Wednesday, March 6, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၃)

သစ်ထူးလွင်



Posted: 06 Mar 2013 06:50 AM PST
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲ မှုများအပေါ် ကျေနပ်မိသော်လည်း နောက်ထပ် လုပ်ဆောင်ရန် လိုနေသေးသည်ဟု ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Barroso က ဆိုသည်။ မတ်လ ၅ ရက်နေ့က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် မြန်မာ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ဥရောပ ကော်မရှင် ဥက္ကဋ္ဌ José Manuel Barroso နှင့် သမ္မတ ဦးသိန်းစိန်တို့ ၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံနှုတ်ဆက်ကြစဉ်။ (Photo: ec.europa.eu) “အထင်ကြီးရလောက်တဲ့ အပြောင်းအလဲ အခု ဖြစ်ပေါ်နေတယ် ဆိုပေယ့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ မပြီးပြည့်စုံသေးပါဘူး” ဟု Barroso က ကြေညာချက်တခုတွင် ဆိုသည်။

Posted: 06 Mar 2013 06:38 AM PST
2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာ အသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့် အနိုင်ယူကာ သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ်(၇)မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပွဲအပြီးတွင် ပရိသတ်များအား ဂါရ၀ပြုနေသော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း။

Posted: 06 Mar 2013 06:29 AM PST
အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌ တဦးအနေနဲ့ရော နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တဦး အနေနဲ့ပါ တတ်နိုင်သလောက် လုပ်ဆောင် ပေးသွားမယ်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Mar 2013 04:41 AM PST
မန္တလေးတိုင်း၊ မြင်းခြံမြို့က စားသောက်ဆိုင်တခုမှာ မတ်လ ၅ ရက်ညက စစ်ဗိုလ်တဦးနဲ့ စစ်သားတစုက လူငယ်တဦးကို ၀ိုင်းရိုက်ခဲ့ကြပါတယ်။ မြင်းခြံမြို့က ကောင်းကောင်း စားသောက်ဆိုင်မှာ မင်္ဂလာဦးညစာ ၀ိုင်းဖွဲ့ စာေးသာက်နေကြတဲ့ လူငယ်တစုနဲ့ အဲ့ဒီဆိုင်မှာ လာရောက်စားသောက်နေတဲ့ တပ်မတော်အရာရှိ ၂ ဦးတို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Mar 2013 04:07 AM PST
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့မှာ ဓာတ်အားပေး စက်ရုံအနီး ဖြတ်သန်းသွားတဲ့ သားအဖ ၂ ဦး ဓာတ်လိုက်ခံရပြီး အသက် ၉ နှစ်ရွယ် သမီးဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့ပါတယ် ။ ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက် ဗိုလ်အောင်ကျော် လမ်းမှာနေထိုင်တဲ့ ဦးဝင်းစိန် နဲ့ သမီးဖြစ်သူ မလှိုင်သက်ထွေးတို့ဟာ ဒီကနေ့မနက် ၇ နာရီလောက်က နံနက်ခင်း လမ်းလျှောက်ရင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ကော့သောင်းမြို့ ရှိ ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံ

Posted: 06 Mar 2013 03:57 AM PST
ယနေ့ နံနက် ၁၀ နာရီ ၅၀ ခန့်တွင် ရန်ကုန်မြို့၊ အနောက်ရွာမရှိ ဦးပိုင် ကုမ္ပဏီပိုင်ဆိုင်သော သံမဏီ အရည်ကြို စက်ရုံ အမှတ် (၃) မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသည် အပူလွန်ကဲခြင်းမှ မီးစတင်လောင်သည်ဟု အင်းစိန်မြို့နယ် မီးသတ်ဦးစီးဌာနမှ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ဓာတ်ပုံ- သူရိန်

