သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၃)
သစ်ထူးလွင်
|
- တံတားဦးမြို့ တွင် မုဒိန်းကျင့် အသတ်ခံရမှု နှင့် ပတ်သတ်၍ ဒေသခံများ ဆန္ဒထုတ်ဖော်
- ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မြစ်ကြီးနားအ၀င်တွင် တားဆီးခံရ
- မတ်လ(၈)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် (၁၈၅)
- မတ်လ(၁၄)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၁)
- သမ္မတကို တရားစွဲဆိုမှုအား ဥပဒေနှင့် အညီ အမှုဖွင့်လှစ်နိုင်ရန် ဆက်လက်လုပ်ဆောင် သွားမည်ဟုဆို (ရုပ်/သံ)
- အရွယ်မရောက်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို အရေးယူ
- နိုင်ငံအဝှမ်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက် ပြည်ထဲရေးမှ မူကြမ်းဆွဲလျက်ရှိ
- ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)၏ ရခိုင်ပြည်နယ် လေးမြို့နယ်တရားပွဲများ အထူးအောင်မြင်မှုရှိ
- ပွင့်လင်းမြင်သာ ညီလာခံနှင့် ရှေ့အလားအလာ
- နွေရာသီ အပူချိန် နဲ့ အန္တရယ် (ရုပ်/သံ)
- ရခိုင် အမျိုးသားတွေ NLD မှာ ရွေးကောက်ခံရ
- ဟွမ်ပုမြစ်ထဲ ဝက်သေတွေမျောနေ
- စိတ်မနှံ့သည့် သမီးက ဖခင်အား ဓါးဖြင့်ခုတ်သတ်
- ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်၍ (၇)ဦးသေ၊ (၆)ဦးဒဏ်ရာရ
- နိုင်ငံတော်သမ္မတ ကို တရားစွဲဆိုမှု ဆားလင်းကြီးတရားရုံး က ပလပ်
- မကွေးတွင် မြေတူးမှား မှုကြောင့် မြေလွှာပျက်စီးမှုနှင့် ရင်ဆိုင်ရ
- ပြည်တွင်းလှောင်အား ကောင်းသည့် အတွက် အိန္ဒိယမှ မတ်ပဲဈေး ပိုပေး
- မအူပင် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူအား အဓမ္မ မုဒိမ်းကျင့် ၊ ပစ္စည်းယူ မသေမချင်း သတ်ဖြတ်မှု
- မန်းတွင် လူတစ်ရာကျော် အစာအဆိပ်သင့်မှု အထူးရောဂါနှိမ်နင်းရေးအဖွဲ့  ကွင်းဆင်းစစ်
- မတ်လ(၁၃)ရက်နေ့ ထုတ် Smart Pro Journal, Issue 7
- ရခိုင်က ဆန္ဒပြခေါင်းဆောင်များ ခေါ်ယူ စစ်မေးခံရ
- မတ်လ(၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊ အမှတ်-၄၅
- မတ်လ(၁၃)ရက်နေ့ ထုတ် Mobile Guide Issue 95
- ဘင်္ဂါလီ အရေး ပွင့်လင်း မြင်သာမှုရှိဖို့  ရသေ့တောင်တွင် ဆန္ဒပြ တောင်းဆို
- အိန္ဒိယ ဆေးကျောင်းသူကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ရာတွင် ပါဝင်သူ အဓိက တရားခံ ကြိုးဆွဲချ အဆုံးစီရင်
Posted: 11 Mar 2013 07:12 AM PDT
မန်းတိုင်း
ဒေသကြီး တံတားဦး ရဲစခန်းရှေ့တွင် ယနေ့မနက်က မျက်မမြင် အသက်၇၀ကျော်
မိခင်အား လုပ်ကြွေးနေသူ မိန်းကလေး တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍
ဒေသခံများ၏ တောင်းဆို ဆန္ဒထုတ်ဖော်မှု တစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယခုလ ၈ရက်နေ့တွင် တံတားဦးမြို့ရှိ မြင်းဝန်သုသန်ထဲတွင်
လူသေ အလောင်း တစ်လောင်းတွေ့ ရှိခဲ့ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
|||
Posted: 11 Mar 2013 06:37 AM PDT
ရန်ကုန်မြို့မှ
