ဖြစ်တည်မှု ၃ ခု
Author: lubo601 |
6:29 PM |
No မှတ်ချက် |
Cloud Cuckoo Land shared ရေးမိရေးရာလေးများ's photo.
ကျွန်တော်တို့ဟာ လူရယ်လို့ ဖြစ်လာရင် ဖြစ်တည်မှု့ ၃ ခုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ အာဖရိကကလူတွေဖြစ်ဖြစ် တရုတ်ကလူတွေဖြစ်ဖြစ် ကျွန်းပေါ်ကလူတွေဘဲဖြစ်ဖြစ် ဒီ ၃ မျိုးကို ပထမဆုံး တွေ့ကြုံကြရမှာပါ။ ပထမဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပါဘဲ။ ဒါဟာ သင်အသက်ရှင်နေသရွှေ့ သင် နှင့် သင်ဟာ အမြဲတမ်းအတူတစ်ကွ ရှိနေမှာပါ။ သင်နှင့် အတူတကွ အလုပ်လုပ်ရမှာက သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။ သင်နှင့် အတူတစ်ကွ အကြိမ်အများဆုံး ထမင်းစားမယ့်လူ၊ သင်နှင့် အတူတကွအကြိမ်အများဆုံး အိပ်စက်မယ့်လူ၊ သင်နှင့်အတူတစ်ကွ ရေချိုးမယ့်လူ တစ်နေ့တာ သင်နှင့် အတူတစ်ကွ ရှိနေမယ့်လူဟာ သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။ အဲ့ဒီတော့ သင်နဲ့ သင်ကိုယ်တိုင်ဟာ သဟဇာတဖြစ်နေဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်နေဖို့လိုပါတယ်။ သင်ကိုယ်တိုင်ဟာ သင်ရဲ့ သူငယ်ချင်းကောင်းဖြစ်နေဖို့လိုပ
အဲ့ဒီတော့ ပထမ ဖြစ်တည်မှု့ဖြစ်တဲ့ သင် နှင့်အတူ သင် အလုပ်လုပ်ခြင်းဆိုတဲ့ အပိုင်းမှာ သင့်ရဲ့ စရိုက်၊ သင့်ရဲ့ အတွေးအခေါ်၊ သင့်ရဲ့ ကျင့်ဝတ် စတာတွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ လူရယ်လို့ဖြစ်လာရင် ရည်ရွယ်ချက်က နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သင်ယူတာပါ။ နောက်တစ်မျိုးက တီထွင်တာ၊ ဖန်တီးတာပါ။ ဒီတော့ သင်ယူပြီးတတ်မြောက်လာမယ် ဒီကနေမှ ဆင့်ပွား ဖန်တီးနိုင်မှာပါ။ ကမ္ဘာကြီးကို သင်ဘာတွေ ချပြချင်သလည်း၊ သင်ဘာကို အိပ်မက် မက်သလဲ၊ သင့်ရင်ထဲက ဘာကို ထုတ်ပြချင်သလဲ စတာ စတာတွေကိုပေါ့။ ဒီတော့ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဆိုသလို တစ်ဦးချင်းစီရဲ့ ရပ်တည်မှု့ဟာ တစ်ခြားသူထံကို အကျိုးသက်ရောက်မှု့များစွာ ဖြစ်ပေါ်စေပါတယ်။ ဒီလို မိမိကိုယ်ကို မိမိမြှင့်တင်မှလည်း အခြားတစ်ရောက်နဲ့ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လာမှာပါ။ မိမိနှင့် နီးကပ်ဆုံး ရှိနေတဲ့ သူငယ်ချင်းဖြစ်စေ၊ အိမ်ထောင်ဖက်ဖြစ်စေ အစရှိသူတွေနဲ့ သဟဇာတ ဖြစ်လာမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှု့တွေ ဘယ်လိုကွဲပြားခြားနားသည်ဖြစ်စေ တူညီတာတစ်ခုကတော့ သင်ဟာ လူအစုအဝေးနှင့်အတူတစ်ကွနေမှ ရှင်သန်ရုန်းကန်နိုင်မယ်ဆိုတာပါ
တစ်ချို့တွေက တစ်သီးတစ်သန့်နေချင်ကြတယ်။ တစ်ယောက်ထဲ အလုပ်လုပ်ချင်ကြတယ်။ တစ်ချို့တွေကတော့ ခင်မင်တဲ့ တစ်ယောက်ကောင်းသူငယ်ချင်းနှင့်သ
Ref : Angeles Arrien ရဲ့ Mount Madonna School နှင့် အင်တာဗျူးကို ကိုးကားပါသည်။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment