Sunday, March 17, 2013

အပေါစား အစားထိုးခြင်းတွေက ကင်းဝေးကြပါစေ ။



လူသားနှစ်ဦး ဘ၀တစ်ခုကို အတူတကွ လက်တွဲလျှောက်လှမ်းဖို့အတွက်.....................

၁။ မိမိနှလုံးသားတစ်နေရာတွင် အသေအချာ အုတ်မြစ်ချနိုင်သူ
၂။ ဦးနှောက်နဲ့ တွက်ချက်ရာတွင်လည်း ရမှတ် 70 အနည်းဆုံးရှိနေသူ
၃။ နားလည်မှုဆိုတဲ့ ဘာသာရပ်ကို ဂုဏ်ထူးမှတ်ရအောင် ဖြေဆိုနိုင်သူ

၎။ သူသာတယ် ငါနာတယ်ဆိုတဲ့ မာနတွေကို ရှေ့တန်းမတင်သူ
၅။ အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့ အတွက် ကြားလူတစ်ယောက်ရဲ့ ဆက်ဟပ် ပေးစားမှုမျိုးနဲ့ မဖြစ်နိုင်ပါ။ ရင်ဘတ်ချင်းနီးစပ်ကာ အသိခြင်းဖလှယ်ကာ နားလည်မှုလက်တွေ ခိုင်မြဲစွာ ထားနိုင်သူ
၆။ ချစ်သူဘ၀မှာ ချစ်ခြင်းတရား ချိုမြိန်ခြင်းတွေကို အစွမ်းကုန်ပေးစွမ်းစေနိုင်တဲ့ အားဖြည့်ဆေးဆိုရင် ၊  နားလည်မှုက အိမ်ထောင်သည်ဘ၀ရဲ့ အထူးအားဖြည့်ဆေးပါပဲ ။

မိမိချစ်သူကို သိပ်ချစ်ပါတယ်လို့ ကြွေးကြော်နေသူတွေ ကိုယ့်ကိုယ်ကို ပြန်လည်စမ်းစစ်ကြည့်ပါ ။

၁။ ချစ်သူအနားတွင်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးလုံး မိမိချစ်သူထံတွင်သာ ရှိနေရက်လား ။
၂။ ချစ်သူအနားတွင် မရှိနေချိန်မှာ အကြောင်းပြချက်တစ်စုံတစ်ရာဖြင့် အသံ ၊ ရုပ်စသည်တို့ဖြစ် အစားထိုးမှုတွေ ရှိနေလား ။ ဒီလို အစားထိုးမှုတွေ ရှိနေပြီဆို သေချာတယ် သင်ချစ်သူအပေါ် သင်တကယ်မချစ်လို့ပါ ။ သေချာတွေးပါ ဒီအစားဖိုးမှုတွေကကော တကယ် ပျော်ရွင်ခြင်း အစစ်မှန်တွေ ဟုတ်ရဲ့လား ။ အပေါစားအစားထိုးမှုတွေရဲ့ တဒင်္ဂ သာယာမှုတွေနဲ့ တန်ဖိုးရှိတဲ့ တကယ့်ချစ်သူတွေကို လက်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်တွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးမှာပဲရှင် ။ အချိန်လွန်မှ ရတတ် တဲ့ နောင်တတွေက အလကားဖြစ်စေပါတယ် ။ အချိန်ကာလတစ်ခုထိ နားလည်စွာ လက်တွဲလာခဲတဲ့ ချစ်သူနဲ့ အချိန်ကာလတိုလေးထဲက အပေါစား အစားထိုးမှုတွေကို မလဲပြစ်မိကြပါစေနဲ့ ။ တန်ဖိုးချင်းမတူညီတဲ့ အရာတွေကို တန်းတူ ယှဉ်စေခြင်းဟာ သိပ်ကို ရက်စက်တဲ့ လုပ်ရပ်တစ်ခု ဆိုတာကို သတိမူမိကြရင်း တစ်ကယ်ချစ်တဲ့ ချစ်သူတွေအပေါ် သစ္စာစောင့်သိနိုင်ကြပါစေ ။
အပေါစား အစားထိုးခြင်းတွေက ကင်းဝေးကြပါစေ ။
ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...