ကချင်ပြည်နယ် လိုင်ဇာမြို့သို့ငြိမ်းချမ်းရေး လမ်းလျှောက် သူများအဖွဲ့သည်
မတ်လ၁၁ရက်နေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့သို့ရောက်ရှိလာ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
|||
Posted: 11 Mar 2013 05:23 AM PDT
|
|||
Posted: 11 Mar 2013 04:17 AM PDT
|
|||
Posted: 11 Mar 2013 03:52 AM PDT
လက်ပံတောင်းတောင်
အကြမ်းဖက်မှုတွင် တာဝန်ရှိသူ သမ္မတကြီး ဦးသိန်းစိန်အား တရားစွဲဆိုမှုအပေါ်
ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ရန် အကြောင်း မပေါ်ပေါက်၍ အမှုမဖွင့်လှစ်ပါ ဟု
ဆားလင်းကြီးမြို့နယ် မြို့နယ်တရားသူကြီး ဒေါ်ခင်ခင်ဆွေမှ
အမိန့်ချမှတ်လိုက်သည်။ ဤဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ အမှုဖွင့်လှစ်
နိုင်ရန်အတွက် တရားလွှတ်တော်သို့ အယူခံတင်သွင်းမည်ဟု တရားလိုများဘက်မှ
အကျိုးတော် ဆောင်ရှေ့နေအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့်
ကိုစောကျော်ကျော်မင်းမှ ပြောကြားသည်။----
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 03:34 AM PDT
၁၉-၂-၂၀၁၃
ရက်နေ့ ၁၁၀၀ အချိန် ပင်လောင်းမြို့နယ်၊ xxxx ရွာနေ မxxxx (၁၂)နှစ်အား
တစ်ရွာတည်းနေ နေမျိုး(၂၉)နှစ်က ၎င်း၏နေအိမ်တွင် ကလေးသီချင်းခွေကြည့်ရန်
ပြောဆိုခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 03:27 AM PDT
မြန်မာနိုင်ငံ
အတွင်းရှိ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်း အတွင်းရှိ အချို့ဒေသများတွင်
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ပြည်ထဲရေး ဝန်ကြီးဌာနမှ
အဆိုပါ ပဋိပက္ခများ နိုင်ငံ
အဝှမ်း မဖြစ်ပွား စေရေးအတွက် မူကြမ်းရေးဆွဲ နေပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနရှိ လုံခြုံရေးနှင့် မှုခင်းဌာနမှ ရဲမှူးကြီး မျိုးသန့်က ပြောကြားသည်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
|||
Posted: 11 Mar 2013 03:11 AM PDT
မိုးထိမြင့်မား
အမျိုးစောင့် တရားဖြင့် ထင်ရှားသော ရခိုင်လူမျိုးတို့ အပေါ် အထူး
စိတ်ဝင်စားပြီး ထေရ၀ါဒ ဗုဒ္ဓသာသနာတော် အရှည်သဖြင့် တည်တံ့ ထွန်းကားရေး အတွက်
သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေသော မန္တလေးမြို့ မစိုးရိမ် တိုက်သစ်
ဓမ္မသဟာယကျောင်း ဆရာတော် အသျှင်ဝိစိတ္တာ ဘိဝံသ(၀ီရသူ)သည် ဖေဖော်ဝါရီလ ၂၈ ရက်
နေ့မှ မတ်လ၈ရက်နေ့ထိ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 02:58 AM PDT
ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရပ်တည်နေ သော နိုင်ငံရေး
ပါတီတိုင်းသည် စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ စည်းရုံးပုံ၊ တင်ပြပုံ၊
ဆုံးဖြတ်ပုံ၊ လမ်းညွှန်ပုံ အစစတွင် ဒီမိုကရေစီနည်းကျနေရ မည်။ ပါတီ၏အားကို
ပြည်သူထဲတွင် တည်ဆောက်ရမည်။ ပြည်သူအကြား ပါတီ၏ ပုံရိပ်ကို စတုတ်္ထမဏ္ဍိုင်ဖြစ်