Posted: 06 Mar 2013 03:48 AM PST
စိန်ဂေဟာ ဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာတို့မှ တာဝန်ကျဝန်ထမ်း မိန်းကလေး  နှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွ ဆေးရောင်းချ သည်ဟုဆိုကာ သက်ဆိုင်ရာမှ တည်ဆဲ ဥပဒေများနှင့် အရေးယူ ဆောင်ရွက်  လျက်ရှိကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 05 Mar 2013 11:07 PM PST
ဘင်္ဂလာဒေခ်ျ့ တွင် လူနည်းစု ဟိန္ဒူ လူမျိုးများ ဆက်လက် တိုက်ခိုက်ခံနေဆဲ ဖြစ်သည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြသည်။ နိုင်ငံ အနှံ့အပြားရှိ ဟိန္ဒူအမျိုးသားများပိုင် ဈေးဆိုင်များ၊ နေအိမ်များနှင့် ဘုရားကျောင်းများကို ယမန်နေ့ကလည်း ၀င်ရောက် တိုက်ခိုက် မီးရှို့ ဖျက်ဆီးမူများ ရှိခဲ့သည်ဟု ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Mar 2013 10:25 PM PST
သမ္မတ ချားဗက်ဇ် အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တပတ်ကြာ ထားရှိမှာ ဖြစ်ပြီး သမ္မတ ရုပ်ကလာပ်ကို ကရားကပ်စ် မြို့တော်က စစ်ကျောင်းကို အခမ်းအနားနဲ့ ပို့ဆောင်မယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီး Elias Jaua က ကြေညာ လိုက်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗင်နီဇွဲလား ပြည်သူတွေ ကြိမ်မီးအုံးသလို ဖြစ်

Posted: 05 Mar 2013 10:19 PM PST
ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲ မြို့တော်မှာ ဥရောပ ကော်မရှင် ဥက္ကဌ ဂျိုဆေး မန်နူရယ် ဘာရိုဆိုနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တရပ် အင်္ဂါ နေ့က ကျင်းပခဲ့ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ အီးယူ ဘက်က အဓိက အားဖြင့် မြန်မာ သမ္မတရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ချီးမွမ်း ပြောဆို သွားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သာမန် ပြည်သူတွေ အဆင်ပြေစေဖို့ လိုလား

Posted: 05 Mar 2013 10:09 PM PST
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော် (ခ)ဦးဖြိုးဇေ ယျာသော်သည် ကျန်းမာရေးကြောင့် ယခုကျင်းပ နေသော ပထမအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးမှ အနားယူထား ရကြောင်း သိရသည်။ ''ကျန်းမာရေးကြောင့် အနားယူ ထားတာပါ။ စီပိုး နည်းနည်းများလာ တဲ့အတွက် ကြောင့်ပါ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Mar 2013 09:59 PM PST
၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။ အစိုးရစရိတ်ဖြင့် ပြည်ပထွက်ခွာ သူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင် အရာရှိထံ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Mar 2013 09:45 PM PST
အများပြည်သူ အပန်းဖြေ အနားယူသည့် ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေ ကစားကွင်းတွင် လူငယ်တစ်စုက အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦး အား မူးယစ်ရမ်းကား ရန်စ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၃ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က စမ်းချောင်း မြို့နယ်နေ ကိုစိုင်းဇာဟန်သည် ၈ လ အရွယ် သမီးငယ်နှင့်အတူ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Mar 2013 09:37 PM PST
ဟုမ္မလင်းမြို့နယ်ရှိ သစ်ပါးလွှာစက် ရုံဝန်ထမ်းများ ဒုတိယအကြိမ် အစာ အဆိပ်သင့်မှု တွင် ခြောက်ဦး သေဆုံးပြီး ၂၇ ဦး ဆေးရုံတင်ပို့ ခဲ့ရသော်လည်း အဆိပ်သင့်မှု ဖြစ်ပွားပြီး ရက်သတ္တတစ်ပတ်ကြာ သည့်တိုင် ဓာတ်ခွဲခန်း အဖြေ မထုတ်ပြန် သေးကြောင်း သတင်းရရှိသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Mar 2013 09:28 PM PST
နေပြည်တော် ကောင်စီနယ် မြေအတွင်းရှိ နေပြည်တော် တိုင်းစစ် ဌာနချုပ် နယ်မြေ အနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြောများ ရှိနေကြောင်း ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်းက ပြောသည်။ ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 05 Mar 2013 09:21 PM PST
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် အစိုးရမှ အကောင်အ ထည်ဖော် ဆောင်ရွက်မည့် ဧရာဝဏ်စီ မံကိန်းနှင့် ရတနာ အိမ်ရာစီမံကိန်းတို့၏ သတ်မှတ် ထားသော ဈေးနှုန်း များကို ပြင်ဆင်သတ်မှတ်သွား မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးကပြောသည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Mar 2013 09:11 PM PST
ရန်ကုန်မြို့အတွင်းရှိ ဆေးဆိုင်များအပြင် ဈေးဝယ် စင်တာများရှိ ဆေးဆိုင်များတွင်ပါ လိင်စိတ်ကြွ ဆေးရောင်းချမှုများအား ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ စီမံချက်ဖြင့် ၀င်ရောက်ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။ ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

