သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၃)
သစ်ထူးလွင်
|
- လျှပ်စစ်မီး၊ လမ်းနှင့် ဖုန်းဆက် သွယ်ရေး ကောင်းမွန်စေရန် ဒေါ်အောင်ဆန်း စုကြည်အား ကံပေါက် ရွာသားများ တောင်းဆို
- တရုတ်ကုမ္ပဏီတွေ မြန်မာ ကို လေးစားဖို့လိုအပ်
- ဒေါ်အောင်ဆန်းစုကြည်ထားဝယ်ကံပေါက် ရောက် (ဓါတ်ပုံ)
-
မြန်မာ့မြေအတွင်းတရုတ်အတွက် လုပ်ကွက်နည်းသွားခြင်းက သတင်းဆိုးတစ်ခုမဟုတ်ကြောင်း ကွန်မြူနစ်ပါတီပိုင်သတင်းစာမှဆိ
ု - မြန်မာသို့ ကူညီထောက်ပံ့မှုများ အလုံးအရင်းဖြင့် စီးဝင်လာနေမှုကို ကိုင်တွယ်ဖြေရှင်းရေး ထိပ်တန်းပညာရှင် နှစ်ဦး၏ အကြံပေးချက်များ
- မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့
- ၁၁ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မ ပြုကျင့်သူ ထောင်ဒဏ် တသက်ချ
- ဘင်္ဂလာဒေခ်ျ့ ရဲ (၃) ဦးကို မြန်မာက ပြန်မလွှတ်သဖြင် နယ်စပ် အခြေအနေတင်းမာ
- ဒါဖတ်ပြီးမှ --- မကွေးမှာထမင်းစားပါ
- တရုတ်အစိုးရသစ် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုများ
- ဝန်ထမ်းလစာ တိုးမြှင့်လိုက်မှုနှင့် နိုင်ငံ့ဝန်ထမ်းအချို့၏ တုန့်ပြန်မှုများ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်အတွက် အကြံပြုချက်
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ အပြည့်အစုံ
-
ငြိမ်းချမ်းရေးအတွက်စိတ်ရှည်
ကြဖို့ တိုနီဘလဲတိုက်တွန်း - လက်ပံတောင်းတောင်အနောက်ကလူ
- မုံရွာသပိတ်စခန်းများ သပိတ်လှန်ပြီ
- မြန်မာ့ဈေးကွက်တွင် အလားအလာများရှိကြောင်း တိုင်ပေကုန်သွယ်ရေးကောင်စီ ပြောကြား
- ပုပ်ရဟန်းမင်းသစ်ကြီး မီဒီယာနဲ့ တွေ့ဆုံ
- တောင်ကိုရီးယားကို မြောက်ကိုရီးယား ခြိမ်းခြောက်
- တံတားနီ အရေးအခင်း နှစ်ပတ်လည်နေ့ ကျင်းပ
- ၀မ်ပေါင်ကုမ္ပဏီလျော်ကြေး လက်ခံရယူသူ နည်းနေသေး
- လက်ပံတောင်းတောင် မြေယာလျော်ကြေး စပေး
Posted: 17 Mar 2013 12:45 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထားဝယ်မြို့၊
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ ရောက်ရှိစဉ် ရွာသား များက လျှပ်စစ်မီး
ရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဖုန်းဆက်သွယ် ရေး
အဆင်ပြေစေရန်တို့ အတွက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 17 Mar 2013 12:35 AM PDT
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ
အကြုံပြုချက်တွေကို တရုတ် ဝမ်ဘောင် ကုမ္ပဏီ အနေနဲ့ အလေးထား
လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့
တရုတ်အစိုးရ အာရှပစိဖိတ်ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr.
