Tuesday, August 4, 2015
သစ်ထူးလွင် သတင်းစုစည်းမှု (၄-၈)
သစ်ထူးလွင်
Posted: 04 Aug 2015 07:17 AM PDT
 ယီမင်နိုင်ငံမှာ ရှီယာမွတ်စလင် ဟူသီသူပုန်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အစိုးရလိုလားတဲ့တပ်တွေက နိုင်ငံရဲ့ အကြီးဆုံးAl-Anad လေတပ်စခန်းကို သူပုန်တွေလက်ထဲက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ တပ်တွေရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။ Al-Anad လေတပ်စခန်းဟာ အခုအချိန်မှာ သမ္မတ Hadi ကိုထောက်ခံသူတွေရဲ့ လက်ထဲပြန်ရောက်နေပါပြီလို့ အစိုးရလိုလားတဲ့တပ်တွေရဲ့ ပြောခွင့်ရသူ Nasr Alkaid က ဘီဘီစီကို ပြောပါတယ်။ အဆို
Posted: 04 Aug 2015 07:12 AM PDT
တာလီဘန် အဖွဲ့ရဲ့ အငယ်ဆုံး ခေါင်းဆောင်တွေထဲ အပါအဝင် ဖြစ်သူ Syed Tayyab Agha ကို ၂၀ဝ၁ ခုနှစ်က တွေ့ရစဉ်။   ကာတာ နိုင်ငံမှာ ရှိတဲ့ အာဖဂန် တာလီဘန် အဖွဲ့ရဲ့ နိုင်ငံရေး ရုံးရဲ့ အကြီးအကဲ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ ဒါဟာ တာလီဘန် ခေါင်းဆောင် မူလာအိုမာ သေဆုံးပြီးနောက် တာလီဘန် အဖွဲ့အတွင်း အကွဲအပြဲ ဖြစ်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး သတင်းတစ်ခု ဖြစ်ပါတယ်။ နုတ်ထွက်သွားတဲ့ မစ္စတာ Syed Tayyab Agha ရဲ့ ကြေညာချက်ထဲ
Posted: 04 Aug 2015 04:51 AM PDT
ရန်ကုန်၊ သြဂုတ် ၃ ၂.၈.၂၀၁၅ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်နေ ကိုကျော်ကျော်သည် မရမ်းကုန်း မြို့နယ်၊ ကံ့ကော်လမ်းနှင့် ခရေလမ်းထောင့်၌ လမ်းလျှောက် နေစဉ် အင်းစိန်မြို့နယ်နေ ၀င်းဇော်ဦးပါ အမျိုးသား(၁၂)ဦးခန့်မှ DD----Caldina အငှားယာဉ်(၁)စီး၊ ဆိုင်ကယ်(၅)စီးတို့ဖြင့် ရောက်ရှိလာပြီး ၎င်းထံမှ ငွေကျပ်(၁)သိန်းတောင်းခံရာ (၇၀၀၀၀)ကျပ်သာပါရှိကြောင်း ပြောစဉ် ၎င်းတို့မှ ဓါးဖြင့် ခြောက်လှန့်၍ တောင်းယူ
Posted: 04 Aug 2015 04:24 AM PDT
ဓါတ်ပုံ- ထိုင်းတီဝီတွင် ထုတ်လွင့်ပြသသော ဆိုင်ကယ် မိုးကြိုးပစ်ခံရ သည့်နေရာ  ဩဂတ်စ်လ ၄ ရက် ၂၀၁၅  ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင်အတွင်း ဩဂတ်စ်လ ၃ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ် အတူစီးနင်းသည့် မောင်နှမ ၂ ဦးနှင့် တူလေးတဦးအား မိုးကြိုးပစ်ရာ အစ်မ ဖြစ် သူမှာ သေဆုံးပြီး မောင်ဖြစ်သူမှာ ဒဏ်ရာအနည်း အကျဉ်းသာရရှိ သွား ကြောင်း ထိုင်းသတင်းဌာန တွင်ဖော်ပြထားသည်။ နေ့ခင်းပိုင်း မိုးသည်းထန်စွာရွာသွန်းသဖြင့်ြ
Posted: 04 Aug 2015 04:24 AM PDT
Posted: 04 Aug 2015 04:22 AM PDT
 ဩဂတ်စ်လ ၄ ရက် ၂၀၁၅  သျှမ်းပြည်အရှေ့ပိုင်း တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ရာ လယ်ယာမြေ ဧကပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရပြီး ရေဘေးသင့်သူများ လည်း ဘုန်းကြီးကျောင်းသို့ ခိုလှုံနေရကြောင်း သိရပါသည်။ တာချီလိတ် ခရိုင် ကျိန်းလပ်မြို့နယ် ပါလျောင်းအုပ်စု ရှိ ဝမ့်ကျိုင်းရွာတွင် ဩဂတ်စ်လ ၄ ရက် ယနေ့မနက် ၁ နာရီက တောင်ကျချောင်းရေကြောင့် နမ့်ကျိုင်းချောင်းရေလျှံရာ ဝမ့်ကျိုင်းတရွာလုံး ရေေ
Posted: 04 Aug 2015 04:14 AM PDT
 ရန်ကုန်၊ သြဂုတ် ၄  နိုင်ငံရေးသမား သတင်းစာဆရာကြီး ဦးသာဘန်းသည် ယနေ့ နေ့လယ်က စမ်းချောင်းမြို့နယ် ဝေဋုဝန်လမ်း သူ့နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။ “ ယနေ့ နေ့လယ် ၂ နာရီက ဆုံးတာပါ။ အခု လူတွေက အလုပ်ရှုပ်နေကြတော့ ရပ်နီးရပ်ဝေးကလုပ်ဖော်ကိုင်ဘက်တွေကို အကြောင်းကြားပေးပါ” ဟု လုပ်ဖော်ကိုင်ဘက် တစ်ဦးကပြောသည်။ Narinjara https://www.facebook.com/pages/Narinjara
Posted: 04 Aug 2015 04:01 AM PDT
 ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရေဘေးအတွက် အလှူငွေကောက်ခံစဉ် Photo: Kyaw Zaw Win/ RFA  နိုင်ငံတ၀ှမ်းက ရေဘေးဒုက္ခသည်တွေကို အရေးပေါ် ကူညီဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ အနုပညာရှင်တွေပူးပေါင်းပြီး အလှူငွေ ကောက်ခံနေတာ နှစ်ရက်အတွင်း ကျပ်သိန်း ၁၅၀၀ ကျော် ရရှိခဲ့ပါ တယ်။ သြဂုတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကောက်ခံ
Posted: 04 Aug 2015 03:49 AM PDT
ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေကို သွားရောက် လှူဒါန်းချင်သူတွေ၊ ကိုယ်တိုင်မသွားဖြစ်လို့ သွားလှူဒါန်းမယ့် သူတွေက တဆင့်လှူဒါန်းချင်တွေက သစ်ထူးလွင်ဝက်ဆိုဒ်ကို ဆက်သွယ် မေးမြန်းမှုတွေ ရှိနေပါတယ်။ လှူဒါန်းချင်သူတွေအတွက် ဘယ်နေရာဒေသမှာ ဘာတွေ အရေးတကြီး လိုအပ်နေတယ်။ ဘယ်သူတွေကို ဆက်သွယ်ရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ ကြဖို့ မေတ္တာ ရပ်ခံပါတယ်။ မြန်မာနိုင်ငံအတွင်း ရေဘေးကြုံတွေ့  နေကြတဲ့ ဒေသတွေက ဒေသခံတွေအနေ
Posted: 04 Aug 2015 03:48 AM PDT
 မုံရွာမြို့နယ် တောင်ပုံတာရိုး တာဘောင်ကျိုးပေါက်မှုအား (၂)ပတ်အတွင်း အမြန်ပြုပြင် မည်ဖြစ်ကြောင်းသိရ  မုံရွာ ဩဂုတ် ၄  ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးရာသီတွင် (၁၃)နှစ်တာကာလအတွင်း အမြင့်ဆုံးရေအမှတ်အဖြစ် ဩဂုတ်လ(၂) ရက်နေ့ ညနေ(၅)နာရီချိန်တွင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်(၁၀၀၀)စင်တီမီတာ အထက် ကျော်လွန်ပြီး (၁၁၃၅) စင်တီမီ တာသို့ ရောက်ရှိလျက်ရှိကာ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ရေ ကာကွယ်ရေးတာ (တောင်ပို
Posted: 04 Aug 2015 03:29 AM PDT
နေပြည်တော် သြဂုတ် ၄ မြန်မာနိုင်ငံတစ်ဝန်းတွင် ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာ သွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံ မှုများဖြစ်ပွားခဲ့ရာ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်ရေနှင့် င၀န်မြစ်ရေများ မြင့်တက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ ၄၄ ဒသမ ၀၂၉ ပေဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှစ၍ စိုးရိမ်ရေအမှတ်ကို နေ့စဉ်ကျော် လွန်
Posted: 04 Aug 2015 03:22 AM PDT
မအူပင် သြဂုတ် ၄  ယနေ့နံနက် ၆ နာရီက ညောင်တုန်းမြို့ ရေအမှတ် ၂၅.၅၀ပေ သို့ရောက်ရှိ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသည့် အတွက် တာကိုယ်ထည်များ စိုးရိမ်ရသည့်အနေအထားတွင်ရှိသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျှက်ရှိသည်။ ကာကွယ်ရေးလုပ်ငန်းတွင် အမှတ် ၄ စစ်ဆင်ရေးဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကွဲမှု ဗိုလ်မှူးကြီး ရဲရင့်ဝင်း ဦးဆောင်သောအရာရှိ စစ်သည်များ၊ မြို့နယ်သ ဘာဝေ
Posted: 04 Aug 2015 03:22 AM PDT
ညောင်တုန်းမြို့နေပြည်သူများ အရေးပေါ်အခြေအနေအတွက် သဲအိတ်များဖို့နေကြစဉ် (ဓာတ်ပုံ-MOI)     ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)     ညောင်တုန်းမြို့၌ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မြို့ပတ်တာများမှ ရေဝင်လာသဖြင့် အရေးပေါ် အခြေအနေ လိမ္မော်ရောင့် အဆင့်သို့ ကြေညာလိုက်ပြီး လူများပြောင်းရွေ့ရန် စီစဉ်နေကြောင်း ညောင်တုန်းမြို့နယ် မီးသတ် ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ ရေများ စတင်ဝင်ရောက်လာမှုကြောင့် ညောင်တု