သော စာနယ်ဇင်းများတွင် မပြတ် စောင့်ကြည့် သုံးသပ်နေရမည်။ အကြောင်းရင်းမှာ
နိုင်ငံရေးပါတီ တစ်ခုသည် အာဏာရှင်စနစ်၏ ထောင်ချောက်ထဲသို့
အချိန်မရွေးကျရောက်နိုင်လောက်ေ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း ညီညွှတ်ရေးကို ပြိုကွဲပျက်စီး စေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများပြုလုပ်သည်ဟု အခိုင် အမာ သတင်းရရှိသဖြင့် အန်အယ်လ်ဒီ ညီလာခံကျင်းပရေး ကော်မရှင်က ညီလာခံ ကိုယ်စားလှယ်လေးဦးကို ဗဟိုညီလာခံ ကိုယ်စားလှယ်များ အဖြစ်မှ ရပ်စဲလိုက်ကြောင်း ကြေညာ ချက်သည် ပြည်တွင်းနိုင်ငံရေးကို အတော်အတန် လှုပ်ရှားစေခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံကျင်းပ ရေးကော်မရှင်သည် အောက်ခြေပါတီ အဖွဲ့အစည်းအဆင့်ဆင့်မှ အများဆန်္ဒ အရ ဒီမိုကရေစီနည်းကျ ရွေးချယ် ထားသော ညီလာခံကိုယ်စားလှယ်များ ကို မေးမြန်းစုံစမ်းခြင်းမရှိ၊ ကိုယ်စား လှယ်အဖြစ်မှ တစ်ချက်လွှတ် ရပ်စဲမှု သည် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီ မှုရှိ၊ မရှိ ပြန်လည်ဆန်းစစ်သင့်သည်ဟု အကဲခတ်များကတိုက်တွန်းကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ဒီမိုကရက်တစ် ပတ်ဝန်းကျင် တွင် ဒီမိုကရေစီနည်းကျ ဖွဲ့စည်း တည်ဆောက်နေသည့် နိုင်ငံရေးပါတီ ဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနှ ဗဟိုညီလာခံကော်မရှင်၏ကြေညာ ချက်တွင် အဖွဲ့ချုပ်အတွင်း ညီညွတ် ရေးကို ပြိုကွဲပျက်စီးစေမည့် အပြု အမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသည်ဟု ဖော်ပြချက်သည် လည်း အငြင်းပွားဖွယ်ဖြစ်ပြီး ပွင့် လင်းမြင်သာမှုအပိုင်းတွင် အားနည်း လွန်းသည်ဟုလည်း သုံးသပ်ကြသည်။ ကိုယ်စားလှယ်များ၏ အဖွဲ့ချုပ်တွင်း ညီညွှတ်ရေးကို ပြိုကွဲစေမည့်လှုပ်ရှား မှုများနှင့် ပတ်သက်၍ ဗဟိုညီလာခံ ကော်မရှင် အနေဖြင့် ပိုမိုပြည့်စုံသော ရှင်းလင်းမှု ပြုလုပ်သင့်သည်ဟုလည်း ကောက်ချက်ပြုကြသည်။ ခေတ် ဟောင်းအစိုးရ အဆက်ဆက်သည် အမျိုးသား စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေသည်ဟု ယူဆလျက် သို့မဟုတ် နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးနှောင့်ယှက်လိုသူ များ၏ အန်္တရာယ်မှ ကာကွယ်သည်ဟု သတ်မှတ်လျက် ပြစ်မှုထင်ရှားခြင်းမရှိ၊ သက်သေ အထောက်အထားထင်ရှား ခြင်းမရှိ၊တရားမျှတစွာ ဖြေရှင်းခွင့်မရှိ မတရားဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ် ချမှတ်မှုများနှင့် နှိုင်းယှဉ်ချိန်ထိုး ပြန် လည် သုံးသပ်ကြည့်ရန် လိုအပ်မည် ဖြစ်သည်။ အဖွဲ့ချုပ်၏ ညီညွှတ်ရေးကို ထိပါး နှောင့်ယှက်လိုသူများ၏ အန်္တရာယ်မှကာကွယ်သည့် ပုဒ်မတပ် ခြင်းအသွင် ဆောင်နေမည်ဆိုလျှင် ဒီမိုကရေစီ လမ်းစဉ်နှင့် ဖီလာဆန့် ကျင်သွားနိုင်သည်ကို မျက်ချေမပြတ် သင့်ပေ။ ဒီမိုကရေစီလမ်းစဉ်နှင့် တည် ဆောက်မည့်နိုင်ငံရေးပါတီ၏ ပါတီ ၀င်များ၊ အဆင့်ဆင့်ခေါင်းဆောင်များ အကြားတွင် အမြင်၊ အယူအဆ မတူ မှုများ၊ ခြားနားမှုများရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုညီလာခံ ကိုယ်စားလှယ်များ အကြားတွင်လည်း အမြင်၊ အယူအဆ၊ သဘောထား ခြားနားမှုများရှိနေမည်မှာ မလွဲဧကန် ဖြစ်သည်။ အမြင်အယူအဆတူသော အစုအဖွဲ့များ၊ အုပ်စုများအလိုက် ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ ရှိနေမည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ လွှတ်တော်ရွေးကောက်ပွဲ များ၊ သမ်္မတရွေးကောက်ပွဲများတွင် မဲဆွယ်စည်းရုံးမှုများ ရှိနေသည့် နည်းတူ ဒီမိုကရေစီနည်းကျ ဖွဲ့စည်း မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို ခေါင်းဆောင်များရွေးကောက်ပွဲ တွင်လည်း မဲဆွယ်စည်းရုံးမှုများ ရှိ နေမည်မှာ ဒီမိုကရေစီသဘောသဘာဝ ပင် ဖြစ်သည်။ ပါတီဗဟိုကော်မတီဝင် အဖြစ် မည်သူ့ကို မဲပေးရွေးချယ်သင့် သည်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် မည်သူ့ကို ရွေး ချယ်သင့်သည်၊ ပါတီဥက်္ကဋ္ဌ၊ အတွင်း ရေးမှူး မည်သူတို့ဖြစ်သင့်သည် စသည်တို့ကို လွတ်လွတ်လပ်လပ် ဆွေးနွေး ပြောဆိုနိုင်ခွင့်ရှိရမည်။ လွတ်လပ်စွာ မဲဆွယ်စည်းရုံးပိုင်ခွင့်ရှိ အန်အယ်လ်ဒီပါတီ၏ နိုင်ငံလုံး ဆိုင်ရာညီလာခံကျင်းပရန် သုံးရက် အလိုတွင် ကိုယ်စားလှယ်လေးဦးကို အရေးယူမှုသည် လာမည့်ညီလာခံ ရက်များအတွင်း စွာကျယ်စွာကျယ်၊ လူတွင်ကျယ် လုပ်မည့်သူများကို ကျောင်းမှန်းကန်မှန်းသိအောင် ကြို သတိပေးချင်ပုံရသည့် အပြုအမူဖြစ် နိုင်သည်ဟုလည်း အချို့က သုံးသပ် ကြသည်။ အန်အယ်လ်ဒီအနေဖြင့် ဒီမိုကရေစီနည်းကျ ပါတီညီလာခံလုပ် ဖို့ အဆင်သင့်မဖြစ်ဟု ယူဆလျှင် လည်း ရက်ရွှေ့ဆိုင်းပြီး ပါတီကို ဗဟိုဦးစီးစနစ်နှင့် ဆက်လက် ထိန်း ကျောင်းနိုင်ပါသည်။ သို့သော် ယခု ကြားသိ၊ မြင်ရသောအကြောင်းအရာ များသည် သာမန်အားဖြင့် တစ်ပါတီ အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံများ၏ ပါတီညီလာခံများတွင်ပင် တွေ့ရခဲသော စီမံခန့်ခွဲမှုလွဲချော်မှုကြီး၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြီး ဖြစ်သည့် အပြင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း တွင် နင်လားငါလား အလုပ်လုပ်နိုင် သော နိုင်ငံရေးသမားကောင်းများ ရှားပါးနေဆဲဖြစ်ကြောင်း မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ အတည်မပြုနိုင်သော ကောလာ ဟလဆန်ဆန် သတင်းများအရ အဖွဲ့ ချုပ်ဗဟိုညီလာခံ ကိုယ်စားလှယ်အချို့ သည် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြစ်တင်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ပါတီခေါင်းဆောင် ဟောင်းများအား ပါတီခေါင်းဆောင် နေရာများမှ ဖယ်ရှားရန်အထိကြိုတင် ပြင်ဆင်ခဲ့ကြသည်ဟု စွပ်စွဲရေးသား ခဲ့ကြသည်။ ပါတီခေါင်းဆောင်ကို အောက်ခြေ ခေါင်းဆောင်များက ဝေဖန် သုံးသပ်မှုသည် တားမြစ်ရမည့် ကိစ်္စ မဟုတ်သည့်အပြင် ပါတီတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် အား ပေးရမည့်ကိစ်္စဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ ခေါင်းဆောင်နေရာမှ ဖယ်ရှားရေး