Posted: 05 Mar 2013 05:28 PM PST
မြန်မာနိုင်ငံ မီဒီယာ ဥပဒေသစ် တရပ်ကို အခု လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ အစိုးရက တင်သွင်းထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာ သေးခင်ကပဲ ဆင်ဆာ ဖြတ်တောက်မှုကို ဖျက်သိမ်းလိုက်တာကြောင့် သတင်းမီဒီယာနဲ့ ပတ်သက်လို့ တိုးတက်မှု မြင်လာရပေမဲ့၊ အခု ဒီဥပဒေကြမ်းဟာ အခြေအနေတွေကို သိသိသာသာ နောက်ပြန် လှည့်သွားစေတဲ့ ခြေတလှမ်းဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဝေဖန်နေပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ Danielle Bernstein ရဲ့ သတင်းလွှာကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

အခုလက်ရှိ လွှတ်တော်ကို တင်သွင်းထားတဲ့ ပုံနှိပ်ဥပဒေမူကြမ်း အတည်ဖြစ်သွားခဲ့ရင် သတင်းထောက်တွေအတွက်တော့ သတင်းရေးသားရတဲ့ နေရာမှာ ပိုပြီး ခက်ခဲသွား နိုင်ပါတယ်။

ဥပဒေကြမ်းထဲမှာတော့ လက်ရှိ တိုင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိခိုက် ချိုးဖောက်စေတဲ့ အရေးအသားတွေ၊ မတည်ငြိမ်မှုတွေဖြစ်အောင် လှုံ့ဆော်ရေးသားမှုမျိုးတွေကို တားမြစ်တယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဘယ်လို အခြေအနေမျိုး၊ ဘယ်လို ရေးသားဖော်ပြမှုမျိုးဟာ ဥပဒေ ချိုးဖောက်တယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးရုံး မှတ်ပုံတင်ဌာနကို လုပ်ပိုင်ခွင့်ပေးသလို ပြန်ဖြစ်သွားပါတယ်။

ဒီဥပဒေဟာ တကယ်တော့ သတင်းထောက်တွေအနေနဲ့ မိမိရေးသားချက်ကို မိမိကိုယ်တိုင် ဆင်ဆာဖြတ်တောက်ရတဲ့ ဆင်ဆာဖြတ်တောက်မှု ပုံစံသစ် ဖြစ်လာစေလိမ့်မယ်ဆိုပြီး အမေရိကန်အခြေစိုက် သတင်းထောက် ကာကွယ်ရေးကော်မတီ (CPJ) က ဒီဥပဒေကို ဝေဖန် ကန့်ကွက်ထားပါတယ်။

ရှောင် ခရစ္စပင်း (Shawn Crispin) ဟာ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံပါ။ ဥပဒေမှာပါရှိတဲ့ ဝေေ၀၀ါးဝါး စကားလုံး အသုံးအနှုန်းတွေဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သတင်းမီဒီယာတွေကို စောင့်ကြပ်မှုတွေကို ထိထိရောက်ရောက် လုပ်မယ့် ကော်မတီသစ်တရပ်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ကြီးကြပ်သွားဖို့ ရှိပါတယ်။ ဒီ ဝေေ၀၀ါးဝါးဖြစ်နေတဲ့ ဥပဒေပါ အပိုဒ်တွေကို ချိုးဖောက်တယ်ဆိုပြီး သူတို့က သတ်မှတ်ရင်၊ အဲ့ဒီ စာစောင်၊ မဂ္ဂဇင်း ထုတ်ဝေမှုကို ရပ်နားတာ၊ အပြစ်ပေးတာ လုပ်နိုင်တဲ့အာဏာ သူတို့မှာ ရှိပါတယ်။ ဒါဟာ အရင်တုန်းက စာပေစိစစ်ရေး ဘုတ်အဖွဲ့ထားတုန်းက ပုံမှန်မြင်ခဲ့ ကြုံခဲ့ရတဲ့ ကိစ္စမျိုးတွေပါ။ ကျနော့်အထင်တော့ သတင်းရေးသားမှုဟာ ကျင့်ဝတ်နဲ့ ညီ မညီဆိုတာကို ကြီးကြပ်ဆုံးဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍမျိုးမှာ နိုင်ငံတော် အာဏာပိုင်တွေ မရှိသင့်ပါဘူး။”