Wang Yin Fang က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Mar 2013 12:22 AM PDT
ရန်ကုန်-မတ်၁၇
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင်TOTAL ကုမ္ပဏီ၏ အစီအစဉ်ဖြင့်
ထားဝယ်ခရိုင် ကံပေါက်ဒေသသို့ ရောက်ရှိ လာကြောင်း သိရသည်။ ဓာတ်ပုံ-Kyaw Oo
(Popular Myanmar News Journal)/ ခွန် ဒီးယမ် (Fackbook)
ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 11:30 PM PDT
မြန်မာနိုင်ငံ
အတွင်း ယခင်က ထက်စာလျှင် တရုတ်နိုင်ငံ အတွက် နေရာမှာ နည်းသည်ထက်နည်း
သွားခြင်းက တရုတ်နိုင်ငံ အတွက် သတင်းဆိုး တစ်ခု မဟုတ်ကြောင်း တရုတ်ပြည်သူ့
ကွန်မြူနစ်ပါတီပိုင် People’s Daily သတင်းစာက တာဝန်ရှိသူ
တစ်ဦးဖြစ်သူညွှန်ကြား ရေးမှူးချုပ် Mr Cao Huan Rong မှ ပြောကြားသွားသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 11:15 PM PDT
၁။ မြန်မာ အစိုးရ ထိပ်တန်း အရာရှိများသည် အလှူရှင် နိုင်ငံများမှ
ကိုယ်စားလှယ်အဖွဲ့များ၊ ထောက်ပံ့ရေး အေဂျင်စီများ၊ ပါလီမန်အမတ်များ၊
ကော်ပိုရေးရှင်းများ၊ နိုင်ငံတကာ NGOs များ၊ မီဒီယာများနှင့် နေ့စဉ်လိုလို
နာရီပေါင်းများစွာ တွေ့ဆုံရသည်။ လုပ်ငန်းဆောင်တာများတွင် မူဝါဒဆိုင်ရာ
အကောင်အထည် ဖော်မှုဆိုသည့် အရေးပါသော အလုပ်များ မဆောင်ရွက် နိုင်ဘဲဖြစ်ပြီး
ဧည့်သည်တော်များကိုသာ အချိန်ပေး လက်ခံနေ ရခြင်းဆိုသည့် လမ်းကြောင်းပေါ်သို့
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 08:48 PM PDT
ဧပြီလဆန်းတွင် မိုဘိုင်းလ်ဖုန်းများကို ငွေကျပ်ထောင် ဂဏန်းအထိ ဈေးလျှော့ ရောင်းချ
ပေးမည် ဖြစ်ရာ မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းက နိုင်ငံ့ ဝန်ထမ်းများနှင့် ကျေးလက်နေ ပြည်သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်းချထားသော မိုဘိုင်းလ်ဖုန်းများ အတွက် အရစ်ကျ လစဉ်ကြေးများ ပေးသွင်းရန် လိုအပ်တော့မည် မဟုတ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Mar 2013 08:22 PM PDT
ကယားပြည်နယ်
ဖရူဆိုမြို့ အသက်၁၁နှစ်အရွယ် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြုကျင့်သူ အမှတ်
၁၄ စစ်လေ့ကျင့်ရေး ကျောင်းမှ ဆောက်လုပ်ရေး အလုပ်သမား မောင်ကြယ်စင်မောင်အား
တရားရုံးမှ ထောင်ဒဏ် တသက်တကျွန်းနှင့် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ ခရိုင်တရားရုံးတွင် မတ်လ ၁၅ ရက်နေ့က ၎င်းတရားခံဖြစ်သူ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Mar 2013 08:14 PM PDT
မြန်မာဘက်မှ
ဖမ်းဆီး ခေါ်ဆောင်သွားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ရဲသား (၃) ဦးနှင့်
အရပ်သား တစ်ဦးကို ဖမ်းဆီးပြီး ၄၈ နာရီ အချိန်ကြာမြှင့်လာသော်လည်း ပြန်လည်
လွှတ်မပေးသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေသည်ဟု သတင်း ရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Mar 2013 08:05 PM PDT
မကွေးတိုင်း
ဒေသကြီး..ဆိပ်ဖြူမြို့နယ် မြင်းက၀ကျေးရွာအုပ်စု ဆူးလေကုန်း ကျေးရွာ
ဦးသောင်းမြင့် (၄၀) နှစ်သည် သူ၏ (၃) နှစ်အရွယ်သားငယ်နှင့်အတူ မတ်(၄)ရက်က
မကွေးမြို့သို့လာက ချမ်းမြေ့ဆေးခန်းတွင် ဆေးစစ်ခံပြီး
မတ်(၅)ရက်တွင်ရွာသို့ပြန်ရန်မေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 07:52 PM PDT
ခေါင်းဆောင်သစ်တွေ
အပြောင်းအလဲ ဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ အစိုးရ ဝန်ကြီး အဖွဲ့ဝင်တွေကို
စနေနေ့က ရွေးချယ်ခဲ့ပါတယ်။ နှစ်ပတ်လည် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်မှာ
ကန့်ကွက်မဲမရှိ ခေါင်းဆောင်သစ်တွေ၊ အစိုးရ အဖွဲ့ဝင်သစ်တွေကို မဲခွဲရွေးချယ်
ဆုံးဖြတ်ခဲ့ကြတာပါ။ နောင် ၁၀ နှစ်ကြာ တရုတ်နိုင်ငံကို ခေါင်းဆောင်သွားမယ့်
