Thursday, March 21, 2013

နွေးထွေးမှုပျောက်ဆုံးစေသော အရာများ

Myanmar News Update's photo.
မနေ့ကတုန်းက ကျွန်တော့်အိမ်အတွက် မီးပလပ်ပေါက်ဝယ်ဖို့ ဆိုင်တစ်ဆိုင်ကိုရောက်သွားတယ်...လိုချင်တဲ့မီးပလပ်ပေါက်က ရှစ်ပေါက်ပါတာလိုချင်တာ ဆိုင်မှာရှိနေတာက ခြောက်ပေါက်ပဲရှိတယ်။
အဲဒါနဲ့ ဘေးနားကအရောင်းစာရေးမလေးကို မေးကြည့်တယ်..
တစ်ခါမေးတယ် သူမကြားသလိုပဲ သူ့ဖုန်းကိုငုံ့ကြည့်ရင်း ဖုန်းကို ဟိုပွတ်ဒီပွတ်လုပ်နေတယ်....နောက်တစ်ခါ ကျွန်တော်ထပ်မေးတယ် မဖြေဘူး အင်း...ဆိုတဲ့ စကားတစ်ခွန်းပဲထွက်ပြီး ဖုန်းကိုပဲဆက်သုံးနေတယ်...
ကျွန်တော့်အနားနားကပ်ပြီး သူ့ဖုန်းကိုမသိမသာကြည့်လိုက်တော့...ဖေ့ဘုတ်သုံးနေတာကိုး....ကျွန်တော်စိတ်မရှည်တော့တာနဲ့ အဲဒီဆိုင်မှာမ၀ယ်တော့ဘူး ပြန်ထွက်လာခဲ့တယ်။
ကျွန်တော်ပြန်ထွက်သွားတာကို သူသိပုံမပေါ်ပါဘူး...သူ့ဖုန်းကိုပဲအာရုံစိုက်နေတယ်....ကျွန်တော် စိတ်တိုမိတယ်..ဘယ့်နှယ် သူတို့ဆိုင်ကိုလာအားပေးတဲ့ customer တစ်ယောက်ကို ဂရုမစိုက်တာကတော့ မကောင်းဘူးပေါ့....
အရင်က အဲလိုမဟုတ်ပါဘူး...ဘာပဲသွားဝယ်ဝယ် ပျုပျုငှာငှာရှိတဲ့စာရေးမလေးပါ....အခုတော့ ကျွန်တော်တို့လို ဈေးဝယ်သမားတွေက သူ့ဖုန်းလောက်တောင် စိတ်ဝင်စားစရာမကောင်းတော့ပါဘူး....

ကျွန်တော်တို့သူငယ်ချင်းအတူတူဆုံဖြစ်တာ တစ်နေ့တစ်ခြားရှားလာပါပြီ
သူလည်းသူ့အလုပ်နဲ့သူ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ်ပေါ့
ဆုံပြန်ရင်လည်း ဟိုအကြောင်းဒီအကြောင်းပြောဖို့ဆိုတာထက် ကိုယ့်ဖုန်းကို
ကိုယ်ကိုင်ပြီးဟိုပွတ်ဒီပွတ်နဲ့ပဲ စကားဝိုင်းက သွေးအေးနေတတ်ပါတယ်...
အရင်ကဆိုရင်တော့ ကျွန်တော်တို့ဝိုင်းလေးက တစ်ယောက်တစ်ခွန်း ဟိုဟိုဒီဒီပြောကြဆိုကြနဲ့ အသက်ဝင်လွန်းလှပါတယ် ပျော်စရာလည်းကောင်းခဲ့ပါတယ်.. အခုတော့ ဒီအိုင်တီ ပစ္စည်းတွေက သူငယ်ချင်းတွေရဲ့ကြား မိသားစုတွေရဲ့ကြား ပတ်ဝန်းကျင်တွေရဲ့ကြား တကယ်ကို သွေးအေးစေတာပါ နွေးထွေးမှုတွေကို စုတ်ယူခံနေရတာပါ....
နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ပြန်ဆုံဖြစ်ရင် ကျွန်တော့်ဖုန်းလေးကို အသာဘေးချပြီး စကားတွေ နွေးနွေးထွေးထွေးပြောရင်း ပျော်လိုက်ရီလိုက်နေချင်သေးပါရဲ့..
ကျွန်တော်သာ ဈေးရောင်းတဲ့သူဖြစ်ရင်လည်း ကျွန်တော် laptop လေးကိုအသာဘေးချပြီး ၀ယ်သူစိတ်ချမ်းသာအောင် ၀န်ဆောင်မှုတွေ ပေးချင်ပါရဲ့ဗျာ.......

ကဲ...ကျွန်တော်တို့ရဲ့ အိုင်တီပစ္စည်းလေးတွေကို အသာဘေးချပြီး
နီးရက်နဲ့ဝေးနဲ့ ပတ်ဝန်းကျင်ကို အသက်ပြန်သွင်းကြရင် မကောင်းဘူးလား.....။

Moekyashweco

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...