Sunday, March 31, 2013

လျှို့ဝှက်ချက်ကင်းသောကမ္ဘာကြီးဆီသို့ (သို့) ကွမ်တမ်ကွန်ပြူတာ




ယခုလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ ကွန်ပျူတာများတွေ့ရဲ့ပရော်ဆက်ဆာ တွေကို စီလီကွန် ဆိုတဲ့ဒြပ်စင်တွေကနေတဆင့်ထုတ်လုပ်ပါတယ်။ဒါကြောင့်နည်းပညာအရခေတ်မှီတိုးတက်နေတဲ့နိုင်ငံတွေမှာစီလီကွန်တောင်ကြားဆိုတဲ့နေရာတွေကိုအပြိုင်တည်ဆောက်နေကြတာဖြစ်ပါတယ် ။
ကမ္ဘာမှာ နာမည်ကြီးကွန်ပျူတာတွေကိုထုတ်လုပ်တဲ့ Intel ကုမ္ပဏီရဲ့ကြေငြာချက်အရ တနှစ်ခွဲ ဆိုတဲ့ အချိန်အတိုင်းတာတခုမှာ ကွန်ပျူတာပရော်ဆက်ဆာတွေရဲ့လုပ်ဆောင်မှုဟာ ၂ ဆ စီမြင့်တက်နေပါ ။ ဥပမာ core 2 duo , core 2 quad , core 2 extreme စသဖြင့်ပေါ့ ။ ဒီလို ၂ ဆ စီမြင့်တက်နေတာဟာဘာကြောင့်ပါလဲ ။ အဖြေကရှင်းပါတယ် ကွန်ပျူတာထဲကပရော်ဆက်ဆာ မှာ စီလီကွန်ချစ်စ်ပြားလေးတွေကို ပိုပီးသေငယ်အောင်လုပ်ဆောင်ပီး ၂ ဆ ၂ ဆ ထည့်သွားလို့ပါပဲ ။ လူတွေရဲ့အတောမသတ်နိုင်တဲ့စိတ်အလျင်ကို လိုက်မှီနိုင်ဖို့ ကွန် ပြူတာတွေကို ပိုမိုမြန်ဆန်လာအောင်လုပ်ဆောင်နေကြရပါတယ် ။

ပြသနာက တော့ အဲဒီမှာစတွေ့တော့တာပါပဲ ။ ပိုမိုမြန်ဆန်တာတွေကိုပဲ မျှော်လင့်နေတဲ့လူတွေရဲ့ ဆန္ဒ ကိုဖြည့်ဆည်းနိုင်ဖို့ စီလီကွန်ချစ်စ်လေးတွေကို သေးငယ်သထက်သေငယ်အောင်ဖန်တီးပီး ထည့်ပေးနေတာဟာ အချိန်ဘယ်လောက်တိုင်းအတာထိ တည်ရှိနိင်မလဲ ။ မကြာတော့တဲ့ တချိန်ချိန်မှာတော့ ဆက်လက်ပီး သေးငယ်အောင်လုပ်လို့မရနိုင်တော့တဲ့အကန့်အသတ်ကိုရောက်သွားရမှာ ။ အဲ လိုအခြေအနေမှာ လူတွေ ရဲ့အလိုကိုဖြည့်ဆည်းနိုင်ဖို့ သိပ္ပံပညာရှင်တွေ အဖြေရှာတွေ့တာကတော့ Quantum Computer ပါပဲ ။