သမ္မတသစ် ရှီကျင်ပင်းနဲ့ ဝန်ကြီးချုပ် လီခွန့်ချောင်းတို့အနေနဲ့ ပြည်တွင်း
ပြည်ပက စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရမှာပါ၊ ဒီတော့ ဘယ်လို စိန်ခေါ်မှု
ကြီးကြီးမားမားရှိနေသလဲ ဒီစိန်ခေါ်မှုကြီးတွေကို ဘယ်လိုကိုင်တွယ်
ဖြေရှင်းသွားသင့်သလဲ ဆိုတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်က မတ်လ ၁၆ ရက်နေ့က အစိုးရအဖွဲ့ဝင်သစ်ကို တရားဝင် မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာ နောက် ၁၀ နှစ်ကြာ အုပ်ချုပ်မယ့်အစိုးရအဖွဲ့အတွက် သမ္မတအဖြစ် ရှီကျင်းပင် နဲ့ ၀န်ကြီးချုပ်အဖြစ် လီခွန့်ချောင်းတို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒု-၀န်ကြီးချုပ် ၄ ဦးအဖြစ် Zhang Gaoli၊ Liu Yandgon၊ Wang Yang နဲ့ Ma Kai တို့ကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ အနားယူတော့မယ့် Yang Jiechi ကိုတော့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတော်ကောင်စီဝင်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ပါတယ်။ အသက် ၆၂ ရှိပြီဖြစ်တဲ့ Yang Jiechi ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Wang Yi နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းကို စီမံကွပ်ကဲနေတဲ့ Chang Wanquan ကတော တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ တရုတ်အစိုးရအနေနဲ့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ကြီးမားပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေအတော်များများနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုတွေကတော့ တိုင်းပြည်တွင်း ကြီးထွားလာနေတဲ့ ဆင်းရဲချမ်းသာကွာဟမှု၊ အဂတိလိုက်စားမှု ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ ထိခိုက်ကျဆင်းမှု၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ အမေရိကန်အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပဋိပက္ခတွေဖြစ်နေတာတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အခြေအနေကတော့ အရင်သမ္မတဟောင်း ဟူကျင်းတောင် သမ္မတအဖြစ်ရှိနေတုန်းက အခြေအနေနဲ့တော့ အတော်လေးကို ကွာခြားပါတယ်။ တရုတ်နိုင်ငံ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ စီးပွားရေး တိုးတက်လာဖို့သက်သက်တင်မဟုတ်ဘဲ၊ တိုင်းပြည်တခုလုံးရဲ့ စီးပွားရေးကို ပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခုနှစ်မှာ သူတို့ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၇.၅ ရာခိုင်နှုန်းတက်ဖို့ ရည်မှန်ထားပြီး၊ အရေအတွက်များများ ထုတ်လုပ်ဖို့အစား အရည်အသွေးကောင်းတွေ ပြောင်းလဲထုတ်လုပ်လာနိုင်ဖို့ ပိုပြီးတော့ အာရုံစိုက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၀ ခုနှစ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးကို အခုလက်ရှိအခြေအနေထက် ၂ ဆကြီးထွားလာဖို့ မျှော်လင့်ချက် နဲ့ စားသုံးသူတွေရဲ့ ၀ယ်လိုအားနဲ့ ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်ဖို့ကိစ္စတွေကို အဓိကထားပြီး စီးပွားရေးကို ပြန်ပြီးချိန်ခွင်လျှာညှိဖို့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှုအသစ်က စဉ်းစားနေကြပါတယ်။ ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ လယ်သမားတွေဟာ လခကောင်းကောင်းရတဲ့အလုပ်တွေကို လုပ်ဖို့အတွက် မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်လာနေကြတဲ့အတွ “မြို့ပြတည်ဆောက်မှုက အဓိကအချက်ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြေတွေသိမ်းနေတဲ့လယ်ရှိ စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကို