အူဝဲစကားနှင့် ဝန်ကြီးစကား နှိုင်းယှဉ်စဉ်းစားခြင်း။
Hla Wai and ဘသောင်း ဟိန်း shared Nik Nayman's photo.
ဒီမိုကရေစီနိုင်ငံများရဲ့ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲကာလတွေမှာ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း များအနေနဲ့ မဲဆွယ်ကြတာတွေ၊ စည်းရုံးဟောပြောတာတွေ၊ စကားစစ်ထိုးပွဲတွေ တွေ့ဖူးကြ မှာပါ။ မိမိရွေးချယ်ခံရလျှင် စီးပွားရေးကို ဘယ်လိုပြုပြင်ပြောင်းလဲမှုလုပ်မယ
ကျုပ်တို့နိုင်ငံမှာလည်း သမ္မတရုံးဝန်ကြီးတစ်ယောက်က ၁ နာရီအတွင်းလုပ်ပေးမယ်။ ၁ နှစ်အတွင်းလုပ်ပေးမယ်။ ၃ နှစ်အတွင်းလုပ်ပေးမယ်နဲ့ အာဂကတိကဝတ်တွေနဲ့အတူ သမ္မတလောင်း မဲဆွယ်သလို ဘဝင်လေဟပ်၊ ပက်ပက်စက်စက်ပြောထွက်နေတာ နားခါးလွန်းလှပါတယ်ဗျာ။ ဝတ်မှုံရွှေရည်ရဲ့ Pillows ချောကလက်ဝေဖာကြော်ငြာ ထဲကလို ဘယ်လိုပြောရမလဲ… ဘယ်လိုပြောရမလဲ… ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တော့မယ်။ လျှာတော်ရှည် ဝန်ကြီးတစ်ပါး အစိုးရအဖွဲ့ထဲမှာ ရှိနေတာကြောင့် ကျွန်တော်တို့ အစိုးရအတွက်တော့ သိက္ခာကျစရာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဝန်ကြီးရဲ့လျှာမှာ ကမ္ဘာ့အကောင်းဆုံး ဆာဘိုဘရိတ်တစ်ခုတပ်ထားဖို့တော့ အမှန်တကယ် လိုအပ်နေပါပြီ။
နှုတ်ကြောင့်သေတတ်ပါတယ် ဝန်ကြီးရယ်… သမိုင်းကြောင်းလေးတွေက သိပ်မကြာလှသေးပါဘူး… မေ့ချင်ယောင်မဆောင်ပါနဲ့ဦး… ဖျောက်ဖျက်ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့… ခဲရာခဲဆစ်တူးဖော်ဖို့မလိုတဲ့ မဝေးသေးခင် ကာလကလုပ်ဆောင်မှုလေးတွေကို အင်တာနက်ပရိတ်သတ်ကြီးအတွက် Share လုပ်ပေးလိုက်ပါတယ်။ ကျောချမှ ဓားပြမှန်းသိရတယ်လို့ မဖြစ်ရအောင် ပြည်သူများသို့ ကြိုတင်အသိပေးခြင်းသဘောဆိုလည်း မှန်ပါလိမ့်မယ်။
ဦးစိုးသိန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီး အဆင့်ထိရှိခဲ့ပါတယ်ဗျာ။ သူ့ရဲ့ ပြီးစလွယ်လုပ်ရပ်တွေ၊ လက်လွတ်စပယ်ပြောခဲ့တာတွေ၊ တပ်မတော်နဲ့ နိုင်ငံတော်အပေါ် လိမ်လည်ခဲ့တဲ့မှတ်တမ်းတွေက သူ့သမိုင်းကို ပုံဖော်နေမှာမို့ ဦးစိုးသိန်း ဘယ်လိုလူလဲသိရအောင် လေ့လာကြည့်စေ လိုပါတယ် -
- ရေတပ်ဦးစီးချုပ်ဘ၀တုန်းက လိမ်လည်ဝယ်ယူတည်ဆောက်ထားခဲ့တဲ့ 108 m Frigate (၂)စီး အကြောင်း (အခုထိ သုံးလို့မရဘူးလို့ သိရပါတယ်)။
