Friday, March 29, 2013

စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ ( အပိုင်း-၁၀၂ )

Classic Burma News

''မန်းခွား'' ရောက်လာပြီးကဲ ''မန်းခွား'' ဒီဓာတ်ပုံထဲက အလောင်းက သခင် တင်ထွန်းလို့ ဘာကြောင့် မင်းပြောနိုင် ရသ လဲလို့ မေးတော့ ကျွန်တော် ပအို့ဝ်တာကလယ် အဖွဲ့က တစ်ဖက် နိုင်ငံမှာ စစ်ပညာသင်ပြီး ပြန်လာသည်။

သခင် တင်ထွန်းနှင့် တွေ့ပြီး ဗကပ အဝေးရောက် သခင် ဗသိန်းတင် ထံကနှုတ်ဖြင့် မှာလိုက်သည့် သတင်း စကားများ သွားပြောပြီး သခင်တင်ထွန်း စခန်းမှာ တစ်ည အိပ်ခဲ့သည်။ ပြန်အထွက်တွင် တပ်မတော်က ပိတ်ဆို့ ထားသည့် စစ်ကြောင်းကို ရှောင်ရင်း ကျောက်မဲဘက် အရောက်မှာ ခလရ(၂၂) ပိတ်ဆို့တဲ့ တပ်စုနှင့် တွေ့ပြီး တိုက်ပွဲဖြစ်သည်။ ကျွန်တော်တို့ ဘက်က သုံးယောက်ကျဆုံး ကျွန်တော့်အား ဖမ်းဆီးမိပြီး နှစ်ယောက်ပဲ လွတ်သွားသည်။ ဤသူ တို့ နှစ်ယောက်လည်း ခလရ(၂၂) ဖမ်းထားသည်ဟု သိရသည်။ ဒါကြောင့် သခင် တင်ထွန်းနှင့် ဇနီး ခင်မလေး တို့ကို ကောင်းစွာ သိခဲ့ပါတယ်တဲ့။ နောက်တစ်နေ့ ကကကြည်းသို့ သခင် တင်ထွန်း အကြောင်း သတင်းပို့ပြီး ရဟတ် ယာဉ်ဖြင့် ''မန်းခွား'' ကို ခေါ်ကာ အလောင်းကို သွားကြည့်သည်။

သခင်တင်ထွန်းဟု ထင်သည့် အလောင်းအား စစ်ကြောင်းမှူး ဗိုလ်ဘချစ်က ပလတ်စတစ်ဖြင့် ထုပ်၍ မြေမြှုပ် ခိုင်းမှုကြောင့် နောက်တစ်နေ့ သခင်တင်ထွန်း အလောင်းဖော်ပြီး ကြည့်သည့်အခါ ရုပ်မပျက်ဘဲ တွေ့ရသဖြင့် ''မန်းခွား'' ကချက်ချင်းပင် သခင်တင်ထွန်း ဖြစ်ကြောင်း အတည်ပြုသည်။ တောထဲ တောင်ပေါ်တွင် တိုက်ပွဲ ဖြစ်၍ ကျဆုံးသေသည့် အလောင်းများ ဆီသို့ ယင်မည်းကြီးများ ချက်ချင်းရောက်လာ တတ်ပြီး သေသည့် အလောင်း၏ မျက်စိမှစ၍ အသားနုတို့အား ယင်မည်းကြီးများ စားသဖြင့် ရုပ်လုံးဖော်၍ မရကြ။ ထို့ကြောင့် သခင်တင်ထွန်း အလောင်းဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။

ဗကပ ဗဟိုခွဲအား တိုင်းမှူး ခေါင်းဆောင်ပြီး တိုက်ခိုက်ရာမှ အံထွက်သွားသည့် ကျန်ဗကပ တို့ကို လေးဖက် လေးတန်မှ စစ်ကြောင်းများဖြင့် အတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းထားသည်။ ထို့ကြောင့် သခင် တင်ထွန်း ဗဟိုခွဲ အဖွဲ့အားလုံး တစ်ပတ်အတွင်း ဗကပ သုံးယောက်မှ အပတစ်ယောက် မကျန်အားလုံး ရရှိခဲ့သည်။

လွတ်ထွက်သွားသည့် သုံးယောက်မှာ ဗကပ ဗဟိုဆက်သား ဦးဒေါင်းကြီး၊ သခင်တင်ထွန်း သမီးကြီး ဝါဝါနှင့် သမီးငယ် တို့ဖြစ်သည်။ သခင်တင်ထွန်း စခန်းစ၍ အတိုက် ခံရသည်နှင့် ခြေဦးတည့်ရာ လျှိုကြီးထဲ ဆင်းပြေးကြ သည်။ နောက် အဖွဲ့ သုံးဖွဲ့ ကွဲသွားတော့သည်။ တစ်ဖွဲ့က သခင်တင်ထွန်း ဇနီးခင်မလေး၊ အချက်ပြစက်က နန်ယန်ကျောင်း မှ တောခိုကျောင်း ဆရာ၊ နောက်တစ်ဖွဲ့က ဗဟိုဌာနချုပ်မှ ဆက်သား လမ်းပြ ဦးဒေါင်းကြီးနှင့် သမီးနှစ်ယောက်၊ နောက် တစ်ဖွဲ့က နန်ယန်ကျောင်းမှ တောခိုသွားသည့် တရုတ်ကျောင်း ဆရာမနှင့် ၁၅ ယောက် ဖြစ်ကြပြီး ခြေဦးတည့်ရာ သို့ ပြေးကြသည်။

