Monday, March 18, 2013

၁၅ နာရီ ၂၀ မိနစ် ၀၀ စက္ကန့် 

by A Mon Moon (Notes) on Monday, March 18, 2013 at 10:01am
 
၈:၃၀     ကျွန်တော့် အားကစားဖိနပ်လေး ပြတ်သွားတယ်
၉:၂၅      အဲဒီလောက် မပျော်ရတာ ၂ နှစ်လောက်ရှိပြီ
၁၀:၀၀    ဘယ်လိုမှ မထင်ထားတဲ့ သွေးစကားမှာ ကျွန်တော်ပါးစပ်အဟောင်းသား
၁၀:၄၅    မေမေ ငိုနေတယ်။ ညီမလေး ငိုနေတယ်။

၁၁:၀၀    ကျွန်တော့ သုညလေးမှာ အကြွေသံလေးတွေညံလို့ 
၁၁:၁၅    (၃) နှစ် ချွေးနည်းစာဟာ ကျွန်တော့်ထံပြန်ရောက်လာတဲ့ ရည်းစားဦးလို
၁၂:၀၀     ကဗျာလေးတစ်ပုဒ် မိုးပျံပူဖောင်းလေးထဲ ထည့်လွှတ်လိုက်တယ်
၁၃:၁၅     စာချုပ်မှာ မေမေက လက်မှတ်ထိုးလိုက်ပြီတဲ့ ဖေဖေရော
၁၃:၄၅     နေ့ လည်ကြီးကို လန့် အော်တာ ကျီးတစ်အုပ်လုံးလန့် 
၁၄:၀၀     တစ်ရေးအိပ်ပျော်သွားတုန်း အိပ်မက်ထဲမှာ အိမ်ကလေးတစ်လုံး
၁၄:၅၀     ဒေါ်လာ တစ်ထောင်ကျော်ရမယ့် အလုပ်ဟာ ငါးတစ်ကောင်ကို ကမ်းလှမ်းလာတယ်
၁၅:၂၅     အိမ်တံခါးပေါက်တွေအားလုံးကို သော့အသစ်ခတ်လိုက်တယ်
၁၅:၅၀     သံယောဇဉ်လေးဟာ ကံ့ကော်ပန်းတစ်ပွင့်ကို ပန်လို့ ရေတံခွန်လို ပြုံးပြနေတယ်
၁၆:၁၂     ကျွန်တော်သိပ်မြတ်နိုးတဲ့ ဘွန်ဇိုင်းပင်လေး ကျွန်တော့်ဆီကနေ ထွက်ပြေးသွားတယ်
၁၆:၅၅     ရယ်ပြနေရတယ်။ ရင်ဘတ်တစ်ခြမ်းကိုဖိလို့ ။ မှန်ထဲမှာ ကျွန်တော်ဟာ ချာလီချက်ပလင်နဲ့ တူနေတယ်
၁၇:၃၀     ညီမလေးရဲ့ မျှော်လင့်ချက် ညီမလေးရဲ့ ကြေကွဲခြင်းမှာ ကျွန်တော်လည်းတိတ်ဆိတ်လို့ 
၁၈:၀၀     အပျော်ဆိုတဲ့ အရုပ်ကလေး ပျက်သွားတယ်။ အပျော်တော့ ပျက်ပြီတဲ့။
၁၈:၂၀     ရေချိုးခန်းထဲက ရေတွေထဲမှာ ငှက်လေးတွေ စိုရွှဲလို့ ငါးတွေကထိုင်ကြည့်နေကြတယ်
၁၉:၀၀     မေမေက ကျွန်တော့ကို ပြုံးပြီးကြည့်နေတယ် ။ မဟုတ်ဘူး။ ကျွန်တော့်ဆံပင်တွေကို
၂၀:၀၁     မီးသတ်ကားသံလား...ဆေးရုံကားသံလား....အိမ်အောက်က ကလေးငိုသံတွေကြားမှာ
၂၁:၀၁     မနက်စာကို ဆန်(၁)ဗူးပဲတည်ရမယ်။ မီးကိုသတ်ရမယ်။ သော့တွေခတ်ရမယ်။
၂၁:၃၅     ဆရာမောင်ချောနွယ်ရဲ့ အိမ်ကဗျာလေး ကူးရေးထားလိုက်တယ်....ဗလာစာအုပ်တောင် နောက်ဆုံးစာမျက်နှာရောက်ပြီပဲ
၂၃:၀၀     လမ်းခွဲခြင်းတွေဟာ ဖိတ်ကျသွားတာ ကြမ်းပြင်တစ်ခုလုံးအေးခဲလို့ နီရဲလို့ 
၂၃:၁၂      လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်ထံ ကျေးဇူးတင်ကြောင်းပြောလိုက်တယ်
၂၃:၁၅      ခေါင်းရင်းမီးကို ဘယ်သူလာပိတ်ပေးတာလဲ/မဟုတ်ဘူး မီးပြတ်သွားတာများလား
၂၃:၁၆       ဆိတ်တွေကို စိတ်ကလေးက ရယ်( ရေ) နေတယ်
၂၃:၅၀       အစ-အဆုံး ကျွန်တော်သမ်းလိုက်တာလား ပါးပြင်ဟာ ရေခဲမြစ်လို နွေးထွေးလို့ ။


အမွန်မွန်း
၁၈ မတ် ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...