လုပ်ရမှာဖြစ်ပါတယ်။” မြေယာတွေအသုံးပြုတာကနေ ရရှိလာတဲ့အကျိုးအမြတ်တွေကို လယ်သမားတွေကို ပိုပြီးတော့ ခံစားခွင့်ပေးလိုက်ခြင်းအားဖြင် “ဒေသခံအစိုးရတွေအနေနဲ့ အခွန်အတွက် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ် ကောက်ခံတဲ့အခွန်တွေကို စည်းကြပ်ကောက်ခံသင့်ပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေး နဲ့ အခွန်စနစ်ကို ပြောင်းလဲ တဲ့နေရာမှာ ခြေလှမ်းတရပ်ဖြစ်နိုင်ပါတယ်။” တရုတ်နိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုပုံစံကို ပြောင်းလဲဖို့အတွက် နည်းပညာအသစ်တွေ လိုအပ်ပါတယ်။ ကမ္ဘာကြီးတခုလုံးရဲ့ စက်ရုံအဖြစ် နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ တရုတ်နိုင်ငံအတွက် တန်ဖိုးသတ်မှတ်မှုကို မြင့်တင်ဖို့ကိစ္စမှာ နည်းပညာဟာ အရေးကြီးပါတယ်။ တရုတ်ပြည့်သူ နိုင်ငံရေးအကြံပေးညီလာခံ အဖွဲ့ဝင်ကိုယ်စားလှယ်တဦးဖြစ်တဲ “နည်းပညာဆန်းသစ်တီထွင်မှုတွေက အပိုထုတ်လုပ်နေတာတွေ နဲ့ စွန့်ပစ်လိုက်ရတာတွေကို လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အရေအတွက်ထက် အရည်အသွေးကို အလေးပေးလုပ်ဆောင်တာတွေ ဆက်လုပ်သွားသင့်ပါတယ်။” တရုတ်အစိုးရရဲ့ ခေတ်မီအစီအစဉ်သစ်က အလုပ်အကိုင်ကျွမ်းကျင်မှုကို မြင့်တက်လာဖို့ ရည်ရွယ်တာဖြစ်ပြီး၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကြားမှာ ဆန်းသစ်တီထွင်မှုတွေကိုလည်း အားပေးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးပိုင်းကလည်း တရုတ်နိုင်ငံ အစိုးရသစ်အတွက် သိသာတဲ့စိန်ခေါ်မှုတခု ဖြစ်စေပြီး၊ တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှုအတွက် သက်သာစေဖို့အတွက် မူဝါဒသစ်တွေ အလျှင်အမြန် လိုအပ်နေပါတယ်လို့ CPPCC အဖွဲ့ဝင် Si Fuchun က ပြောပါတယ်။ “အစိုးရအနေနဲ့ အခုလက်ရှိလုပ်ဖို့ လိုအပ်နေတာက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ တိုက်ဖျက်ဖို့ကိစ္စကို ပိုပြီးအာရုံစိုက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။” ဒါ့အပြင် တရုတ်နိုင်ငံသားတွေဟာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့ ဝေဖန်ပြောဆိုလာနေကြပြီး၊ အတော်များများကလည်း အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့အတွက် တောင်းဆိုလာကြပါတယ်။ ညီလာခံအဖွဲ့ဝင်တဦးဖြစ်တဲ့ Chen Juanguo ကတော့ နည်းပညာတွေက အဂတိလိုက်စားမှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့ ကိုရန်နိုင် (ဗွီအိုအေ)
|
||
Posted: 16 Mar 2013 06:09 PM PDT
“တိုးပေးတာကို
ဝမ်းသာလို့ ရအောင် ကုန်ဈေးနှုန်း မတက်ပါမှ ပါပဲ။ ဝန်ထမ်း မိဘတွေ အနေနဲ့
ကလေးတွေရဲ့ ကျူရှင်စရိတ် မတက်ပါမှ အဆင်ပြေနိုင်ပါမယ်။ ပြောင်းလဲနေတဲ့
အချိန်မှာ သားသမီးတွေရဲ့ ကျူရှင်စရိတ်က မိဘတွေအပေါ် ဝန်ထုပ်ဝန်ပိုးကြီး
ဖြစ်နေတာကို ပညာရေးဝန်ကြီး အနေနဲ့ အလေးအနက်ထား စဉ်းစားစေချင်ပါတယ်” ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 01:42 PM PDT
လက်ပံတောင်းတောင်
ကြေးနီ စီမံကိန်း အစီရင်ခံစာ အရ ဦးပိုင်+၀မ်ဘောင်နှင့် မြန်မာအစိုးရ
စာချုပ်သစ် ပြန်လည် ချုပ်ဆိုမည်ဆိုလျှင် ထည့်သွင်း စဉ်းစားနိုင်မည့်
အကြုံပြုချက်များကို စီမံကိန်း ၀န်ထမ်းများက Myanmar News Now ကိုပေးပို
့ထား ပါသည်။ အကြံပြုချက်တွေကို ထည့်သွင်း စဉ်းစားမည် ဆိုပါက နိုင်ငံတော်
သမ္မကြီး အနေနှင့်လည်း ကမ္ဘာပါတ်၍ ပိုက်ဆံချေး နေရတာ လျော့သွား ပါလိမ့်မည်။
ဦးပိုင် နှင့် ၀မ်ဘောင် အတွက်လည်း အကျိုးအမြတ်တွေ ရှိနေအုံးမည်ဟု
ဆိုထားပါသည်။
အကြံပြုချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 01:31 PM PDT
မတ်လ
(၁၂)ရက်နေ့ ထုတ် ကြေးမုံ သတင်းစာပါ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း
စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ စာအမှတ်၊ ၀၁/ကြေးနီ(ကော်မရှင်)/၂၀၁၃-၅၉
ရက်စွဲ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ၊ အစီအရင်ခံစာအား အများပြည်သူ
လေ့လာနိုင်အောင် ပြန်လည်
ဖော်ပြ ပေးလိုက်ပါသည်။ အစီရင်ခံစာ အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 12:19 PM PDT
ငြိမ်းချမ်းရေး
ဖော်ဆောင်တာဟာ လွယ်ကူတဲ့ လုပ်ငန်း မဟုတ်တဲ့ အတွက် စိတ်ရှည်သည်းခံပြီး
သတ္တိရှိရှိ လုပ်ဆောင်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှ
ဝန်ကြီးချုပ်ဟောင်း Tony Blair (တိုနီ ဘလဲယား) က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေ တဲ့ ပြုပြင် ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေကို အားဖြည့် ကူညီရေး အတွက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Mar 2013 12:06 PM PDT
နေပူဖုံထူသော
ချင်းတွင်း အနောက်ခြမ်း၊ မတ်လအတွင်း တစ်ရက်။ ဆန္ဒပြနည်းပေါင်းစုံဖြင့်
နာမည်ကျော်သော ဆည်တည်းရွာအနီး အိမ်တစ်အိမ်သည် မိုဘိုင်းလ်များ၊
တက်ဘလက်များ၊ ကင်မရာများဖြင့် အလုပ်များလျက် ရှိသည်။ ထိုတိုက်ခံ
နှစ်ထပ်အိမ်အနောက်ဘက်တွင် Sky Net ဂြိုလ်တုလိုင်းကို တပ်ဆင်ထားရာ
တစ်ကမ္ဘာလုံးနှင့် တိုက်ရိုက်ချိတ်ဆက် ထားသကဲ့သို့ဖြစ်သည်။ ထိုရွာသည်
လက်ပံတောင်း အနီးတစ်ဝိုက်တွင် ရှားရှားပါးပါး လျှပ်စစ်မီးရသော
ကျေးရွာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး
ကော်မရှင် မုံရွာမြို့ မရောက်မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ်အောက်ထပ်မှ
လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါအတိုင်း ခပ်သွက်သွက်
ညွှန်ကြားလျက်ရှိသည်။
"ဦးသိန်းကိုပြောထား။ ဒေသခံက အော်သင့်ရင် အော်ပေးလိုက်။ တောင်ပေါ် မှာ ဖုန်းဘယ်သူ ကိုင်ထားလဲ။ ဆိုင်းဘုတ်တွေ ပြီးသွားပြီလား တကယ်လို့ အဲဒီဘက်ကို ဒေါ်စုလမ်းကြောင်း မတော်တဆ ဖြတ်ရင် လူထုကိုကြွေးကြော်သံ တင်ပေးလိုက်၊ ပုဒ်မ ၁၄၄ ရုပ်ဖို့၊ သံဃာတွေကို မီးလောင်ဗုံး တရားခံဖော်ထုတ်ဖို့၊ ကော်မရှင်အလို မရှိ၊ စီမံကိန်းရုပ်သိမ်းရေး .... ဒါပဲ တင်ပေးလိုက်" "ရွှေညဝါကို ဆည်တည်းကို ရွှေ့ထား"၊ "အဖြူ လေးယောက်ကို တောင်ပေါ်က ပြန်ဆွဲ ချခဲ့တော့" စသည်တို့ဖြစ်သည်။ ယင်းကဲ့သို့ဖုန်းဖြင့် ညွှန်ကြား နေသူသည် ထိုဒေသဇာတိ မဟုတ်ဘဲ ရန်ကုန်မှလာသူ တစ်ဦးဖြစ်ပြီး ၄င်းနှင့် အတူ အနည်းဆုံးငါးဦးမှ ၁၀ ဦးခန့် ပါလာကြကာ ထိုဒေသတစ်ဝိုက်တွင် ယမန် နှစ် အတွင်းကပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆည်တည်းရွာ ဒေသခံ တစ်ဦးက ပြောပြသည်။ လက်ပံတောင်းတောင် ဒေသခံ များ၏ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော် မှုမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင်ခဲ့ပြီး ထိုစဉ်က တောင်းဆိုမှုများ ကို တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရုံးဝင်း၏ ဝင်ပေါက်တွင် ဝက်မှေးရွာမှ ဦးဆောင် ၍ ဒေသခံတောင်သူ ၁၀၀ ခန့်ဖြင့်စတင် ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူ အားလုံး မှာ အမျိုးသမီးများသာ ဖြစ်ကြသည်။ ထိုအချိန်က ဒေသခံများ၏ လက်ထဲတွင် ဆိုင်းဘုတ်များ၊ ဗီနိုင်းများ မပါရှိသေးပေ။ ၄င်းတို့ခံစား နေရသည့် လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေများ လာမပစ်ရေး၊ ယာမြေ များပေါ်တွင် စက်ရုံ၊ အလုပ်ရုံ အဆောက် အအုံများ မဆောက်ရေး၊ ဝက်မှေးရွာ ဟောင်းမှ ချိတ်ပိတ်ထားသော ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်း ပြန်ဖွင့်ပေးရေး၊ ယင်းသို့ညှိနှိုင်းစဉ် အချိန် အတွင်း စီမံကိန်း ရပ်ဆိုင်းထားရေး စသည့်အချက် များသာဖြစ်ကြသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက် နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်များကို