ပထမဆုံး သခင်တင်ထွန်း အဖွဲ့နှင့် ခလရ (၅၇)မှ ဝိုင်းထားသည့် ကွန်မန်ဒို အဖွဲ့နှင့် စ၍တိုက်ပွဲ ဖြစ်သည်။ သခင်တင်ထွန်း ဇနီးနှင့် ခြောက်ယောက်ကို နောက်တစ်နေ့တွင် ရသည်။ နောက်ဒုတိယ အဖွဲ့သည် ခြေဦး တည့်ရာ လျှိုမြောင်ထဲ ဆင်းပြေးရာ ဝက်ဖွီရွာနား ရောက်သောအခါ တပ်မတော်က ဝိုင်းထားသည့် အတွက် နီးစပ်ရာ စစ်ကြောင်းသို့ လက်နက်ချ အလင်းဝင်သည်။ တတိယ အဖွဲ့မှာ သခင်တင်ထွန်း သမီးနှစ်ယောက်နှင့် ဗကပ ဗဟိုဆက်သား ဦးဒေါင်းကြီး ဖြစ်သည်။ ဦးဒေါင်းသည် နယ်မြေ အလွန်ကျွမ်းသည်။ သခင်တင်ထွန်း သမီးငယ်ကို ထမ်းပြီး လမ်းပြလည်း ဖြစ်သောကြောင့် လမ်းပြကာ မန္တလေးတိုင်း မြစ်သားမြို့သို့ ဆင်းသွားကြ သည်။ မြစ်သားမြို့မှ သခင်တင်ထွန်း၏ ဇနီး ခင်မလေး၏ မိဘများရှိသည့် ရွှေဘိုမြို့သို့ သွားကြပြီး ရွှေဘိုတွင် သခင်တင်ထွန်း၏ သမီးငယ်ကို သူတို့၏ အဘိုးအဘွား ထံတွင် အပ်ခဲ့ပြီး သမီးကြီး ဝါဝါကို ဗကပ ဗဟိုလမ်းပြ ဦးဒေါင်းကြီးမှ ခေါင်းဆောင်ပြီး ဗကပ ဗဟိုနဲ့ ဌာနချုပ်သို့ ပို့သည်။

သခင်တင်ထွန်း တို့ရဲ့ ဗကပ ဗဟိုခွဲကို တိုက်ခိုက်ခံရသည့် အကြောင်းကို တင်ပြသည်။ အဖွဲ့ကွဲသွားသည့် ကျန်ဗကပ တို့သည် တပ်မတော်နှင့် ထိတွေ့မှု မရှိစေကာမူ ထမင်းငတ်ကြပြီး ကျေးရွာများသို့ ချဉ်းကပ်ကာ လက်နက်များ ချကြသည်။ အထူးသဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီတို့၏ နိုင်ငံတော်အား ရင်ဆိုင်ရန် ပြုလုပ် ထားသည့် မိုးလုံးဟိန်း ဗကပ ဗဟိုဌာနချုပ်၏ စီမံချက်ကြီးသည် ''ပန်ကျုံး'' တိုက်ပွဲမှစ၍ ပြိုပျက်ရတော့သည်။

ဤအင်တော ကျောက်ဂူအတွင်း အခြေချ လှုပ်ရှားနေသည့် ဗကပ ဗဟိုခွဲအား တပ်မတော်မှ တစ်ယောက် မကျန် တိုက်နိုင်ခဲ့သော်လည်း သင်ခန်းစာ ယူစရာ တွေကလည်း များသည်။ ဤယူရမည့် သင်ခန်းစာ များသည် နောက်ဆက် လက် တာဝန်ထမ်းဆောင် ရမည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် (ဧရာဝတီတိုင်းတွင် တာဝန် ထမ်းဆောင်သည့် အခါ) စာရေးသူတို့ တပ်စုမှူး ဘဝမှ ယခုတိုင်းမှူး တာဝန်များ ထမ်းဆောင်ရသည် အထိ စစ်ဆင်ရေးပြီး စစ်ဆင်ရေး သာ ရောင်စုံ သောင်းကျန်းသူ တို့နှင့် တိုက်ခိုက်ရသည့် စစ်ဆင်ရေး တွေကတော့ မနားတမ်း နှစ်ပေါင်း သုံးလေး ဆယ် ရောင်စုံ သူပုန်တို့အား တိုက်ခဲ့လင့်ကစား ရောင်စုံ သောင်းကျန်း သူတွေ ကလည်း မကုန်နိုင်၊ ဤကဲ့သို့ စစ်ဆင်ရေးပြီး စစ်ဆင်ရေးတွေ အမည် အမျိုးမျိုးပေးကာ၊ ထပ်ကာခေါ်ပြီး တိုက်ခဲ့လင့်ကစား ရောင်စုံ သူပုန်တွေ ကတော့ တိုက်ပွဲတွင် ကျဆုံး ဖမ်းဆီးရမိ၊ လက်နက်ချ၊ ဒဏ်ရာရသည့် ကိန်းဂဏန်း ကတော့ အလွန်များပါသည်။

