အသိတရားမှ အရှိတရားသို့
တစ်ခုသော တနင်္ဂနွေနေ့...
ကျွန်တော် သတင်းစာ ဖတ်နေစဉ် ရှစ်တန်းကျောင်းသူ သမီးငယ်က ''သူငယ်ချင်း အိမ်တွင် 'စကား ပြောခြင်းက နောင်တရစေ၏၊ နားထောင်ခြင်းက ပညာရ စေ၏'ဟူသော စာတန်းကို ဖတ်ခဲ့ရကြောင်း၊ နောင်တ မရအောင် စကားမပြောဘဲ နေရတော့ မှာလား၊ ပညာရအောင် နားပဲ ထောင်ရ တော့မှာလား''ဟုမေးလာသည်။
ထို့ကြောင့် ''စကား၊ စကားပြောဖန်များ စကားထဲက ဇာတိပြ၊ အစားကိုသာ ကုန်အောင်စား၊ စကားကို ကုန်အောင် မပြောနှင့်၊ နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ နှုတ်ချို သျှိုတစ်ပါး၊ စကားနောက် တရားပါ၊ ဝစီဗေဒ ထိတိုင်းရှ'' စသော စကား ပြောဆိုခြင်း ဆိုင်ရာ သတိပေးမှု များကို အသေးစိတ် ရှင်းပြပြီး ''ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ'' ဆိုသ ကဲ့သို့ မိမိပြောဆိုတဲ့ စကားကြောင့် နောင်တ မရအောင် ဆင်ခြင် ပြောဆိုရန် သတိပေးသည့် အဓိပ္ပာယ် ဖြစ်ကြောင်း၊ စကားလုံးဝ မပြောရန် တားမြစ်ခြင်း မဟုတ်ကြောင်း ဆက်လက် ရှင်းပြရသည်။
ထို့နောက် လူတို့ ပြောစကားများကို တူရာစု လိုက်လျှင် ''(၁) ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို၊ (၂) ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို၊ (၃) ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို၊ (၄) ဟုတ်မှန်၊ အကျိုးမရှိ၊ သူမနာလို၊ (၅) မဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို၊ (၆) မဟုတ်မှန်၊ အကျိုးမရှိ၊ သူ မနာလို''ဟူ၍ စကား ၆ မျိုးသာရှိကြောင်း၊ ၎င်းတို့အနက် နံပါတ်(၁) နှင့် (၂) ကိုသာ ပြောရမှာ ဖြစ်ကြောင်း၊ စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်''ဟု အလွယ် မှတ်နိုင်ကြောင်း ရှင်းပြဖြစ်သည်။
တစ်နည်းအားဖြင့် ''(၁) သုဘာ သိတာစ- အကျိုးစီးပွားနှင့် ယှဉ်သည့် ကောင်းမြတ်သော စကား၊ (၂) ပီယဝါစာ- ချစ်နှစ်လိုဖွယ် ဆိုသော စကား၊ (၃) ဓမ္မဝါစာ- တရားတော်နှင့် ညီညွတ်သော စကား၊ (၄) သစ္စဝါစာ ဖြောင့်မှန်သော စကား'' ဟူသာ စကားအရာ အင်္ဂါ လေးတန်နှင့် ကိုက်ညီသော စကားများ ကိုသာ ပြောသင့်ကြောင်း ရှင်းပြ ဖြစ်သည်။
တိတ်တိတ်နေ ထောင်တန် ဆိုသည်မှာ ''မပြောသင့်သော အခြေ အနေတွင် ဆိတ်ဆိတ် နေခြင်းသည် တောတစ်ထောင် တန်သည် ဆိုသကဲ့သို့ မပြောသင့်သည့် အချိန်မျိုးတွင် နှုတ်စောင့် စည်းခြင်းသည် အကျိုးများစွာ ရှိသည်''ဟု ဆိုလိုခြင်း ဖြစ်ကြောင်း၊ စကားပုံဖြစ်၍ အဓိပ္ပာယ်ကို အဖြောင့် မယူရကြောင်း၊ အဓိပ္ပာယ်ကို အဖြောင့်ယူပါက လူအတွေ တစ်သိန်း မက တန်တော့မည် ဖြစ်ကြောင်း ရှင်းပြဖြစ်သည်။
''နားထောင်ခြင်းက ပညာရ စေ၏'' ဆိုသည်မှာ အခြားသူများ ပြောစကားကို
Read More >> http://bit.ly/12I4rne
— with Kophyo Aung.

0 comments:
Post a Comment