တုံ့ပြန်သည့်အနေနှင့် ကျေးရွာပိုင် ယာမြေများပေါ်၌ မကျူးကျော်ရ ဆိုသည့် လှုပ်ရှားမှုတွင် ကြေးနီစီမံကိန်း ဒေသခံများ အပြင် ရန်ကုန်မှကွန်ရက် အဖွဲ့ဝင်များပါ လက်ပံတောင်း အရေးတွင် ပါဝင်လာကြသည်။ ယင်းနောက် ၂၀၁၂ စက်တင် ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရားသို့ ဆုတောင်းရန် ရောက်ရှိလာသည့် လက်ပံတောင်းတောင် ဒေသခံအမျိုးသမီး ၁၂ ဦး သုံးရက်ကြာ မုံရွာမြို့ပေါ်တွင် မုံရွာအာဏာပိုင်များက ဖမ်းဆီးလိုက်ကြသည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် ဝမ်ပေါင်ကုမ္ပဏီ အနီး အခေါင်းသုံးလုံး မီးရှို့ဆန္ဒပြမှု၊ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆည်တည်းကျေးရွာ သုသာန် တွင် သေဆုံးပြီးသူ များမှ ပြန်လည် နိုးထလာသည့် ပါဖော့မာန့်များ ပြုလုပ်ခဲ့ကြသည်။ အောက်တိုဘာလ အတွင်း ပင် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဒေသခံ များ ဆားလင်းကြီး ရဲစခန်းတွင် အပြန် အလှန် အမှုဖွင့်ခဲ့ပြီး ဦးပိုင်က အခေါင်း မီးရှို့မှုတွင် ပါဝင်သူ ၁၆ ဦးကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ခဲ့ကြသည်။ ထို့နောက် ချင်းတွင်းမြစ်အတွင်း မီးမျှောပွဲများ၊ ဆည်တည်းရွာ ပြည်သူ့ ညီလာခံ စသည့် ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်ကွန်ရက် အဖွဲ့ဝင်များ၏ ဦးဆောင်မှုများဖြင့် ပြုလုပ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒပြမှုများအပြင် ယခုနှစ်အတွင်း နိုင်ငံရေးအရ တိုက်ခိုက်မှုများဖြစ်သည့် သမ္မတကို တရားစွဲဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို ဆန္ဒပြခြင်းတို့ အထိ လက်ပံတောင်း တောင်၏ နောက်ကွယ်မှ ပေါ်ထွက် လာခဲ့ရာ ထိုပြဿနာသည် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ထွန်းသစ်စ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ခြိမ်းခြောက်လာ ဖွယ်ရှိလာသည်။ စီမံကိန်း ဆက်လုပ်သင့်သည်ဟု ၂၀၁၃ မတ်လ ၁၄ ရက်တွင် အကြံပြုခဲ့သည့် ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် အဓိကကန့်ကွက် နေသော တုံရွာ သပိတ်စခန်းသို့ ဝင်ရောက်ကာ အောက်ပါအတိုင်း ရှင်းပြခဲ့သည်။ "စီမံကိန်းကို ရပ်လိုက်မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာ သေသေချာချာ ဂဃဏန ထောက်မပြ ပါဘူး။ အကျိုးဆက်ကတော့ ပျက်စီးတဲ့ မြေကတော့ ပျက်စီးတဲ့အတိုင်း ဖြစ်မှာပါ။ လယ်ယာမြေမရှိတဲ့သူက မရှိတဲ့အတိုင်းဖြစ်မှာပါ။ တခြားဘာမှ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ယုံကြည်မှု အများကြီး ကျသွားမှာပါ။ ကမ္ဘာမှာ ဆိုလို့ရှိရင် ဒီနိုင်ငံဟာ စီးပွားရေးအရ စာချုပ်ချုပ်ပြီး အလုပ်လုပ်သင့်တဲ့ နိုင်ငံ မဟုတ်ဘူးလို့ အများကဒီလိုပဲ သုံးသပ်မှာပါ။ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့တောင် အဆင်ပြေအောင် မနေတတ်တဲ့နိုင်ငံ ဖြစ်သွားမှာပါ။ ကျွန်မတို့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ အပြုသဘော ဆောင်တဲ့ ဘက်က ကိုင်တွယ်ပါတယ်။ အပြစ်ရှာဖို့လည်း မဟုတ်ပါဘူး။ အပြစ် ဖို့ဖို့လည်း မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ ဒီကိစ္စဟာ နောင်ကျလို့ရှိရင် ကျွန်မတို့ အတွက် ဘယ်လိုအကျိုးဖြစ်အောင် လုပ်ရမလဲ။ ဆိုတဲ့အမြင်နဲ့ လုပ်တာ" ဟု တုံရွာ သပိတ်စခန်းတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ကော်မရှင်၏အစီရင်ခံစာကို တင်းတင်းမာမာ တုံ့ပြန်ကာ စီမံကိန်းရပ် ဆိုင်းရန်သာ ပြောဆိုနေကြသည့် သပိတ် စခန်းကို ဦးဆောင်နေသူမှာ ဒေသခံတစ်ဦး မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြနေခြင်းကိုပင် လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ကြတော့သည်။ ယခု ကန့်ကွက်မှုများသည် ရန်ကုန်မှ လာရောက်သူတစ်စုက အမာခံဖြစ်ပြီး ထိုသူတို့နှင့် အတူ ရုပ်သံမီဒီယာသမား တစ်ဦးသည်လည်း ထိုရွာတွင် လပေါင်းများစွာ နေထိုင်လျက်ရှိကာ ၂၀၁၃ ခုနှစ် မတ်လ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ထွက်လာချိန်တွင် အချိန်ကိုက်လှုပ်ရှား မှုများကို စတင်သည်ဟု ဒေသခံများက ဆိုသည်။ လက်ပံတောင်း တင်းမာမှုများ၏ နောက်ကွယ်တွင် ရန်ကုန်အခြေစိုက် ကွန်ရက်တစ်ခု၊ ရွာခံအချို့နှင့် ပြည်တွင်းတွင် နေရာမရသည့် ပြည်ပ နေသူအချို့ ပါဝင်သည်ဟုလည်း Online သတင်းများက မှတ်ချက်ပြုကြသည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ၏ အောက်ပါစကားဖြင့် ချိန်ထိုးကြည့် စေချင်ပါသည်။ "နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်တယ် ဆိုတာ နိုင်ငံ့အတွက် ကောင်းစေချင်လို့ လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တာမျိုး ဖြစ်ရမယ်။ နိုင်ငံ့အတွက် ကောင်းစေချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တယ်ဆိုရင် အမုန်းခံ ရဲရမယ်။ တချို့ကိစ္စတွေက အားလုံး သဘောတူမှာ မဟုတ်ဘူး။" ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင် စီမံကိန်းအတွင်း မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်ခန့် အစီရင်ခံစာနှင့် ပတ်သက်၍ ရွာ ၁၀ ရွာကျော်ခန့်ရှိ ဒေသခံများကို တစ်နေ့ကုန် လိုက်ရှင်းပြခဲ့သည်။ အများစုမှာ ကော်မရှင်၏ အစီရင်ခံစာ ကို မဖတ်မိကြဘဲ စီမံကိန်းဆက်လုပ်မည်၊ မြေသိမ်းလိမ့်မည်ဟု နားလည်ကာ ကန့်ကွက်နေကြခြင်း ဖြစ်သည်။ ထိုကန့်ကွက်မှုနှင့် ပတ်သတ်၍ နေပြည်တော်တွင် The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် မေးမြန်းရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒပြကန့်ကွက်သူ များ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများရှိကြောင်း မှတ်ချက်ပေးခဲ့သည်။ "နိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံးအဖြေကို ရှာပြီး လုပ်ခဲ့တာပါ။ အများကြိုက်မှာ၊ မကြိုက်မှာ သြဘာပေးမှာ မပေးမှာကို မစဉ်စား ပါဘူး။ သဘော မတူမယ့်သူတွေ ရှိမယ်ဆိုတာ အစကတည်းက သိပါတယ်။ မီးလောင်ဗုံး ဆိုတာလည်းမဟုတ်ဘူး။ Smoke ဗုံး၊ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေမ ပြောနိုင်ဘူး။ အမေဒါကို ကိုယ်တိုင်ထုတ်တဲ့ စက်ရုံမှာ သွားစမ်းပြီးသွားပြီ" ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ် တွင်မှ အပြန်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သော ၂ နှစ်က စွန့်ပစ် မြေဇာများ ယာမြေများပေါ်တွင် မပုံရေးမှ စတင်ခဲ့သော လက်ပံတောင်း ပဋိပက္ခသည် ယခုအခါတွင် ကော်မရှင် က စီမံကိန်းဆက်လုပ်၍ မြေယာ လျော်ကြေးများကို ကာလပေါက်ဈေး ဖြင့် ပေးပါမည် ဆိုသောအခါတွင်လည်း တောင်ကြီးကိုပဲ လိုချင်သည့် စီမံကိန်း ကို ရပ်ပါ ဟူသည်အထိ ပြဿနာကို လက်ပံတောင်းတောင်အနောက်က လူများက ပြောင်းထားလိုက်ပြီ ဖြစ်သည်။ မတ်လ ၁၃ ရက် နေ့က ဖြေရှင်း ပေးရန်ရောက်လာသော ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ရှုံ့ချသည်။ ဆဲဆိုသည်။ ပြီးခဲ့ သည့် ရက်ပိုင်းအတွင်းက သမ္မတကို တရားစွဲသည်။ ထိုမတိုင်မီ မုံရွာမြို့ကြီး တွင်ပင် မမြင်ဘူး၊ မကြားဘူးသော သင်္ချိုင်းအတွင်း သရုပ်ပြ ဆန္ဒပြမှုတွေ အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ကြသည်။ ထိုသူတို့သည် လွန်ခဲ့သော နှစ် ၅၀ ကျော်က အယူဝါဒ မှိုင်းမိသကဲ့သို့ တစ်ဖက်ပိတ်လမ်း၏ အန္တရာယ်ပိုင်း သို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့သည်။ ပညာအခြေခံအားဖြင့် အားနည်းသူ များကို ထိုသို့ဖြစ်လာစေရန် လုပ်နေသူမှာ အများအပြားမဟုတ်။ အရေအတွက် အနည်းငယ်သော စည်းရုံးလှုံ့ဆော် နေသူများက အဓိကဖြစ်သည်။ ထိုသူတို့သည် မြန်မာ တစ်နိုင်ငံလုံးက သိချင်နေကြသည့် လက်ပံတောင်းတောင် ပဋိပက္ခနောက်ကွယ်က ဇာတ်လိုက်များ ဖြစ်သည်။ ထိုသူတို့သည် ထိုဒေသအတွက် မည်မျှ အကျိုးဆောင်နိုင်မည်ကို မသိသော်လည်း သန်း ၆၀ သော မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတို့ ၏ ထွန်းသစ်စ အနာဂတ်ကိုပါ မှုန်မှိုင်း မှိန်ဖျော့သွားစေခြင်းငှာ မလုပ်သင့်။ ထိုသူတို့သည် ....။ (The Voice Weekly သတင်းအဖွဲ့) by The Voice Weekly |
