Saturday, August 1, 2015

သူတို့ကို ငါ မကူညီရင် သူတို့ ဘာဖြစ်သွားမလဲ


ကျနော် ဖတ်ပြီး ရင်ထဲလှိုက်ကနဲဖြစ်သွားမိတယ်။
ကမ္ဘာကြီးဟာ အံ့သြစရာကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၁၈၉၂-ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပါ။ အသက် (၁၈) နှစ်အရွယ် ကျောင်းသားတစ်ယောက်ဟာ ကျောင်းလခတွေပေးဖို့ ရုန်းကန်နေရ ပါတယ်။

သူဟာ မိဘမဲ့တစ်ဦးဖြစ်ပြီး ပိုက်ဆံကို ဘယ်ကလှည့်ရမှန်းမသိ ဖြစ်နေတုန်းမှာ ဖျတ်ခနဲ အကြံ ရ လိုက်တယ်။ သူနဲ့သူ့သူငယ်ချင်းတို့ဟာ သူတို့ပညာရေးအတွက် တက္ကသိုလ် ပရ၀ဏ် ထဲမှာ ဂီတပွဲလေး တစ်ပွဲလုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကြီးကျယ်တဲ့ ပီယာနိုဆရာ အစ်ဂ်နာစီဂျေပါဒါရူစကီကို ဆက်သွယ်ခဲ့ကြတယ်။
သူ့ရဲ့မန်နေဂျာက ပီယာနိုတီးခ အတွက် အာမခံကြေး ဒေါ်လာ (၂၀၀၀) တောင်းဆိုခဲ့တယ်။ သဘောတူခဲ့ကြပြီး ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ဖို့ အလုပ်စ လုပ်ခဲ့ကြတယ်။ ကြီးကျယ်တဲ့နေ့ကို ရောက်လာပါပြီ။ ဒါပေမယ့် ကံမကောင်းချင်တော့ သူတို့ လက်မှတ်အကုန် မရောင်းနိုင်ခဲ့ကြဘူး။ စုစုပေါင်းလက်မှတ်ရောင်းရငွေဟာ ဒေါ်လာ (၁၆၀၀) ထဲပဲ ရှိပါတယ်။ စိတ်ပျက်စွာနဲ့ သူတို့ဟာ ပါဒါရူစကီးဆီကို သွားခဲ့ကြပြီး သူတို့ရဲ့ အခက်အခဲကို ရှင်းပြခဲ့ကြ တယ်။ သူတို့ဟာ ဒေါ်လာ (၁၆၀၀) အားလုံးကို သူ့အားပေးလိုက်ကြပြီး လက်ကျန်ငွေ ဒေါ်လာ (၄၀၀) ကို ချက်လက်မှတ်နဲ့ ပေးလိုက်ကြပါတယ်။
ကျန်တဲ့ပိုက်ဆံကို တတ်နိုင်သမျှ စောစောပြန်ပေးမယ် ဆိုပြီး ကတိပေးခဲ့ကြပါတယ်။ “ဟင့်အင်း။ လက်မခံနိုင်ဘူး” လို့ ပါဒါရူစကီးက ပြောလိုက်ပါတယ်။ သူဟာ ချက်လက်မှတ်ကို စုတ်ဖြဲပစ်လိုက်ပြီး ကောင်လေးနှစ်ယောက်အား ဒေါ်လာ(၁၆၀၀)ကို ပြန်ပေးလိုက်ပါတယ်။ “ကျေးဇူးပြုပြီး မင်းတို့ ကုန်ကျတဲ့ ကုန်ကျစရိတ် အားလုံးကို နှုတ်လိုက်ပါ။ မင်းတို့ရဲ့ ကျောင်းလခ အတွက် လိုအပ်တဲ့ ပိုက်ဆံကို ယူထားပါ။ ကျန်တဲ့ပိုက်ဆံကိုပဲ ငါ့ကို ပြန်ပေးပါ”။ ကောင်လေးတွေဟာ အံ့အားသင့်ခဲ့ကြပြီး အလွန်အမင်း ကျေးဇူးတင်ခဲ့ကြတယ်။ ဒါဟာ ကြင်နာခြင်းအပြုအမူလေးပါ။ ဒါပေမယ့် ပါဒါရူစကီးကို ကြီးကျယ်တဲ့ လူသားတစ်ယောက် အဖြစ် သိသာထင်ရှားစွာ ဂုဏ်ပြုရာရောက်တယ်။
