Thursday, August 13, 2015

အရေးပေါ် အထူးသတင်းထုတ်ပြန်ကြေညာချက်


(၂၀၁၅)ခုနှစ်။သြဂုတ်လ(၁၃)ရက်။
၁။ မြန်မာ့တပ်မတော်အနေဖြင့်၊ ပြည်ထောင်စုကြီးမပြိုကွဲရေး၊အချုပ်အခြာ
တည်တံ့ခိုင်မြဲရေးအစရှိ သည့်ကြီးမားများမြောင်လှသောနိုင်ငံတာဝန်များကို ဦးလည်မသုဉ်ထမ်းဆောင်ကျေပွန်ခဲ့သည်မှာနှစ်ပရိ စ္ဆေတ
များစွာကြာမြင့်ခဲ့ပြီးဖြစ်သည့်အပြင်၊နိုင်ငံနှင့်လူမျိုးအားသမိုင်းစဉ်ဆက်
အလုပ်အကျွေးပြုခဲ့သည်ကိုလည်း၊ပြည်သူလူထုကြီးတစ်ရပ်လုံးအသိပင်ဖြစ်ပါသည်။

၂။ မြန်မာ့တပ်မတော်၏ကြီးမားလှသောကျေးဇူးတရားကြောင့်ပင်
၊မြန်မာနိုင်ငံတဝှမ်း၊မည်သည့်ခေတ် စနစ်နှင့်အမျှမတူအောင် ဖွံ့ဖြိုးစည်ပင်လျက်၊အောင်မြင်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့
့ချောမွေငြင်သာစွာကူးပြောင်းဖြတ်သန်းနေချိန်တွင်၊မမျှော်လင့်သော
သဘာဝဘေးအန္တရာယ်ဆိုးကြောင့်နိုင်ငံ၏ အချို့သောနေရာများ တွင်ရေဘေးဒုက္ခကြုံတွေ့ခံစားလျက်ရှိပါသည်။

ထို့အပြင်ကြိုတင်တားဆီးမရသော ငလျင်လှုပ်ခတ်မှုဘေးအန္တရာယ်များလည်း ဆက်လက်ကြုံတွေ့လာနိုင်ကြောင်း၊ကျွမ်းကျင်သူပညာရှင်များမှ
၊ထောက်ပြပြောဆိုလာနေကြပါသည်။
၃။ ၎င်းအပြင်နိုင်ငံ၏ဦးဆောင်ပါတီကြီးဖြစ်သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးပါတီအတွင်းတွင် လည်း၊နိုင်ငံ့အကျိုးသယ်ပိုး လိုစိတ်ကြီးမားလွန်းကြရာမှ၊တဖက်နှင့်တဖက်အမြင်မတူ
ကွဲလွဲမှုအနည်းငယ်ရှိနေရာ၊ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်အတွက်၊
အချိန်အတိုင်းအတာတခုလိုအပ်နေကြောင်း၊ထင် ရှားစွာတွေ့မြင်နေရပါသည်။
၎။ ဤကဲ့သို့အချိန်ကာလမျိုးတွင်၊ယခင်ကြေညာထားသည့်အတိုင်း၊
လာမည့်နိုဝင်ဘာလတွင်၊(၂၀၁၅) အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပမည်ဆိုပါက၊ဒီမိုကရေစီစံချိန်စံညွန်းများအတိုင်း
မှန်ကန်သောရလာဒ်ထွက်ပေါ်လာရန်၊အကြောင်းမမြင်ပါသဖြင့်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီနိုင်ငံတော်
သမ္မတကြီး၏မေတ္တာရပ်ခံတင်ပြလာချက်အရ၊
အဆိုပါရွေးကောက်ပွဲကိုရက်အကန့်အသတ်မရှိရွေ့ဆိုင်းလျက်
၊နောက်ထပ်ရွေးကောက်ပွဲအစီအစဉ်ထုတ်ပြန်ကြေညာခြင်း
မပြုသေးသမျှကာလပတ်လုံး၊နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာ အရပ်ရပ်ကို မြန်မာ့တပ်မတော်မှရယူလိုက်သည်။
ပုံ
မင်းရွှေဒင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
၂၀၁၅၊သြဂုတ်၊(၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...