင် အောက်ပါ အချက်များကို တင်ပြရမည်-

(၁) နိုင်ငံခြား ငွေလက်မှတ် လဲလှယ်မည့်သူ၏ ကိုယ်ရေး အချက်အလက်များ၊

(၂) ၁- ၄- ၂ဝ၁၃ ရက်နေ့မှ ၃ဝ- ၆- ၂ဝ၁၃ ရက်နေ့အထိ ကာလအတွင်း အပ်နှံလဲလှယ်ခြင်း မပြုနိုင်သည့် ခိုင်လုံသော အကြောင်းပြချက် ဖော်ပြထားသည့် စာဖြင့် တင်ပြချက်။

၆။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်သူများ လက်ဝယ်ထားရှိ ပိုင်ဆိုင်သော နိုင်ငံခြားငွေ လက်မှတ်များ ပြန်လည် ရွေးနုတ်ခြင်းကို ကနဦး သတ်မှတ် ကာလဖြစ်သည့် ၁- ၄- ၂ဝ၁၃ ရက်နေ့မှ ၃ဝ- ၆- ၂ဝ၁၃ ရက်နေ့အထိ ကာလ၌ သော်လည်းကောင်း၊ ခိုင်လုံသော အကြောင်း
ပြချက် ဖြင့် အထူးကိစ္စရပ် အနေဖြင့် ဆောင်ရွက်ပေးမည့် ၁- ၇- ၂ဝ၁၃ ရက်နေ့မှ ၃၁- ၃- ၂ဝ၁၄ ရက်နေ့ အထိ ကာလ၌ သော်လည်းကောင်း
နိုင်ငံခြားငွေ လက်မှတ်အပ်နှံ လဲလှယ် ခြင်းကို ဆောင်ရွက် ပေးမည်ဖြစ်ပြီး ယင်းသတ်မှတ် ကာလ ကျော်လွန်ပါက နိုင်ငံခြားငွေ လက်မှတ်အပ်နှံ လဲလှယ်ခြင်း ကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

မြဝတီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...