Quantum Computer ဆိုတာကတော့ quantum mechanical phenomena တွေနဲ့တည်ဆောက်ထားတဲ့ တွက်ချက်ရေးပစ္စည်းတခုပဲဖြစ်ပါတယ် ။ သူ ကတော့ ပရော်ဆက်ဆာဟာ စီလီကွန်ဒြပ်စင် နဲ့ ပြုလုပ်ထားတာမဟုတ်ပါဘူး ။ အမှုန် ဒါမှမဟုတ် လှိုင်းတွေ ရဲ့ပုံသဏ္ဍန်မျိုး ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ ယခုလက်ရှိ သုံးနေတဲ့ ကွန်ပြူတာအကြောင်း ရင်းနှီးပြီးသားလူတွေ သိပြီးဖြစ်မှာ ပါ ။ လက်ရှိကွန်ပြူတာတွေရဲ့ အခြေခံအသုံးပြုတဲ့ ယူနစ်ဟာ bit ပါ ။ bit ဆိုတာ 1 (switch on - ဥပမာ မီးခလုတ်ဖွင့်လိုက်သလိုမျိုး ) နဲ့ 0 (switch off - ဥပမာ မီးခလုတ်ပိတ်လိုက်သလိုမျိုး) ဆိုတဲ့ လျှပ်စစ်ပတ်လမ်းတွေကို ဖွင့်လိုက် ၊ ပိတ်လိုက်နဲ့ တွက်ချက်သွားတဲ့ပုံစံပါ ။ တွက်ချက်မှုအချိန်တစ်ခုမှာ 0 သို့ မဟုတ် 1 တခုခုဖြစ်နိုင်ပါတယ် ။ Quantum Computer ရဲ့ တိုင်းတာတဲ့ယူနစ်ကတော့ q bit (quantum bit) ပါ ။ q bit ရဲ့ထူးခြားချက်ကတော့ တွက်ချက်မှု အချိန်တချိန် မှာ 0 နဲ့ 1 အပြင် 0 ရော 1 ရော နှစ်ခုလုံးပါဖြစ်နိုင်တယ်ဆိုတဲ့ အခြေ နေမျိုးလည်းရှိပါတယ် ။ သဘောတော့ ဗျာ အချိန်တချိန်တွင်းမှာ ပိတ်ခြင်း ဒါမှမဟုတ် ဖွင့်ခြင်းဖြစ်နိုင်သလို ၊ ဖွင့် ပိတ် ဆိုပီး၂ မျိုးလုံးလည်းဖြစ်နိုင်တဲ့သဘောမျိုးပါ ။ ဒါကြောင့်လည်း သာမန်ကွန်ပျူတာတွေထက် အဆမတန်ပိုမိုမြန်ဆန်နေပါတယ် ။
           ယခုလက်ရှိ ကမ္ဘာမှာ နံပါတ် ၁ အမြန်ဆုံး (2011 အရ) ဆိုတဲ့ ကွန်ပျူတာဟာ တရုတ်နိုင်ငံက Tianhe-1A ဆိုတဲ့ စူပါကွန်ပျူတာပါ ။ သူရဲ့ တွက်ချက်နိုင်မှူဟာ 2.507 Peta FLOPS ရှိပါတယ် ။ (Peta = 1024 Tera ,FLOPS = Floating Point Operations Per Seconds) ။  FLOPS ဆိုတာဟာ အများအားဖြင့်တော့ သိပ္ပံဆိုင်ရာတွေ ပုစ္ဆာတွေမှာ တွက်ချက်တဲ့ စူပါကွန်ပျူတာတွေ ရဲ့ စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့ယူနစ်ပါ ။ သူတို့ရဲ့ မြန်နှုန်းဟာ အလွန်အမင်းဖြစ်နေတဲ့ အတွက် သာမန်ကွန်ပျူတာတွေ လို Gigahertz(Ghz) ဆိုတဲ့ frequency ကို မတိုင်းတာတော့ပါဘူး ။ တစ်စက္ကန့် အတွင်းမှာ အလုပ်လုပ်နိုင်တဲ့ Operation တွေ အလိုက်ပဲ တိုင်းတာပါတော့တယ် ။ 4 FLOPS per clock cycle ဆိုတာကြောင့် ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတွေရဲ့ processor speed ကို ၄ နဲ့ မြှောက်ရင် ကျွန်တော်တို့ ကွန်ပျူတာတွေရဲ့ စွမ်းဆောင်နိုင်ရည် FLOP ကိုရရှိမှာဖြစ်ပါတယ် ။ ဥပမာ 2.5 Ghz မြန်နှုန်းရှိတဲ့ ကွန်ပျူတာဆိုရင် (2.5x4=10 ) 10 FLOPS ပဲရှိမှာဖြစ်ပါတယ် ။ Peta ဆိုတဲ့ ယူ နစ်ဟာ 10 power 15 ဖြစ်လို့ 2.507 ဆိုတဲ့ ဂဏန်းကိုနောက်က သုည ၁၅ လုံး ထပ်တိုးကြည့်လိုက်ပါ ။ အဲဒါဟာ စူပါကွန်ပျူတာ တစ်လုံးရဲ့ စွမ်းဆောင်ရည် FLOPS ပါပဲ ။  တကယ်လို့ သာ ကွမ်တမ် ကွန်ပျူတာတွေ ကို ထွက်ပေါ်လာခဲ့မယ်ဆိုရင် ယခု လက်ရှိ ကမ္ဘာအမြန်ဆုံး စူပါကွန်ပျူတာတွေထက် ပိုပြီး မြန်ဆန်

