Tuesday, August 11, 2015

" ရှေ့  နေ ကြီး "

အောင်မြင်မှု အရဆုံးဟု အများက သတ်မှတ်ထားသည့် ရှေ့ နေကြီးသည် ယခုအချိန်အထိ အလှူငွေ တစ်ပြားတစ်ချပ်မှ ထည့်ဝင်ခြင်း မပြုသေးကြောင်း သတိထားမိသော ပရဟိတ အသင်းတစ်ခုသည် မိမိ၏ ကိုယ်စားလှယ်တစ်ဦးကို ရှေ့ နေကြီး၏အိမ်သို့ စေလွှတ်လိုက်သည် ။ ရောက်သည်နှင့် အသင်းကိုယ်စား လှယ်က စကားစသည် ။
" လူကြီးမင်းဟာ ဒီမြို့ မှာ အောင်မြင်မှု အရဆုံး ရှေ့ နေကြီးပါ..။
လူကြီးမင်းဟာ သန်းကြွယ်သူဌေး ဖြစ်မယ်လို့ ထင်ပါတယ်..။ ကျနော်တို့ အသင်းအတွက် အလှူငွေ မထည့်နိုင်ဘူးလား ခင်ဗျာ "
ရှေ့ နေကြီး ပြန်ပြောသည် ။
" ကျနော့်အမေဟာ နာတာရှည် ရောဂါနဲ့  ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားပြီး မနက်ဖန် သဘက် သေတော့မယ်
ဆိုတာ ခင်ဗျား သိသလား..။ ကုသစားရိတ် သောက်သောက်လဲ ကုန်ကျလို့  အခု ကျနော့်အမေ မွဲနေပြီ ဆိုတာ
ကော...ခင်ဗျား သိလား.. "
ကိုယ်စားလှယ်သည် မျက်နှာ ပျက်ပျက်နှင့် ရှေ့ နေကြီးကို တောင်းပန်သည် ။
" ကျနော်....တောင်းပန်ပါတယ်.. ကျနော် ..ဒါတွေကို ..ဘာမှ မသိပါဘူး... "
ရှေ့ နေကြီး ဆက်ပြောသည် ။
" စစ်ပြန်ဖြစ်တဲ့..ကျနော့် ညီလေးဟာ မျက်လုံးကန်းနေတယ်..။ အိပ်ရာထဲက မထနိုင်ဘူး....။ သူ့ မိန်းမမှာ ကလေး
ခြောက်ယောက်နဲ့  ...။ အဲ့ဒါကော ခင်ဗျားသိလား.. "
" ကျနော်..အထူး..တောင်း..တောင်းပန်ပါတယ်..။ ဒါတွေကို ကျ..ကျနော် ဘာမှ မသိပါဘူး.. "
အသံမြှင့်ပြီး ရှေ့ နေကြီး ဆက်ပြောသည် ။
" ကျနော့် ညီမလေးရဲ့ ယောင်္ကျားဟာ ကားတိုက်ပြီးသေသွားတယ်..။ ကျနော့် ညီမဟာ အကြွေးတွေ ပတ်လည်ဝိုင်း
ပြီး ကလေး သုံးယောက်နဲ့  ကျန်ခဲတယ် ဆိုတာကော ခင်ဗျား သိသလားဟင်... "
" ဘုရား...ဘုရား.. သနားစရာပါလား ခင်ဗျာ... "
ရှေ့ နေကြီး စကားကို အဆုံးသတ်သည် ။
" အေး.....အဲ့ဒါတောင်မှ သူတို့ ကို အခုအချိန်အထိ ကျုပ် တစ်ပြားတစ်ချပ်မှ မပေးခဲ့ရင် ခင်ဗျားတို့ ကိုတော့ ကျနော်
ပေးမှာပဲလို့  ဘာဖြစ်လို့  ထင်ရတာလဲဗျ... ဟင် "
Credit-TUN AYE

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...