သို့သော်လည်း ရောင်စုံ သူပုန်တွေက မကုန်နိုင်ပါလား။ ရှင်သန်မြဲ ရှင်သန်နေသည်။ ဗေဒါတော ကျွဲဆင်း သကဲ့ သို့ ဒီဗေဒါတော ကျွဲဆင်းသည့် အခါ ကျွဲမှ တိုက်ရိုက် နင်းမိသည့် ဗေဒါကတော့ ရေထဲမြုပ်၊ မြေကြီးထဲ ဝင်ကုန်သည်။ ကျန်ဗေဒါ ကတော့ ကျွဲဆင်းသည့် အခါ ကျွဲရဲ့အရှိန်ကြောင့် ကွဲပြီး ဘေးရောက်ကုန်သည်။

ကျွဲကုန်းပေါ် ပြန်တက်သွားသည့် အခါတော့ ဗေဒါ တွေကတော့ ယခင် အတိုင်းပင် ရှိမြဲရှိဆဲ။ ရောင်စုံ သောင်းကျန်း သူတွေလည်း တပ်မတော်၏ စစ်ကြောင်း အမျိုးမျိုးက စစ်ဆင်ရေး အမည် အမျိုးမျိုးနှင့် စစ်ဆင် ရေးပြီး စစ်ဆင်ရေးဖြင့် တိုက်လာသည့် အခါ ဗေဒါပင်တွေလို တိုက်ပွဲမှာကျ၊ ဒဏ်ရာရ၊ ဖမ်းဆီးရမိ၊ အလင်း ဝင်ကြ၊ တပ်မတော်က စစ်ဆင်ရေးပြီး စစ်ဆင်ရေး အချိန်စေ့လို့ အလှည့် တာဝန်ပြီးသည့် အခါ အနားရသည်။

နောက်အသစ် တစ်တပ်က အလှည့်ကျ စစ်ဆင်ရေး ဝင်ရပြန်သည်။ အလှည့်ပြီးတော့ နားနှစ်ပေါင်း သုံးလေး ဆယ်ကတော့ စစ်ဆင်ရေး သံသရာ လည်ခဲ့သည်။ စာရေး သူတို့ပင် လွတ်လပ်ရေး ရသည့်အချိန် နိုင်ငံတော်၏ လွတ်လပ်ရေး အတွက် အင်္ဂလိပ် ကိုတိုက်၊ ဖက်ဆစ် ဂျပန်ကို တိုက်ခဲ့ ဒီတုန်းကတော့ အောင်နိုင်ခဲ့သည်။ ယခု ပြည်တွင်း ရောင်စုံ သောင်းကျန်း သူကြတော့ လွတ်လပ်ရေး ရသည့် အချိန်မှ စ၍ ရောင်စုံ သောင်းကျန်း သူတွေက မကုန်နိုင်၊ အစပိုင်းမှာ မြို့နယ်၊ ကျေးရွာတွေကို အတော် သိမ်းထားပြီး စိုးမိုးခဲ့သေးသည်။ ရန်ကုန် အစိုးရဟုပင် နိုင်ငံခြား သတင်းစာတွေက သမုတ်ခဲ့သေးသည်။

အမှန်ပင် ရန်ကုန်လောက်ပဲ အစိုးရမှာ ကျန်တော့သည်။ ဒီအချိန် တပ်မတော်ကပဲ အသက်ပေါင်း များစွာ စတေး ခံခဲ့ပြီး ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်တွေ ပြန်သိမ်းခဲ့ရသည်။ ပြီးတော့ သောင်းကျန်းသူ လက်က ပြန် သိမ်းနိုင်ခဲ့သည်။ ဒါပေမဲ့ သောင်းကျန်း သူတို့ကတော့ ရှိမြဲရှိဆဲ၊ စီးပွားရေးလည်း ဇောက်ချ မလုပ်နိုင်၊ ပညာရေး လည်း ကျေးရွာမြို့ တွေက စာသင်ကျောင်း တွေကို ဖျက်ဆီးကြသည်။ ကျန်းမာရေး ကိုလည်း ထိုနည်းတူစွာ နိုင်ငံရေး မှာလည်း သူတို့ဝါဒနှင့် အစိုးရဝါဒ မတူသည့် အတွက် လူထုကတော့ မြေဇာပင် ဖြစ်ခဲ့သည်။

မြ၀တီမှကူးယူဖော်ပြသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...