သူ သိတောင်မသိတဲ့ လူနှစ်ယောက်ကို သူဘာ့ကြောင့် ကူညီတာလဲ။ ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလို အရာတွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ခဲ့ရဖူးပါတယ်။ နောက်ပြီး ကျွန်တော်တို့အားလုံးဟာ “သူတို့ကို ငါကူညီရင် ငါ ဘာဖြစ်သွားမလဲ” ဆိုတာကိုသာ စဉ်းစားကြပါတယ်။ အမှန်တကယ် ကြီးကျယ်မြင့်မြတ်တဲ့လူတွေကတော့ “သူတို့ကို ငါမကူညီရင် သူတို့ ဘာဖြစ်သွားမလဲ” လို့ စဉ်းစားကြပါတယ်။ အပြန်အလှန်အားဖြင့် သူတို့ဘာပြန်ရမယ် ဆိုတာကို သူတို့ မျှော်လင့် မထားကြပါဘူး။ အဲဒါကိုလုပ်ဖို့ သင့်တော်တယ်လို့ သူတို့ ခံစားရတဲ့အတွက် သူတို့လုပ်တာပါ။
နောက်တော့ပါဒါရူစကီးဟာ ပိုလန်နိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်လာပါတယ်။ သူဟာ ကြီးကျယ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ကမ္ဘာစစ်ကြီးဖြစ်တော့ ပိုလန်ဟာ အဖျက်ဆီး ခံလိုက်ရပါတယ်။ သူ့ရဲ့တိုင်းပြည်မှာ လူပေါင်း တစ်သန်းခွဲကျော် အငတ်ဘေးဆိုက် နေပြီး သူတို့ကိုကျွေးဖို့ ပိုက်ဆံမရှိဘူး။
ပါဒါရူစကီးဟာအကူအညီအတွက် ဘယ်ကလှည့်ရမှန်း မသိဘူး။ အကူအညီအတွက် သူဟာ အမေရိကန်စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး အုပ်ချုပ်ရေးအဖွဲ့ ကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီက ခေါင်းဆောင်ရဲ့အမည်က နောင်မှာ အမေရိကန် သမ္မတဖြစ်လာမယ့် ဟားဘာ့တ် ဟူဘာဖြစ်ပါတယ်။ ဟူဘာဟာ ကူညီဖို့ သဘောတူခဲ့ပြီး ငတ်ပြတ်နေတဲ့ ပိုလန်ပြည်သူတွေ အတွက် တန်နဲ့ချီတဲ့ စားနပ်ရိက္ခာတွေကို သဘောင်္နဲ့ လျင်မြန်စွာ တင်ပို့လိုက်တယ်။ အငတ်ဘေးကိုတော့ တားဆီးနိုင်လိုက်ပါပြီ။
ပါဒါရူစကီးဟာ စိတ်သက်သာရာရခဲ့ပါတယ်။ သူဟာ ဟူဘာကို သွားတွေ့ပြီး ကိုယ်တိုင် ကျေးဇူးတင်စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။
ပါဒါရူစကီးက ဟူဘာကို မြင့်မြတ်တဲ့ အမူအရာနဲ့ ကျေးဇူးတင်ကြောင်းစပြောတဲ့အခါ ဟူဘာက လျင်မြန်စွာနဲ့
“ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး သမ္မတကြီး။ အဖြစ်အပျက်တစ်ခုကို သမ္မတကြီး မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သမ္မတကြီးဟာ ကျောင်းသားလေးနှစ်ယောက်ကို ကောလိပ်တက်နိုင်ဖို့ ကူညီခဲ့ဘူးတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော်ပဲ” လို့ ပြောလိုက်ပါတယ်။
ကမ္ဘာကြီးဟာ အံ့သြစရာကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးက လည်နေတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...