 နေဦးမှာဖြစ်ပါတယ် ။
Tianhe-1A


ကွမ်တမ် ကွန်ပြူတာရဲ့စွမ်းဆောင်ရည် ကို ဥပမာ လေးတစ်ခုပေးထား ပါတယ် ။ ဥပမာ ဆိုကြတော့ အိမ်ထဲမှ ငွေ သိန်း ၁၀၀၀ ရှိသည် လို့ သတင်းတစ်ခုရရှိမယ်ဗျာ။ အဲဒီငွေကိုလိုချင်ရင်သွားယူပါပေါ့ ။ အဲဒီအိမ်က ဘယ်နိုင်ငံမှာရှိတာလဲ ၊ ဘယ်မှာရှိတာလဲ ၊ ဘယ် လို အိမ်ပုံစံ လဲ ၊ ဘယ်လိုသွားယူရမလဲ ၊ စတဲ့ မသေချာတဲ့ အဖြေတွေကို ကွန်ပြူ တာနဲ့ တွက်ချက်ပီးရှာကြည့်မယ်ဆိုကြပါစို့ဗျာ ။ အချိန် ဘယ်လောက်ကြာမလဲ ယခုလက်ရှိကွန်ပြူတာတွေ တွက် ချက်မယ်ဆိုရင်တော့ နှစ်ပေါင်း မြောက်များစွာ တိုင်အောင် အကြာကြီးတွက်ချက်ရပါလိမ့်မယ် ။ ဒါပေမဲ့ ကွမ်တန် ကွန် ပြူတာ ကတော့ အချိန် စက္ကန့်ပိုင်းအတွင်းမှာ အနီးစပ်ဆုံးအဖြေကို ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ် ။ သိပ္ပံ ပညာဆိုင်ရာ တွက်ချက်မှုတွေမှာ ဒီလို မသေချာမရေရာ အဖြေများစွာရှိတဲ့ အခြေအနေမျိုးတွေများစွာ ရှိနေတက်ပါတယ် ။ ကွမ်တမ်ကွန်ပြူတာဟာ သိပ္ပံ ဆိုင်ရာ တွေ ၊ သုတေသနလုပ်ငန်းတွက်ချက်ရာတွေများ စွာ အသုံးဝင် နေပါတယ် ။ သို့ပေမဲ့လည်း နိုင်ငံတနိုင်ငံ လူမျိုးတစ်ခုရဲ့ ထိပ်တန်း လျှို့ဝှက်ကိစ္စတွေ ၊ အရေးကြီးကိစ္စတွေမှာ လျှို့ဝှက်ချက်ကင်းစင်သွားမှာဖြစ်တဲ့အတွက် နည်းပညာအင်းအားကြီးနိုင်ငံ အစိုးရများဟာ ကွမ်တမ် ကွန်ပြူတာ တီထွင်ထုတ်လုပ်မဲ့ ပညာရှင်များကို လေ့လာစောင့်ကြည့်လျှက်ရှိပါကြောင်း ။

ဗဟုသုတအလို့ငှာရေးသားဖော်ပြအပ်ပါတယ်ခင်ဗျာ ..။

(ရုပ်ဆိုး)

Reference Links

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...