သည် အခြေအမြစ်မရှိသော ပုံကြီးချဲ့ ဇာတ်လမ်းတစ်ခု ဖြစ်နိုင်သည်ကို လည်း ထည့်သွင်းစဉ်းစားသင့်သည်။ ယခင်အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့သည့်နည်းဟော ပကတိအခြေအနေကို အသေအချာ ဆန်းစစ်လျှင် အန်အယ်လ်ဒီပါတီ၏ ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ ခေါင်းဆောင်နေရာမှ ဖယ်ရှား ရေးသည် လုံးဝဖြစ်နိုင်မှုမရှိကြောင်း အားလုံးသိပြီးဖြစ်သည်။ ပါတီတွင်း အမြင် အယူအဆ မတူသောအစုအဖွဲ့ တစ်ခုက အဆိုတင်သွင်းလုပ်ဆောင် လာလျှင်လည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး စနစ်တကျဆွေးနွေးခွင့်ပြု ရမည်ဖြစ်သည်။ နောက်ဆုံးပါတီတွင်း မဲခွဲလျှင် အဆိုပါအစုအဖွဲ့သည်အနည်း စုဖြစ်သဖြင့် အများဆန်္ဒအတိုင်းအဖြေ ထွက်လာမည်မှာ မလွဲသောကိစ်္စဖြစ် သည်။ လက်ရှိအခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် အဖြစ်မှ ဖယ်ရှားရန်ဆိုသည့်အချက် သည် နိုင်ငံရေးလှည့်စားမှု၊ နိုင်ငံရေး ခြေထိုးမှု၊ နိုင်ငံရေးအကွက်ဆင်မှု တစ်ခုခုတို့နှင့် ပတ်သက်ကောင်း ပတ်သက် နေနိုင်သည်ကိုလည်း မျက်ချေ မပြတ်သင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ေ ပါတီတွင်း အုပ်စုချင်း၊ အစုအဖွဲ့ ချင်းဆက်ဆံရေးတွင် အားကြီးသော၊ အခွင့်သာသောအစုအဖွဲ့က အားနည်း သောအစုအဖွဲ့ကို ထိုးချလိုက်သည့် ပုံစံမျိုး ဖြစ်သွားမည်ဆိုလျှင် ပါတီ တွင်း ဂိုဏ်းဂဏ စိတ်ဓာတ်များ၊ သင်းကွဲစိတ်ဓာတ်များ အားကောင်း လာနိုင်ပြီး အဖွဲ့ချုပ်၏ညီညွှတ်ရေးကို ပိုမို ကျိုးပေါက်လာစေနိုင်သည့်အပြင် အဖွဲ့ချုပ်၏ ပြည်သူလူထုအကြား ပုံ ရိပ်ကိုလည်း ထိခိုက်လာနိုင်ဖွယ် ရှိ သည်မှာ မငြင်းနိုင်သောအချက် ဖြစ် သည်။ ဒီမိုကရက်တစ်ဝန်းကျင်၌ ပြဿနာ များ၊ ပဋိပက်္ခများကို လက်တွေ့ဖြေရှင်း ရာတွင် ဝေဖန်လိုသူများ၊ ပြုပြင် ပြောင်းလဲလိုသူများ၊ ပြောရဲဆိုရဲရှိ သူများ၊ ပြောနိုင်ဆိုနိုင်ရှိသူများကို ဘေးဖယ် ထုတ်သည့်ဗျူဟာမျိုးကို မကျင့်သုံးမိရန် အထူးလိုအပ်သည်။ ကိုယ်နှင့် မတူသူကို ကိုယ့်ရန်သူ သဖွယ် သတ်မှတ်ပြီး အခွင့်အရေးရ တိုင်း အဖွဲ့ချုပ်ညီညွတ်ရေးပြိုကွဲပျက် စီးစေနိုင်မှုကို ခေါင်းတပ်ပြီး၊ ပါတီ တွင်းအရေးယူမှု၊ ပါတီမှဖယ်ရှားမှု များ ပိုမို ဖြစ်လာနိုင်သည်ကိုလည်း စောင့်ကြည့် ထိန်းကျောင်းသင့်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ အာဏာရှင်ခေတ်တွင် ဦးနေ၀င်း ဦးဆောင်လုပ်ခဲ့သော ပါတီ သန့်စင်ရေးဇာတ်လမ်းတွဲများကို သိမီလိုက်သူများက ကောင်းကောင်း သဘောပေါက်နိုင်မည် ထင်ပါသည်။ ပါတီတွင်း မိမိနှင့်မိမိအုပ်စု ပါတီ တွင်း အာဏာချုပ်ကိုင်နိုင်ရေးအတွက် မတူသူများ၊ မညီသူများကို ညီညွှတ် ရေးဖြိုခွဲသူအဖြစ် တံဆိပ်ကပ်လျက်၊ ပါတီထဲမှ သန့်စင်ပစ်ခြင်းသည် တစ် ပါတီ အာဏာရှင်များ၏ လုပ်ထုံးလုပ် နည်းများနှင့် ခြားနားမှုအလျှင်းမရှိဟု ကောက်ချက်ပြု သုံးသပ်ရမည်ဖြစ် သည်။ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပမည့် ရက်များတွင် ဧရာဝတီ တိုင်း၊ မြို့နယ်အချို့မှ ပါတီဝင်များ သည် ညီလာခံကျင်းပမည့် တော်ဝင် နှင်း ဆီခန်းမရှေ့တွင် တရားဝင်ခွင့် ပြုချက်ရယူပြီး လာရောက်ဆန်္ဒထုတ် ဖော်မည်ဟုလည်း သတင်းများထွက် ပေါ်နေခဲ့သည်။ ဒီမိုကရေစီစနစ်သို့ သွားရာလမ်းတွင် ဒီမိုကရေစီနည်းကျ ဆန်္ဒထုတ်ဖော်မှုများကို ပစ်ပယ်၍မရ သည်မှာလည်း အရှိတရားဖြစ်သည်။ အဆိုပါ ဆန်္ဒထုတ်ဖော်မှုများကိုအခြား အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူပုဂ်္ဂိုလ်များ၏ သွေးထိုးလှုံဆော်အား ပေးမှုကြောင့် ဖြစ်သည်ဟု ကောက် ချက်ပြုလျှင် ယခင်အစိုးရအဆက် ဆက်က အတိုက်အခံအင်အားစုများ၏လှုပ်ရှား ၈၈ မျိုးဆက် အဖွဲ့ဝင်များ လွတ် ခါစက အန်အယ်လ်ဒီပါတီထဲ ၀င်ဖို့ တိုက်တွန်းခဲ့သလို တကယ် အန် အယ်လ်ဒီထဲ ၀င်ဖြစ်ခဲ့လျှင် အခုအချိန် သူတို့၏ နိုင်ငံရေးသြဇာများလည်း ဈာန်လျှောကျနေလောက်ပြီဟု နိုင်ငံ ရေးပိုးကြီးသူတစ်ဦး၏ သုံးသပ်ချက် ကို အမှတ်ရမိသည်။ နိုင်ငံရေးရေတိမ် နစ်ခြင်း၊ နိုင်ငံရေးလောင်းရိပ်မိခြင်းတို အချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံ ရေး ပတ်ဝန်းကျင်တွင် အာဏာရှင် စနစ်တစ်လျှောက် ခေါက်ရိုးကျိုးလာ နေသော အလေ့အထများ၊ အမူအကျင့် များကို မပြုပြင်နိုင်သရွေ့ ပြုပြင် ပြောင်းလဲရေးသည် ဗဟိဒ်္ဓအားဖြင့် ရွေ့လျား ပြောင်းလဲနေသည့် အသွင် ဆောင်နိုင်သော်လည်း၊ အဇ်္ဈတ်္တအား ဖြင့် အပြောင်းအလဲမရှိ၊ ရွေ့လျားမှုမရှိ ဖြစ်နေနိုင်သည်ကို သတိပြုသင့်သည်။ လက်တွေ့ကျကျ ရွေ့လျားပြောင်းလဲ နေသောနိုင်ငံရေး ဖြစ်စဉ်ထဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သမိုင်းဝင်ပထမအကြိမ် ပါတီညီလာခံ သည် ပွင့်လင်းမြင်သာမှုအားကောင်း နေရန်နှင့် ဒီမိုကရေစီ ကျင့်စဉ်များ နှင့် လွှမ်းခြုံထားရန် အထူးလိုအပ်လိမ့် မည်ဟု ကောက်ချက်ပြုမိပါသည်။ ဒေါက်တာရန်မျိုးသိမ်း True News အတွဲ၅၊ အမှတ်၂၃ တွင်ဖော်ပြပါရှိသည့်ဆောင်းပါး |
|||
Posted: 11 Mar 2013 02:46 AM PDT
နွေရာသီအကြို သိသင့်သောအပူချိန်၊ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များကို မိုး/ဇလ ပညာရှင် ဦးထွန်းလွင်နဲ့ မေးမြန်းချက်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 02:35 AM PDT
အခု
၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီရဲ့
နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာတော့ ရခိုင်အမျိုးသားတွေကို ပါတီနာယကအဖွဲ့၊
ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုအမှုဆောင်အဖွဲ့တွေကြားမှာ ထည့်သွင်း ရွေးချယ်
တင်မြှောက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ဘယ်လောက် ထူးခြားမှု ရှိပါသလဲ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
|||
Posted: 11 Mar 2013 02:29 AM PDT
