Sunday, August 2, 2015

သစ်တောပြုန်းတီးမှုနှင့် မုန်တိုင်းသံသရာ

ဘင်္ဂလာပင်လယ်အော်မှ ဖြစ်ပေါ်လာသော မုန်တိုင်းသည် အားကောင်းလာပြီး ကိုမန်အမည်ရ အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကြီးထွားခဲ့သည်။ အာရှတိုက်တောင်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် အိန္ဒိယ နိုင်ငံများမှာ အစဉ်လိုက် မုန်တိုင်းဒဏ်ကို အများဆုံး ခံနေရပါတယ်။ မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် ရေလွှမ်းမိုးမှု နှင့် မြေပြိုမှုများ ဝမ်းနည်းဖွယ် ကြုံတွေ့နေကြရပါတယ်။
ရေလွှမ်းမိုးခံနေရသော ဒေသများတွင် အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိနေပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသများကို အထူးအရေးပေါ်ဇုန်နေရာများအဖြစ် ကြေငြာထားပါတယ်။
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ရန် ပင်လယ်ရေ မျက်နှာပြင် အပူချိန် > 26°C၊ လေထုမတည်ငြိမ်မှု၊ မြင့်မားသောစိုထိုင်းမှု၊ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လောက်သောအား၊ လေတိုက်နှုန်းအပြောင်းအလဲ အစရှိသည်တို့ လိုအပ်ပါတယ်။ သဘာဝဂေဟစနစ်ကို ပျက်စီးစေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဒြပ်ပေါင်း CO2 ဟာ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အဓိက အကြောင်းတရားဖြစ်ပြီး သစ်တောများကသာ ထိုဒြပ်ပေါင်းကို လျော့ကျစေနိုင်ပါတယ်။ ကျောက်မီးသွေး၊ လောင်စာဆီအမျိုးမျိုးနှင့် သဘာဝဓာတ်ငွေ့များ အသုံးပြုမှုကနေ CO2 များ ဖြစ်ပေါ်လာစေပါတယ်။ ကျောက်မီးသွေးကတော့ အဆိုးဝါးဆုံးဖြစ်သောကြောင့် နိုင်ငံအတော်များများတွင် ကျောက်မီးသွေးစက်ရုံများကို ပိတ်သိမ်းလာကြပါတယ်။


ကမ္ဘာလုံးဆိုင်ရာ သစ်တောများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မြန်မာနိုင်ငံအတွက် သစ်တောပြုန်းတီးမှုမှတ်တမ်းဂရပ်များဟာ ထိတ်လန့်ဖွယ် ကောင်းလှပါတယ်။ ၂၀၀၀ခုနှစ်စစ်တမ်းတွင် မြန်မာ့သစ်တောဟာ တစ်နိုင်ငံလုံး၏ ၆၅% (43MHa) ထိရှိပါတယ်။ ၂၀၀၁-၂၀၁၃ ကြား သစ်တောပြုန်းတီးမှုမှာ 1,699,749Ha ဖြစ်ပြီး ၁၂နှစ်အတွင်း အဆိုးဝါးဆုံး သစ်တောပြုန်းတီးမှုမှာ ၂၀၀၉ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး 2,162,95Ha ဖြစ်ပါတယ်။ သစ်တောပြန်လည် ကြီးထွားမှု ၂၀၀၁-၂၀၁၂ ဟာ 3,149,14Ha သာရှိပါတယ်။ သစ်တောပြုန်းတီးမှုဂရပ်ပုံရိပ်များကို ပူးတွဲဖော်ပြထားပါတယ်။ Ha က ဟက်တာ(hectare) မြေဧရိယာတိုင်း ယူနစ် ဖြစ်ပါတယ်။
၂၀၀၂ခုနှစ် 02B၊ ၂၀၀၃ခုနှစ် 01B၊ ၂၀၀၄ခုနှစ် BOB01၊ ၂၀၀၆ခုနှစ် Mala မာလာမုန်တိုင်း၊ ၂၀၀၈ခုနှစ် သေဆုံးမှုအမြင့်ဆုံး Nargis နာဂစ်မုန်တိုင်း၊ ၂၀၁၀ခုနှစ် Giri ဂိရိမုန်တိုင်း၊ ၂၀၁၅ခုနှစ် Komen ကိုမန်မုန်တိုင်း။ ယခင်က သစ်တောပြုန်းတီးမှုတွေဟာ မိမိတို့နှင့် တိုက်ရိုက်ပတ်သတ်လာလိမ့်မည်ဟု ထင်ကြမည် မဟုတ်ပေ။ သစ်ခိုးထုတ်မှုအတွက် ဥပဒေကလည်း မှန်ချင်သူပေါ်မှန်ပြီး မမှန်ချင်သူပေါ်မမှန်ခဲ့ပေ။ တရားဝင်ကော၊ တရားမဝင်ကော သစ်ခုတ်မှုများကြောင့်လည်း တောင်ကတုံးများ ဝန်းရံထားသော အင်းလေးကန်ကို မြင်တွေ့ခဲ့ရပါတယ်။ သစ်ပြုန်းတီးမှုဟာ ယနေ့တွင် တစ်နိုင်ငံလုံးရှိ နိုင်ငံသားတိုင်း အလေးအနက်ထားသင့်နေပါပြီ။
1Ha(hectare ဟက်တာ) = 2.47acres(ဧက)
1MHa = 1,000,000Ha
Ref: Global Forest Watch, PNAS, Forestry Commission UK
(ရိုးရာလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...