- နာဂစ်တိုက်မည်မှန်း သိသော်လည်းပဲ စစ်သင်္ဘောတွေမောင်းလို့ရအောင် အောက်ခြေကို ဆီအပြည့် မပေးဘဲ ထုတ်စား၊ ရောင်းစားခဲ့တဲ့အတွက် နာဂစ်မှာ စစ်သင်္ဘောတွေ ဆီမရှိလို့မောင်းမရဘဲ နစ်မြုပ် သွားရခြင်းကြောင့် ရေတပ်ဦးစီးချုပ်ရာထူးကနေ ထုတ်ပယ်ခံရခြင်းကိစ္စ။
- စက်မှုဝန်ကြီးဖြစ်လာတော့ အိန္ဒိယနိုင်ငံက တာတာကုမ္မဏီနဲ့ပေါင်းပြီး ၁၀ ဘီးကားတွေ ထုတ်မယ်ပြော၊ မကွေးမှာစက်ရုံတွေဆောက်၊ လိုတဲ့စက်ကိရိယာပစ္စည်းတွေ ဈေးနှုန်းတင်ပြီးမှာ၊ စာရင်းလိမ်ပြ၊ ပွဲစားခယူ၊ နောက်ဆုံး ၁၀ ဘီးကားတွေကို အိန္ဒိယက မှာယူတင်သွင်းပြီး စက်မှုတံဆိပ်ကပ် ပြန်ရောင်း၊ အခုနောက်ဆုံး မကွေးက စက်ရုံကြီးသုံးမရဘဲ ဒီအတိုင်းရှိနေတဲ့ကိစ္စ။
- တရုတ်က Grand Tiger တွေဝယ်ပြီး စက်မှုတံဆိပ်တပ်၊ ချက်ချင်းလက်ငင်း တရုတ်ကားကနေ စက်မှုကား ဖြစ်သွားတဲ့ ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး၊
- တကယ်အလုပ်မလုပ်နိုင်တဲ့စက်ရုံတေ
- စက်ရုံတွေတည်ဆောက်ရာမှာ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းကို ရေလမ်းကနေ သယ်ယူတာကို ကုန်းကြောင်းနဲ့ သယ်ယူကြောင်း စရိတ်စကပိုတင်ပြီး သိန်းပေါင်းသောင်းချီ အိပ်ကပ်ထဲထည့်ထားတာကို စာရင်းစစ်အဖွဲ့ဝင်ရာမှာ ဘူးပေါ်သလိုပေါ်တဲ့ကိစ္စ။
- ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌဆိုပြီး သူ့လက်ထက်မှာ စာချုပ်ချုပ်ခဲ့တာတွေကို “ ကျွန်တော် အရင်တုန်းက မှားခဲ့ပါတယ် ” လို့ဝန်ခံပြီးမှ ယခုလက်ရှိ တကယ့်တကယ် လက်ပံတောင်းတောင်ကိစ္စ ဖြစ်လာတော့ လုံးဝတာဝန်မယူ ခေါင်းရှောင်နေတဲ့ကိစ္စ။
- ရွှေတောင်အိုက်ထွန်းတို့၊ Asia World ထွန်းမြင့်နိုင်တို့ကို သတင်းတွေ ကြိုတင်ရောင်းစားပြီးမှ ကားဈေးကွက်ကို ကစားခဲ့တဲ့အတွက် မြိုးမြိုးမြက်မြက်လေးရရှိခဲ့တဲ
ဒါတွေဟာ ဦးစိုးသိန်းရေးခဲ့တဲ့ သူ့ရဲ့သမိုင်းတွေပါပဲ၊ ဒါတွေကို လေ့လာကြည့်ရင် ဦးစိုးသိန်းဟာ ဖော်လန်ဖားတတ်တဲ့သူတစ်ယောက်ဖြစ်
တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တပ်မတော်အပေါ် ဘယ်လောက်အထိသစ္စာရှိခဲ့သလဲဆိုတာက
ပရိတ်သတ်ကြိုက်အောင် အလွယ်တကူ ကတိတွေမပေးပါနဲ့… လွယ်လွန်းရင်သူကြွယ်တောင်မွဲသွာ
ဒါကြောင့် အူဝဲပြောတဲ့ ၃ မိနစ်ပဲစောင့်ဆိုတာက မာမား Ready Made ခေါက်ဆွဲပါ ဝန်ကြီးရယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ခိုင်မြဲစွာအမြစ်
(မော့ကင်း)။
0 comments:
Post a Comment