||
Posted: 16 Mar 2013 12:02 PM PDT
မုံရွာ။ လက်ပံတောင်းတောင် ဒေသတွင် ပြုလုပ်ထားသော သပိတ်စခန်း၃ခုတွင် သပိတ်စခန်းများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“အခု ကျွန်တော်တို့ အစည်းအဝေး ထိုင်နေပါတယ်။ နောက်နာရီဝက် နေရင်ဆက်သွယ်ပါ။ သပိတ်လှန်ရတဲ့အကြောင်း အရင်းကို ပြောပါမယ်“ဟု သပိတ်စခန်း များဆောင်ရွက်နေသူ တစ်ဦးကပြောသည်။ လက်ပံတောင်းတောင်ဒေသရှိ လိပ်ခွံတောင်သပိတ်စခန်း၊ အင်ကြင်းတောင် သပိတ်စခန်းနှင့် တုံရွာသပိတ်စခန်းများအား ရပ်ဆိုင်းကာ ပြန်လာနေကြပြီဟုသိရသည်။ သပိတ်လှန်ရသည့်အကြောင်းအရင်းကို မတ်လ ၁၇ရက်နံနက်တွင် ထုတ်ပြန်သွားမည်ဟုသိရသည်။ ကိုသစ္စာ(မုံရွာ) - Yangon Media Group
|
||
Posted: 16 Mar 2013 11:40 AM PDT
တရုတ်တိုင်ပေသည် မြန်မာ့ ဈေးကွက်တွင် အခြေခံ အဆောက်အအုံပိုင်းနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှု
ကဏ္ဍများတွင် စီးပွားရေး ဝင်ရောက် လုပ်ကိုင်နိုင်မည့် အလားအလာများ ရှိနေကြောင်း တိုင်ဝမ်ပြည်ပ ကုန်သွယ်မှုဖွံ့ ဖြိုးရေးကောင်စီ (TAITRA)က ပြောကြား လိုက်သည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 11:32 AM PDT
ရိုမန်
ကက်သလစ် အသင်းတော် ကြီးရဲ့ သာသနာ ပိုင်အဖြစ် ရွေးချယ် တင်မြောက် ခံခဲ့ရတဲ့
ပုပ်ရဟန်း မင်းသစ် ဖရန်စစ် ကနေ ရောမ မြို့မှာ သတင်း မီဒီယာ တွေနဲ့ တွေ့ဆုံ
ရာမှာ အသင်းတော်ကြီး အနေနဲ့ ဆင်းရဲ နွမ်းပါး သူတွေ အတွက် ဆောင်ရွက်ပေး
နေတဲ့ လုပ်ငန်း တွေကို မမေ့လျော့ သင့်ကြောင်း ပြောကြား သွား ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Mar 2013 11:24 AM PDT
မြောက်ကိုရီးယား
အစိုးရနဲ့ ပတ်သက် နေတဲ့ အွန်လိုင်း သတင်းစာ တစောင် ကနေ တောင်နဲ့
မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ် အနီး တောင်ကိုရီးယား ဘက်ခြမ်းမှာ
နေထိုင် ကြသူတွေ အနေနဲ့ ဘေးလွတ် ရာကို ပြောင်းရွှေ့ သွားသင့် တယ်လို့ သတိ
ပေး ပြောကြား လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Mar 2013 11:20 AM PDT
ရန်ကုန်တက္ကသိုလ်
ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့
အခမ်းအနားကို ဒီကနေ့ညနေပိုင်းက အင်းလျားကန်ဘောင်မှာ ကျင်းပခဲ့ပြီး လူဦးရေ
၂၀၀ လောက် တတ်ရောက်ခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 11:13 AM PDT
လက်ပံတောင်းတောင်
ကြေးနီ စီမံကိန်းအတွက် သိမ်းဆည်းလိုက်တဲ့ မြေယာတွေအတွက် စီမံကိန်း
အကောင်အထည် ဖေါ်နေတဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီက ဒီနေ့ကစပြီး လယ်ယာမြေလျော်ကြေး
စတင်ပေးနေရာမှာ တောင်သူအများစုက သွားမထုတ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Mar 2013 11:09 AM PDT
လက်ပံတောင်းတောင်
ကြေးနီ စီမံကိန်း အတွက် မြေယာ လျော်ကြေးငွေ ကို မတ်လ ၁၆ ရက်နေ့ မှ စတင်
ပေးအပ်တဲ့ အကြောင်း မုံရွာ ခရိုင် ဆားလင်းကြီး မြို့နယ်၊ မြို့နယ်
အုပ်ချုပ်ရေး မှူးရုံးမှာ မနက် ၈နာရီ မှ ညနေ ၆နာရီ အထိ ဖြစ်ပုံ ကို မြို့နယ်
အုပ်ချုပ်ရေး မှူးရုံးမှ ဘီဘီစီ ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
[Message clipped] View entire message
0 comments:
Post a Comment