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဥပဒေကြမ်းမတင်ခင် တိုင်ပင်ဆွေးနွေးမှုတွေလုပ်တာ၊ သတင်းထောက်တွေနဲ့ ထုတ်ဝေသူတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပေးမယ့် ပျော့ပြောင်းတဲ့ ဥပဒေတရပ်ဖြစ်လာဖို့ သတိထား ဆောင်ရွက်ခဲ့တာတွေ ရှိပေမဲ့၊ အခုလို ဥပဒေကြမ်းထွက်လာတော့ စိတ်ပျက်စရာ ဖြစ်ရတယ်လို့ ခရစ္စပင်း (Crispin) က ပြောပါတယ်။

ဒါပေမဲ့လည်း အခုဥပဒေသစ်မှာ အရင်လို ဆင်ဆာ ဖြတ်တောက်မှုဆိုတာမရှိဘဲ မှတ်ပုံတင်တဲ့ကိစ္စပဲ ပါဝင်တာမို့ အရင်ထက် တိုးတက်လာပါတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဦးရဲတင့်က ပြောပါတယ်။

အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးမယ့် ဥပဒေဖြစ်တာမို့ ဒါဟာ နိုင်ငံတကာ စံနှုန်းစံထားနဲ့လည်း ညီညွတ်ပါတယ်လို့ ဦးရဲတင့်က ပြောပါတယ်။ ဒီဥပဒေဟာ ထုတ်လုပ်သူတွေအတွက်သာ အကျုံးဝင်တာမို့၊ မြန်မာစာနယ်ဇင်းကောင်စီအနေနဲ့ ဒီ ဥပဒေကို စိုးရိမ်စရာ မလိုဘူးလို့လည်း ဦးရဲတင့်က ပြောပါတယ်။

“ဒီဥပဒေဟာ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ဆက်နွယ်စရာ မရှိပါဘူး။ ဒါဟာ ကျနော်တို့ ၀န်ကြီးဌာနကိစ္စပါပဲ။ စာနယ်ဇင်းကောင်စီအနေနဲ့ စာနယ်ဇင်း ဥပဒေကို မူကြမ်းရေးဆွဲရမှာပါ။”

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်မပြုခင် လပိုင်းအတွင်းမှာပဲ ဒီ ဥပဒေကြမ်း ထွက်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် ငါးခုအတွင်း ပထမဆုံးအကြိမ်အနေနဲ့ နေ့စဉ်သတင်းစာတွေကို မကြာခင် ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

မြန်မာတိုင်းစ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ် ထုတ်ဝေသူလည်းဖြစ်တဲ့ ရော့စ် ဒန်ကလေ (Ross Dunkley) ကလည်း အခု ဥပဒေကြမ်းအပေါ် စိုးရိမ်ချက်အချို့ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဥပဒေကြမ်းပါ ပြဿနာရပ်တွေကို ဖော်ထုတ် ဖယ်ရှားဖို့ လွှတ်တော်လုပ်ငန်းစဉ်ကတော့ ရှိနေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာ လွှတ်တော်မှာ ပြန်ဆွေးနွေးရဦးမှာပါ။

“အစိုးရက အခုလို အဆိုပြု တင်သွင်းတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒီ ဥပဒေကြမ်းအပေါ် ဆွေးနွေးတာတွေကို ကြည့်ရပါမယ်။ အဆိုပြုချက်မှာပါတဲ့ မဖြစ်သင့်တာတွေ ဆိုးရွားချက်တွေကို ပြစ်လိုက်ကြပါစို့။ ကောင်းတာတွေကို ဆက်ထားမယ်၊ ဒီလိုပဲ ဖြစ်လာမယ် ထင်ပါတယ်။”

ဒန်ကလေ (Dunkley) ရဲ့ မြန်မာတိုင်းစ်ကတော့ အခုလာမယ့် ဧပြီ ၁ ရက်နေ့စပြီး နေ့စဉ်သတင်းစာ ထုတ်နိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း သူက ပြောသွားပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)


