ဗဟုသုတ-၁
Author: lubo601 |
11:27 PM |
No မှတ်ချက် |
Soe Gyi and ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် shared Shwe Eaim Si's photo.
သန်းခေါင်ယံမှာ နေသာတဲ့ အရပ် ဘယ်မှာရှိသလဲ....?
"လက်ပလန် "ဟာ အဓိကအားဖြင့် (ကမ္ဘာမြောက်ဘက်စွန်းအရပ်)အာတိတ်
ဘာကြောင့် ပင်လယ်ရေ ငန်သလဲ....?
ဆားဆိုတာ ဓာတ်သတ္တု တစ်မျိုး ဖြစ်ပါတယ်။ ကျောက်ဆောင် တွေကို မိုးရေ တွေက တဖြည်းဖြည်းချင်းတိုက်စားတော့ ( အမူန့်လေးတွေ ဖြစ်ပြီး )မိုးရေနဲ့အတူ ပင်လယ်ထဲကိုစီးဆင်းသွားပါတယ်။ ပင်လယ်ရေကို ငန်စေပါတယ်။ ပင်လယ်ရေ အငွေ့ပျံတဲ့ အခါ ဆားက အငွေ့မပျံပဲ ကျန်ခဲ့ပါတယ်။
ပင်လယ်နီ ဟာ နီသလား.... ?
ရေပြင်ကို အနီရောင်ဖြစ်အောင် လုပ်ပေးနီုင်တဲ့ "အယ်လ်ဂျီ" တွေကြောင့် ၊ "ပင်လယ်နီ " ဆိုတဲ့ အမည်ကို ရတာဖြစ်ပါတယ်၊ဒီအပြောမကျယ်လှတဲ့
ပင်လယ်သေဆိုတာ ဘာလဲ...?
ပင်လယ်ရေမျက်နှာပြင်အောက် 369-မီတာ၊ (၁၂၉၉) ပေမှာရှိတဲ့ အစ္စရေးနဲ့ ဂျော်ဒန်နယ်ခြားက ရေအိုင်ကြီး ဖြစ်ပါတယ်၊ အဲဒီအထဲက ရေတွေဟာ ရိုးရိုးပင်လယ်ဆားငန် ရေထက် ခုနစ်ဆ ပိုငန်ပါတယ်၊ ဘယ်လိုငါးမျိုးမှ အဲဒီရေထဲမှာ မနေနိုင်ကြပါဘူး၊ ရေကူးတဲ့ လူတွေလည်း ရေထဲကိုနစ်မသွားပဲ ရေပေါ်မှာပေါလောပေါ်နေပါတယ်။
ဖယောင်းတိုင် ဘာကြောင့် မီးတောက်လောင်သလဲ..?
ဖယောင်းတိုင်ရဲ့ မီးစာကို မီးညှိလိုက်တဲ့ အခါ၊ အပူရှိန်က ဖယောင်းကို အရည်ပျော်စေတယ် ၊ အရည်ပျော်သွားတဲ့ ဖယောင်းတွေက မီးစာရှိတဲ့ဆီကို တဖြည်းဖြည်းချင်း ရွေ.လျားစီးဝင်လာပါတယ်၊ အဲဒီဖယောင်းအရည်တွေက ဖယောင်းတိုင်ရဲ့ မီးတောက်ကလေးနဲ့ တွေ့တဲ့အခါ၊ ဖယောင်းအငွေ့ဖြစ်သွားပါတယ်။ အဲဒီဖယောင်းအငွေ့က လေထဲမှာတဲ့ အောက်ဆီဂျင်နဲ့ ရောနှောပြီး ဖယောင်းတိုင်မီးလေးအဖြစ် တောက်လောင် ပါတယ်။
http://www.facebook.com/pages/
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment