ဗိုလ်ချုပ်မှူးကြီး တစ်ဦးတော့ အသစ် ရောက်လာပါပြီ ...။
Author: lubo601 |
8:07 PM |
No မှတ်ချက် |
Sa Maung and ဘသောင်း ဟိန်း shared ငရဲ သား's photo.
မြန်မာ့ ဗိုလ်ချုပ်မှူးကြီးများ သမိုင်းမှာ ...
နံပါတ်(၁) -
၁၉၉၀ ရွေးကောက်ပွဲပြီး၊ ရွေးကောက်ခံ အစိုးရကို အာဏာအပ်နှင်းပြီးရင် စစ်တန်းလျားပြန်မယ် လို့ပြောခဲ့သူ.။ ရွေးကောက်ပွဲလည်းပြီးရော .. နောက်ကျော ဓါးနဲ့အထိုးခံရ၊ အာဏာအသိမ်းခံရတော့ ရူးပြီး လူမသိသူမသိ သေဆုံးခဲ့သူ။
နံပါတ်(၂) -
သူ့ရဲ့ တိုင်းပြည်အပေါ် ထားရှိခဲ့တဲ့ အနေအထားကိုတော့ မပြောလိုတော့ပါ..။
ဓါးမိုးအုပ်ချုပ်ခဲ့တာကို သူနဲ့မှ တိုင်းပြည်က တည်ငြိမ်တယ်ဆိုသူများကိုတော့ သိစေချင်ပါသည်
.... အဆတရာမက တက်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့
များစွာတိုးပွားလာတဲ့ လက်လုပ်လက်စား ဆင်းရဲသားများ၊ ထိပ်ဆုံးမှသည် အောက်ခြေအထိ အကျင့်ပျက်ချစားမှုများ။ ၂၀၁၀ ရွေးကောက်ပွဲမှသည် ... အကျင့်ပျက်ချစားမှု တို့ကြောင့် ဖြစ်ပေါ်လာသော native မဟုတ်သည့် တရုတ်၊ကုလားများ တရားဝင် ၀င်ရောက်လာခြင်း၊ စီးပွားရေးအရ လွှမ်းမိုးလာခြင်း၊ ထိပ်ဆုံး အစိုးရအဖွဲ့မှ .. ဒေသအာဏာပိုင်အဆင့်အထိ sponsor, partner များအဖြစ် အမျိုးသားရေးကို သစ္စာဖောက်သော သောက်ကျင့်များ အမြစ်တွယ်လာခြင်း .....။
စီးပွားရေးပိတ်ဆို့သောကြောင့် တိုင်းပြည်ဆင်းရဲပါသည်ဟု ဆိုသူများက ..ဒေါ်လာ ဘီလျံနဲ့ချီတန်ဘိုးရှိသော နေပြည်တော် အား တည်ဆောက်ပြီး မြိ့တော်အဖြစ် စီမံခဲ့ခြင်း..။
အရွယ်တူ ကြယ်ဖြူ ၁၄ လုံး ပါဝင်သော ယခင် အလံဟောင်းအား ညနေတွင် ဖြုတ်ချ မီးရှို့ပြီး ကြယ်တလုံး အလံအား လွှင့်တင်စေခြင်း..။
အစရှိသည်တို့က ထူးထူးခြားခြား ပြောင်းလဲခဲ့ပါတယ်..။
နံပါတ်(၃)
အာဏာရှင်မဟုတ်တော့တဲ့ စစ်ဖက်ဆိုင်ရာ သီးခြားဖြစ်တဲ့ ပထမဆုံးသော ဗိုလ်ချုပ်မှူးကြီးပါ..။
မနှစ်က တပ်မတော်နေ့မိန့်ခွန်းမှာ တပ်မတော်သားတွေ အဆင့်မြင့် သတင်းအချက်အလက် နည်းပညာပိုင်းတွေ ကို လေ့လာဖို့နဲ့ အခြေခံဥပဒေကို ပြတ်သားစွာ ကာကွယ်စောင့်ရှောက်ဖို့ မိန့်ခွန်းချွေခဲ့သူပါ..။
------------------------------
အဲ..... နံပါတ် (၃) ရဲ့ POWER က ဘယ်လောက်ရှိမရှိ သေချာမလေ့လာနိုင်သေးပေမယ့် ...။
အခုလို ပွင့်လင်းလွတ်လပ်ပြီး တရားဥပဒေကို ခိုင်မာအောင် တည်ဆောာက်နေပါတယ်ဆိုတဲ့ မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြား အရေးယူမယ်ဆိုတဲ့ သမ္မတရဲ့ အားကိုးရသော ၀န်ကြီးများရဲ့ နိုင်ငံသိ ကြိမ်းဝါးသံတွေကြားမှာ ...
ယခင် နံပါတ် (၂) ကြီးရဲ့ ... အရပ်သား မြေးငယ်လေး ဖြတ်သန်းဖို့အတွက် ..မီးပွိုင့်မီးစိမ်းအောင် စက်နဲ့ပေါက်ပြီး လမ်းတောင်းတာတွေ..။
အချက်ပြ နောက်ကျလို့ မီးပွိုင့်စောင့် ရဲတပ်သားကို ဆင်းပြီး ပါးရိုက်တာတွေ ..။ အိမ်ခေါ် ပါးရိုက်တာတွေ ..။
အဲဒီ အရပ်သားမြေးငယ်လေးအတွက်.. လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိ ဗိုလ်မှူး အဆင့်ရှိသူတွေအထိ ခိုင်းတာလုပ်နေရတဲ့ ဖြစ်စဉ်တွေက ...
နိုင်ငံကျော်ဖြစ်ခဲ့ပါတယ်..။
ဒါနဲ့ ....... ၂၀၀၈ အခြေခံဥပဒေဆိုတာက .... အဲဒီချာတိတ်တော့ ဟုတ်ဟန်မတူဘူး .. ထင်ပါကြောင်း..။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment