Wednesday, March 6, 2013

တိုင်းရင်းသားစာပေ သင်ကြားနိုင်ရန် ဒေသခံဆရာတို့ကို ခန့်အပ်သွားမည်

 Written by မောက္ခ 

အခြေခံပညာ မူလတန်းကျောင်းများတွင် တိုင်းရင်းသားဘာသာနှင့် စာပေသင်ကြား ပေးနိုင်ရေးအတွက် တိုင်းရင်းသား ဘာသာကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်မည့် အရည်အချင်း ပြည့်မီသည့် ဒေသခံ တိုင်းရင်းသားများအား တိုင်းရင်းသားဘာသာ ပြဆရာ၊ ဆရာမများအဖြစ် ဦးစားပေးခန့်အပ် သွားမည်ဟု သိရသည်။

၂ဝ၁၃ ခုနှစ် မတ် ၁ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး ညှိနှိုင်း အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ယင်းသို့ ပြောကြားခဲ့သည်။

အလားတူ တိုင်းရင်းသားဘာသာ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာပြဆရာ၊ ဆရာမများကို လေ့ကျင့်ပျိုးထောင်ရန်လည်း စီစဉ်ထားပြီး ဖြစ်သည်။

အဆိုပါ တိုင်းရင်းသားဘာသာနှင့် စာပေအား အခြေခံပညာ မူလတန်းအောက်အဆင့်ဖြစ်သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသားကျောင်းသူများကို သင်ကြားသွားမည် ဖြစ်သည်။

ထို့ကြောင့် ကျောင်းသုံးစာအုပ်များထဲတွင် ပါသည့် သင်ခန်းစာများကို မွန်၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ကယား၊ ကယော၊ ကယန်း၊ ပလောင်၊ လားဟူ၊ တီးတိန်ချင်း၊ ဟားခါးချင်း၊ ဖလမ်းချင်း၊ တိုင်းလုံရှမ်း၊ ဂုံရှမ်း၊ တိုင်းလိုင်ရှမ်း၊ တိုင်းခန္တီးရှမ်း၊ တိုင်းဆာရှမ်း၊ ဂျိမ်းဖောကချင်၊ လာချိဒ်ကချင်၊ ရဝမ်ကချင်၊ လီဆူးကချင်၊ ဇိုင်ဝါးကချင်၊ လော်ဝေါ်ကချင်၊ ရခိုင်၊ မြို (ခေါ်) ခမီ၊ သက်၊ ပအိုင်းဝ်း၊ ဓနု၊ အင်းသားစာပေ စသည်တို့ဖြင့် တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သူ ပညာရှင်များက အဖွဲ့လိုက် ရေးသားပြုစုနေပြီ ဖြစ်သည်။

တိုင်းရင်းသား ဘာသာစကားနှင့် စာပေကို ယခင်က သင်ကြားပေးခဲ့ဖူးသော်လည်း ၁၉၈၁-၈၂ ပညာသင်နှစ်မှ စတင်ကာ သူငယ်တန်း၌ အင်္ဂလိပ်စာ စတင်သင်ကြားပေးချိန် တိုးလာခြင်းကြောင့် တိုင်းရင်းသားဘာသာ သင်ကြားချိန်မပါရှိတော့ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ၌ မြန်မာစာကို ရုံးသုံးစာ၊ အင်္ဂလိပ်စာကို နိုင်ငံတကာသုံးစာအဖြစ် သင်ကြားပေးနေသည့် နည်းတူ ပြည်ထောင်စု၏ အမွေအနှစ်ဖြစ်သည့် တိုင်းရင်းသား ဘာသာစကား၊ စာပေကိုလည်း သင်ကြားပေးရန် ယခုကဲ့သို့ ပြန်လည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

News-Eleven

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...