စင်္ကာပူနိုင်ငံမှ သိကောင်းစရာများ
(၁) စင်္ကာနိုင်ငံမှာ လမ်းပေါ်တွင် အမှိုက်လုံးဝ ပစ်လို့မရပါဘူး။ လမ်းတိုင်း နေရာတိုင်းမှာ အမှိုက်ပုံးများ ထားရှိပေးထားပါတယ်။
(၂) လမ်းပေါ်မှာ ရှိတဲ့ သစ်ပင်တွေကို ခုတ်ခွင့်မရှိပါဘူး။ ငှက်ပစ်ခွင့်လည်း မရှိပါဘူး။ သစ်ပင်များကို သူတို့နိုင်ငံတွင် တယုတယထားရှိပြီး အလှမီးသီးများ ဆင်ခြင်း၊ အကိုင်းအခက်များ လှပအောင် ခုတ်ထွင်ခြင်းများ ပြုလုပ်ပါတယ်။
(၃) လူနေအိမ် တိုက်များ၏ နံရံတွေဟာ ညစ်ပတ်နေတယ်ဆိုရင် ဆေးသုပ်ရပါတယ်။
(၄) သူတို့နိုင်ငံ၏ နေရာတိုင်းမှာ တန်းစီတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ဥပမာ - စားသောက်ဆိုင်မှာ
ဈေးဝယ်တာဖြစ်ဖြစ်၊ တက္ကစီ စီးရင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ရေခဲမုန့်လောက် ဝယ်ရင်တောင်
တန်းစီတဲ့ စနစ်ကို ကျင့်သုံးပါတယ်။
(၅) ပြည်သူတွေကို အလေးထားတဲ့ စနစ်ကို ကျင့်သုံးပါတယ် ဥပမာ - အများပြည်သူသုံး အိမ်သာတွေမှာ
ကားတွန်းရုပ် မျက်နှာ ၅ ခု ထားရှိထားပါတယ်။ အရမ်းအဆင်ပြေတယ်၊ နည်းနည်းပဲ ပြေတယ်၊ ပုံမှန်ပဲ၊
ညံ့တယ်၊ လုံးဝ ညံ့တယ် စသဖြင့် မိမိစိတ်ထဲမှာ ရှိတဲ့ အရာကို နှိပ်ခဲ့ဖို့ ပြုလုပ်ပေးထားပါတယ်။
(၆) လမ်းပေါ်တွေမှာ ယာဉ်ထိန်းရဲက စောင့်ကြပ်တဲ့ စနစ် စောင့်ကြည့်တဲ့ စနစ် မရှိပါဘူး။ တစ်မြို့လုံး ကင်မရာများ
တပ်ဆင်ထားပါတယ်။ တစ်စုံတစ်ခု ဖြစ်ရင်တော့ မီနစ်အနည်းငယ် အတွင်း ချက်ချင်း သင့်ဆီရောက်လာမှာဖြစ်ပါတယ်။
(၇) အရှေ့တောင် အာရှမှာ အချမ်းသာဆုံးနှင့် ဈေးအကြီးဆုံး နိုင်ငံ ဖြစ်တယ်။ အရှေ့တောင် အာရှမှာ အကြီးဆုံး ကားပါကင်ရှိတယ်။
(၈) ဆေးလိပ်နှင့် အရက် ဆေးနှုန်းများကိုလည်း အခွန်အခများစွာ ကောက်ခံ ထားပါတယ်။ဒါကြောင့် ဆေးလိပ်နှင့် အရက်ဆေးများ ကြီးမြင့်ပါတယ်။
(၉) စင်္ကာပူ နိုင်ငံကို တည်ထောင်တာ အခုဆိုရင် နှစ် ၅၀ ပဲ ရှိပါသေးတယ်။
(၁၀) စင်္ကာပူနိုင်ငံမှာ မိန်းကလေး တွေဟာ ယောင်္ကျားလေး တွေထက်
ဆေးလိပ်ပိုပြီး သောက်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
www.yoyarlay.com
0 comments:
Post a Comment