Wednesday, March 6, 2013

". . . မြန်မာမိန်းကလေး . . ."


အရွယ်လေးက ငယ်ငယ်
ကိုယ်ဟန်က သွယ်သွယ်
ဆံနွယ်တွေ နက်မှောင်ရှည်နှင့်
ယဉ်ပါပေ့ ဆင်ယင်ထုံးနှင့်
ဘ၀င်မှာ ယှဉ်စရာရှားတဲ့သူ ။



ဖျင်ထည်ကကြမ်းပေမယ့်
စိတ်ထားကနုသူမို့
ရွှေရင်စေ့မှ ဘ၀င်ကျသူ
အဆင်မဆန်းပေမယ့်
မြင်သမျှ ရွှေရင်အေးရတယ်
ရင်ဖုံးလေးနဲ့လှတဲ့သူ။

မိတ်ကပ်တွေ ပြာမနှမ်းပါဘူး
စိတ်ဓါတ်ပါ အေးငြိမ်းရအောင်
ကျောက်ပြင်ထက် ရေကြည်အေး
သုံး လေးစက်နှင့်
ရှင်မတောင်တုံးလေး ဖွဖွသွေးလို့
မျက်နှာမှာ ပါးကွပ်ကျားနဲ့
အေးချမ်းစွာ လှတဲ့သူ။

ငွေကြေးမပြည့်စုံပါဘူး
အနေဆင်းရဲပေမယ့်
ဆင်းမြန်းတာ ထမီရှည်လေးမို့
သွားရတာ ပေါ့ပါး
ထိုင်ရတာ လွတ်လပ်လို့
မြင်သူတကာ ယှဉ်သူရှားပါတဲ့
လှစွာပ မြန်မာမိန်းကလေး။

......by.... Kaung Kalay မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...