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နားက Huangpu မြစ်ထဲမှာ သေနေတဲ့ ဝက်အကောင် ကိုးရာလောက် မျောနေတာ တွေ့ရပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီဝက်သေတွေကို ပြန်ဆယ်ပြီး ဘာကြောင့် အခုလို ဖြစ်ရသလဲ ဆိုတာကို စုံစမ်း စစ်ဆေး နေကြပါတယ်။ ဒီဝက်တွေဟာ ရေနစ်သေသွားကြတာလား ၊ ဒါမှမဟုတ် ရောဂါ ကပ်ဆိုး တခုခုကြောင့် သေသွားကြတာလား ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။ ရှန်ဟိုင်းမြို့သူ မြို့သားတွေ သောက်သုံးနေတဲ့ ဒီဟွမ်ပု မြစ်ရေရဲ့ အရည်အသွေးကိုတော့ အရာရှိတွေက စမ်းသပ်မှု လုပ်နေကြပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
|
|||
Posted: 11 Mar 2013 02:11 AM PDT
၉-၃-၂၀၁၃
ရက်နေ့ ၁၆၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပဒေသာအုပ်စု၊
ပဒေသာတောင်ကျေးရွာနေ ဦးအောင်ပိုက်(၅၇)နှစ်သည် ၎င်းင်း၏ သုံးပင်ပတ်လည်
နေအိမ်အဖီ အောက်ရှိ တန်းလျား၌ အိပ်ပျော်နေစဉ် စိတ်မနှံ့သည့် သမီးဖြစ်သူ
မတင်တင်မိုး(၂၇)နှစ် ရောက်ရှိလာ ပြီး ဓါးဖြင့်ခုတ်သဖြင့်----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 02:01 AM PDT
၉-၃-၂၀၁၃
ရက်နေ့ ၁၈၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်ခွဲ၊ တပြင်းရွာ၊
ပခုက်္ကူ-ကျောက်ထုကားလမ်း၊ မိုင်တိုင်အမှတ်(၆၃/၅-၆)ကြားတွ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 01:49 AM PDT
ရန်ကုန်။ မတ်၁၀
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်းရှိ လယ်ယာမြေများ သိမ်းယူမှု သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းမှုများနှင့် နှင့်ပတ်သတ် ၍ မုံရွာခရိုင် ဆား လင်းကြီးမြို့နယ် တရားရုံး တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုထား ရာ ယင်းအမှု ကို အဆိုပါ တရားရုံးက မတ်လ ၁၀ ရက်နေ့တွင် ပလပ် လိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေး ပို့ သည်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို လယ်ယာမြေများ သိမ်းယူထားမှု ၊ဆန္ဒပြသပိတ်စခန်း များကို အကြမ်းဖက် ဖြိုခွင်းမှု တို့ကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံ များဖြစ်သောဒေါ်ဌေးဌေးဝင်း၊ ဒေါ်ရီရီဝင်းတို့၊ဦးဇော်နိုင်တိ The Voice Weekly |
|||
Posted: 11 Mar 2013 01:33 AM PDT
မကွေးမြို့နယ်
သပြေစမ်း ကျေးရွာအနီး MFOCN Co.Ltdမှ လုပ်ကိုင် ဆောင်ရွက်နေသော မြေအောက်
ဖန်မျှင် ကေဘယ်လ် ချခြင်း အတွက် မြေမြောင်းတူးခြင်း လုပ်ကိုင်
ဆောင်ရွက်ရာတွင် သတ်မှတ် ဧရိယာထက် ကျော်လွန်သည့်ပြင် ကျေးရွာ
တောင်သူများအား အသိပေး ညှိနိုင်းခြင်း မရှိပဲ မြေတူးစက်ကြိးများဖြင့်
တူးဖော် မှုကြောင့် တောင်သူများ မြေလွှာပျက်စီး ဆုံးရှုံးခြင်းနှင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 01:09 AM PDT
မြန်မာနိုင်ငံတွင်
အဓိက ပြည်ပပို့ကုန်ဖြစ်သော မတ်ပဲသည် ပြည်တွင်း၌ သိုလှောင်အား
ကောင်းလာသည့်အတွက် အိန္ဒိယနိုင်ငံမှ ဈေးနှုန်း ပိုမိုသတ်မှတ်ကာ
ဝယ်ယူလာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်း အသင်းမှ
အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။ “လတ်တလောမှာတော့ အိန္ဒိယဘက်က
တိုးပေးထားပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သုံးခွမြို့ နယ် ၊ သိုက်တူးကန် ကျေးရွာ ပဲတောင်သူများ မတ်လ (၁၂)ရက်နေ့ က ပဲ ခူးသိမ်းနေချိန် မြင်ကွင်းများ၊ ဓါတ်ပုံ - Myanmar News Now |
|||
Posted: 11 Mar 2013 12:52 AM PDT
ဧရာဝတီတိုင်း
ဒေသကြီး ၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ နယ်၊ မင်းလှစု ကျေးရွာ အုပ်စု၊
မင်းလှစု ကျေးရွာနေ၊ အဖ ဦးတင်ဝင်း ၊ အမိ ဒေါ်မာဦး ၏ သမီး မမြင့်မြင့်ဇင်
အသက် (၂၂)နှစ် မအူပင် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူအား (၂၂-၂-၂၀၁၃)
ရက် (သောကြာနေ့ ) ညနေ(၄)နာရီကျော် အချိန်တွင် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 11 Mar 2013 12:29 AM PDT
မန်းလေးတိုင်း
ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပုဏ်ဏားကုန်း ကျေးရွာ အလှူတစ်ခုတွင်
ဖြစ်ပွားခဲ့သော လူတစ်ရာကျော် အစာ အဆိပ်သင့်မှုအား၊ လူအယောက် တစ်ထောင်ကျော်
အစာအဆိပ်သင့်ပြီး လူတစ်ယောက် သေဆုံးခဲ့ကြောင်း သတင်းများ
ထွက်ပေါ်ခဲ့သောကြောင့် ဗဟိုကူးစပ်အဖွဲ့မှဦး
ဆောင်ကာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
|||
Posted: 10 Mar 2013 11:31 PM PDT
|
|||
Posted: 10 Mar 2013 11:05 PM PDT
ရခိုင်ပြည်နယ်မှာ
မတ် ၇ ရက်နေ့က လူရာထောင်နဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲနဲ့ ပတ်သက်လို့
ဦးဆောင်သူလို့ ယူဆရသူတွေကို ရဲက ခေါ်ယူစစ်မေးပြီး တရားစွဲဆိုဖို့
ပြင်ဆင်နေပါတယ်။ စစ်တွေမြို့ မီးလောင်ပြင်မှာ ဘင်္ဂါလီတွေကို နေရာချပြီး
အိမ်ဆောက်ပေးမယ့် အစီအစဉ်ကို မပြုလုပ်ဖို့ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
|||
Posted: 10 Mar 2013 11:03 PM PDT
|
|||
Posted: 10 Mar 2013 10:19 PM PDT
|
|||
Posted: 10 Mar 2013 10:15 PM PDT
၁၉၈၂
ခုနှစ် နိုင်ငံသား ဖြစ်မူဆိုင်ရာ ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖေါ်ရန်
ရသေ့တောင်မြို့တွင် မတ်လ ၁၀ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ၎င်းဆန္ဒပြ
တောင်းဆိုပွဲကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး
ရဟန်းတော်များအဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့သည်။ ဆန္ဒပြတောင်းဆိုသည့်
အချက်များနှင့် ပတ်သက်ပြီး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
|||
Posted: 10 Mar 2013 09:59 PM PDT
တကမ္ဘာလုံးကို
တုန်လူပ်ချောက်ချားမူကို ဖြစ်ပေါ်စေခဲ့သော အိန္ဒိယ ဆေးကျောင်းသူ
အမျိုးသမီးငယ် တစ်ဦးအား အုပ်စုလိုက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်မူတွင်
ပါဝင်သူဟု အဓိက စွပ်စွဲခံထားရသူ တရားခံသည် ယမန်နေ့ (တနင်္လာနေ့) က
မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
[Message clipped] View entire message
0 comments:
Post a Comment