Posted: 05 Mar 2013 04:16 PM PST
(၁၂.၂.၂၀၁၃)နေ့တွင် ပါရမီလမ်းသွယ်(၄)နှင့် (၅)အား ဆက်သွယ် ထားသော ဖြတ်လမ်းကိုပိတ်၍ လိုင်းကျင်းများ တူးပြီး ခြံစည်းရိုး အုတ်နံရံကာ လျှက်ရှိပါသည်။ ထိုနေရာ သည် လားရှိုးစည်ပင်သာယာဌာန အင်ဂျင်နီယာ ဦးထွန်းလင်းမော် မှ ယခင်နှစ်က စည်ပင် ၀န်ထမ်းအခန်း တွဲအိမ်ယာ ဆောက်လုပ်ရန် လျာထားခဲ့သော နေရာဖြစ်ပြီး ---
ပေးစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Mar 2013 04:04 PM PST
ဗင်နီဇွဲလား ပြည်သူတွေ အကြား လူကြိုက်များ တဲ့ သမ္မတ ဟူးဂိုး ချားဗက်ဇ် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သမ္မတ ချားဗက်ဇ် အနိစ္စ ရောက်ကြောင်း ဒုတိယ သမ္မတ နိကိုလပ်စ် မဒူးရိုးက တရားဝင် ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေ ကို ပြောရ အခက်ဆုံး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


သမ္မတ ကျန်းမာရေး အတွက် ဆုတောင်းပေးကြတဲ့ ပြည်သူတွေ

Posted: 05 Mar 2013 03:48 PM PST
မတ်လ(၇)ရက်နေ့ ထုတ် ရက်နေ့ထုတ် The Hot News Weekly Journal Vol-3,No-132
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Mar 2013 03:47 PM PST
အတွဲ (၁၇) အမှတ် (၉)မတ် လ၅ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ် တွင် ခိုးကူးများ ငြိမ်လာပြီ ဆိုသော်လည်း တေးစီးရီးများ ရောင်းအား တကယ်တက်လာပြီလား၊ တင်းကြပ် တောမယ့် မူပိုင်ခွင့်တွေ ကြား ကော်ပီ သီချင်းများဘယ်လို အသက်ဆက်ကြမလဲ၊ အချစ်ရေးကောလဟလ စိုးမြတ်သူဇာဖြေရှင်းပြီ ရုပ်ရှင်ဗီဒီယိုလောက ရှင်းကြ လင်းကြ၊ သဘင်လောက အခက်အခဲနှင့်ကြုံနေရသော်လည်း ကျိုက်ခေါက်ဘုရားပွဲ ဖျော်ဖြေမှုမြင်ကွင်းစုံ စသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ သတင်းများ စုံလင်စွာ----

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Mar 2013 11:52 AM PST
၅.၃.၂၀၁၃ နေ့က စကုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရှမ်းစုတောင်ပိုင်းရပ် နှင့် ရွှေပန်းရုံရပ် တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူဦးရေ(၁၁၀)ဦး အိမ်ယာများ ဆုံးရှုံးခဲ့ရသည်။ မနက်(၁၁း၃၀)ခန့်တွင် စတင်လောင်ကျွမ်းခဲ့သော မီးသည် အိမ်ခြေ(၂၀)ခန့် မီးလောင်ကျွမ်းခဲ့ပြီး စကုမြို့သူမြို့သားများ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 05 Mar 2013 11:31 AM PST
ပြီးခဲ့သည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့၌ သင်္ဃန်းကျွန်း ရန်အောင်ရပ်ကွက် ရန်အေးလမ်း  အတွင်းနေထိုင်သော မခင်သက် မော်၏ခင်ပွန်းဖြစ်သူဦးဝင်းနိုင်မှ လက်လိုက်နေသဖြင့် အနီးရှိ ဒေါက်တာဝင်းနိုင်ဆေးခန်း၌ သွားရောက်ဆေးကုသခဲ့ရာဆေး ခန်း၌ ဒေါက်တာဝင်းနိုင်ကိုယ်စား  ယင်း၏ သားဖြစ်သူဒေါက်တာ ကျော်ဇင်ဝင်းမှ လူနာအားဆေးထိုး   ပေးခဲ့ပြီ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Mar 2013 11:11 AM PST
သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသားတစ်ဦး လက်မောင်းကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။  ဖြစ်စဉ်မှာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...