Posted: 04 Aug 2015 03:12 AM PDT
တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေးအဖွဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)     ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)     တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရမဟုတ်သည့် ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ များသို့ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်ရန် ယနေ့ မနက်ပိုင်း တွင် တရုတ်  နိုင်ငံ မှ ရန်ကုန် မြို့ သို့ရောက်ရှိ
Posted: 03 Aug 2015 09:06 PM PDT
 စစ်တွေ၊ သြဂုတ် ၃  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေဘေး အန္တရာယ်ကြောင့် သေဆုံးသူ ၃၅ ဦးရှိပြီး ၆ ဦးပျောက်ဆုံး နေသည်ဟု ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်း ပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။ ယင်းကို သြဂုတ်လ ၃ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ် ရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ်လ
Posted: 03 Aug 2015 09:02 PM PDT
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် ယနေ့ သြဂုတ်လ(၄)ရက် နံနက်(၁)နာရီ အချိန်ခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ကိုင်းချောင်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ(၆၀)ခန့် ရေနစ်မြုပ်ခဲ့သည့်အပြင် နေအိမ်(၃)လုံး ရေစီးတွင် မျောပါသွားကြောင်း နှင့် လူဦးရေ (၁၀၀)ကျော်အား ကယ်ဆယ်ရေးစခန်း ယာယီဖွင့်ထားပေးရကြောင်း သတင်းရရှိသ
Posted: 03 Aug 2015 08:30 PM PDT
   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ရှိ နေပါတယ်။ မနေ့က မင်္ဂလာတောင်ညွန့်က NLD ပါတီဝင်အချို့က လာမယ့် ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု အနေနဲ့ မင်္ဂလာတောင်ညွန့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကသက်မှတ်ထားတဲ့ ကိုယ်စားလှယ်ရဲ့လုပ်ရပ်ကို မထောက်ခံကြောင်း ထုတ်ဖော်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုေ
Posted: 03 Aug 2015 08:30 PM PDT
 ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဆိုတဲ့ နိုင်ငံရေး ဖျာတစ်ချပ် ဖန်တီးပြီး အဆင်သင့်လည်း ခင်းထားပြီးပါပြီ။ အဓိပ္ပါယ်ကတော့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာဟာ တပ်မတော်က တင်တဲ့ တစ်ယောက်ယောက် သမ္မတ ဖြစ်လာရေး ကူညီဆောင်ရွက် ပေးရမယ့် ဖျာတစ်ချပ်သာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အားလုံးသိချင်နေကြတဲ့ အဖြေတစ်ခုကို ပေးလိုက်ပါပြီ။ အဲ
Posted: 03 Aug 2015 08:30 PM PDT
အမျိုးသားတိုးတက်ရေးပါတီ ယာယီဥက္ကဌ (ကယားပြည်နယ်) ဦးခင်မောင် (ဓါတ်ပုံ-ဖဲဘူး)  သမ္မတဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် ဒေါက်တာနေဇင်လတ်၏ အမျိုးသား တိုးတက်ရေးပါတီသည် ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသား တိုးတက်ရေးပါတီ (ကယားပြည်နယ်) ၏ ယာယီ ဥက္ကဌ ဦးခင်မောင်က ပြောသည်။ အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲကို တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ြ
Posted: 03 Aug 2015 08:25 PM PDT
 သြဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။  အမိန့်နာခံမှုမရှိဟုဆိုကာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)အဖွဲ့မှ ဒုတိယအကြိမ် ထုတ်ပယ်ခံရသည့် ဗိုလ် မှူးကြီးစောဆန်းအောင်က မြန်မာအာဏာရှင်စစ်အစိုးရထံသို့ လက်နက်ချမည်ဆိုသည့် လတ်တလောထွက်ပေါ်နေသော သတင်း များမှာ အခြေအမြစ်မရှိသော ၀ါဒဖြန့်မှုတစ်ရပ်သာဖြစ်ကြောင်း ကာယကံရှင်က ယနေ့ ပြောဆိုလိုက်သည်။ ဗိုလ်မှူးကြီးစောဆန်းအောင်က “အခု သူတို့ဘက်က ဝါဒဖြန့်နေတယ် ကျနော်လက်နက်ချမယ်ဆို
Posted: 03 Aug 2015 08:25 PM PDT
 စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတဝိုက်က တုံရွာအပါအဝင် ရွာပေါင်း ၅၀ လောက်ဟာ အသက်အန္တရာယ်ကြုံရတဲ့အထိ ရေဘေးကိုခံစားနေရသလို တချို့နေရာတွေမှာ မြစ်ရေဆက်ပြီးတိုးလာနေတယ်လို့ ဆိုပါတယ်။ ရေဘေးအန္တရာယ်ကြီးလာတဲ့အတွက် စီမံကိန်းကို ကာထားတဲ့ မြေတံတိုင်းကြီးကို ဖောက်ချပေးဖို့ တောင်းဆိုတဲ့ ရေဘေးသင့် ဒေသခံ ၈ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းသွားခဲ့ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီ
Posted: 03 Aug 2015 08:24 PM PDT
ပုံစာ – မဲဆောက်တွင် ယနေ့စတင်ဖွင့်လှစ်သည့် အလှူခံဋ္ဌာန။  သြဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။  မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများ အတွက် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများက အကူအညီ ပေးရေး အတွက် ယနေ့ သြဂုတ်လ ၃ရက်နေ့မှစတင်ကာ ကယ်ဆယ်ရေး အကူပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းကြီး မြန်မာဘုန်း တော်ကြီးကျောင်းတွင် စတင် စုဆောင်းနေပြီး ရက်ပိုင်းအတွင်း ရေဘေးသင့် အရပ်များသို့ အမြန်ဆုံး ပေး
Posted: 03 Aug 2015 08:24 PM PDT
 နောင်ချို သြဂုတ် ၃  မကွေးတိုင်း ဒေသကြီးအတွင်း ရေနစ်မြုပ်လျက်ရှိသော ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန်အတွက် နောင်ချိုမြို့နယ် စေတနာမွန်လူမှု ကူညီရေး အသင်းက ဦးဆောင်ကြီးကြပ်ကာ ဈေးရပ်ကွက်လူမှု ရေးအသင်း စေတနာမွန်ပြည်သူများက ဈေးရပ်ကွက်မြို့နယ်ဓမ္မာရုံ၌ အလှူခံမဏ္ဍပ် ဖွင့်လှစ်ထားရှိရာ မြို့ပေါ်ရပ်ကွက်၊ မြို့နယ်/ကျေးရွာအုပ်စု အသီးသီးတို့မှ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ဆန်၊ ဆီ၊ ဆေး၊
Posted: 03 Aug 2015 08:23 PM PDT
အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသား ကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)  ရေလွှမ်းမိုးမှု ဒဏ်ကြောင့် ရေဘေးဒုက္ခ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ အနေနဲ့ တပူပေါ်နှစ်ပူဆင့် ဆိုသလို ဒုက္ခတွေ ပိုပြီး ရင်ဆိုင်လာရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က သတိပေး လိုက်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှု ပဋိပက္ခကြုံနေရတဲ့
Posted: 03 Aug 2015 03:32 PM PDT
ဆန်ဈေးကို ထိန်းနိုင်အောင် ဆန် ကုန်သည် အသင်းနဲ့ ဆန်စပါး အသင်း ချုပ်တို့က စတင် ဆောင်ရွက်ပြီ ရေကြီးတဲ့ ဒေသမှာ ဆန် တစ်အိတ်ကို သောင်းချီ ဈေးတက် သွားတယ်လို့ သတင်းတွေ ထွက်ခဲ့ ပါတယ်။ ဆန်ကို အဓိက ဖြန့်နေတဲ့ ရန်ကုန် မှာတော့ ဆန် တစ်အိတ် ကို ၂ ထောင်ကျော် လောက်တက် သွားပါတယ်။ စိုက်ပျိုး ဧက ၁ သန်းနီး ပါးလောက် ရေမြုပ် သွားတဲ့ အကြောင်း လယ်ယာနဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက ညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်ထွဋ်ကြေ
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...