Saturday, February 7, 2015

မြင့်မြတ်ပြီး အထက်တန်းကြတဲ့ တွေးခေါ်မှု နှင့် အစွန်းရောက် ဝါဒီ


သမိုင်း အထောက်အထားနှင့် အရင်းခံလာသော လူမျိုး အဖွဲ့ အစည်း တစ်ခုသည် တစ်ပါးသူ၏ ဖျက်စီးခြင်း သွေးခွဲခြင်း ဒါမှ မဟုတ် တစ်ခုခုသော အကြောင်းကြောင့် ပျက်စီးသွားရကြသလို မိမိ၏ လူမျိုးအတွင်း ပညာအမြှော်အမြင်ကို အရင်း မခံပဲ အတ္တ ကိုအရင်းခံတဲ့ အစွန်းရောက် မျိုးချစ်တွေကြောင့် လည်း အရှိန် အဟုန်နှင့်တက်လှမ်းနိင်မည့်  လူမျိုး ၊ ထို အဖွဲ့ အစည်း ထို စာပေ၊ ထိုယဉ်ကျေးမှုတို့သည် စုစည်း မှု တခု အနေ နှင့် ခိုင်ခံ့ ခြင်းမရှိပဲ အစိတ်စိတ် အမွှာမွှာ နှင့် သွေဖယ်သွား ကြတာ သူသူ ငါငါ အမြင်ပါ ၊ ထိုသူတွေကို လက်တွဲ ခေါ်ယူဖို့ နေနေ သာသာ ချစ်ခင် စည်းရုံးမှု ကိုပါ ပြက်ပြား စေခဲ့တယ် ။ ဒါတွေအားလုံးတွေဟာလည်း ခေတ် အဆက်ဆက်က အဖိနှိပ် ခံခဲ့ ရတဲ့ မလိုလားသူ ပညာမဲ့  တွေရဲ့  သွေးခွဲတဲ့  နည်းလမ်းကောင်းတစ်ခုပါပဲ မဟုတ်ပါလာ။
မွန်လူမျီူးတွေကို ဘယ်သောအခါမှ နစ်စိတ် ၊ သုံးစိတ် အမွာမွာ ခွဲလို့ မရသည့် အဆုံး တစ်ခြားသော အိုးမည်းသုတ်ပေးပြီး အချင်းချင်း ရဲ့ စိတ်ဓါတ်ကို ကွဲပြားစေသည်နည်းလမ်းများကို ရှာဖွေလာခဲ့ ကြသည် ။လေးခွနှင့် ပစ်လို့ မရဘူးဆိုရင် ထောင်ချောက် ထောင်ပီး ဖမ်းမယ်။
ဒါမှ မဟုတ် ဆန်ကျဲ ပြီးနောက် အနားကပ်လာပြီးမှ ဖမ်းမယ်။ စတီး လှောင်အိမ် နှင့် စွဲမက် စရာကောင်းတဲ့  ရောင်စုံခြယ် လှောင်အိမ်မှာ ဆန်တဆုတ်စာ ထည့်ပြီး ဆွယ်မယ် ၊ နည်းလမ်း အများကြီးရှိတယ် စသည်ဖြင့် သူတို့ ရဲ့  လုပ်ရပ်တွေဟာ တစ်ဖက်သတ် အနိင်ယူလွန်းပါတယ်။ မွန်လူမျိုးတွေရဲ့  သွေးကို မှေးမှိန်စေ ဖို့ ကြိုးစားနေကြတယ်။
တကယ့် အကြင်နာ စိတ်ထားနင့် စောင့်ရှောက်မယ် ၊ ပြုစုမယ် ဆိုတဲ့ သူ မရှိ သလောက်နည်းတယ် အပြောနှင့် လက်တွေ ဘာမှ အကောင် အထည် မဖေါ်နိင်ခဲ့ဘူး။အချင်းချင်း တိုက် ခိုင်းမယ် ပြီးရင် နှစ်ကောင် စလုံးကို ဟင်းအိုးထဲ ထည့် ချက်စားမယ်။
ပြန်ကြည့် မယ်ဆို ဒါတွေဟာ ရာစု ခုနှစ် အဆက်ဆက်က ခံလာ ခဲ့ရ တာတွေ ၊ မြင်လာ ခဲ့ရ တာတွေပဲ ။ သိုးသော် အခုချိန်ထိ မွန်လူမျိုးတွေ ရဲ့ သွေးတွေကို ဘယ်သူကမှ ခွဲလို့ မရခဲ့ ကြဘူး ။
ကိုယ့်အချင်းချင်းထဲက မြင့်မြတ်ပြီး အထက်တန်းကျတဲ့ တွေးခေါ်မှု ရှိဖို့ လိုတယ် ။
မွန်သွေး မပါတဲ့ လူသူ တွေတောင် မွန်တွေရဲ့ ဂုဏ်ကို ဖော်ကြူးနေကြတာပဲ ၊ ကွန်တော် ကျွန်မ တိုရဲ့  မွန်သွေးရှိတဲ့ သူတွေက ကိုယ်နိင်တဲ့ ဘက်က မွန်တွေရဲ့  အနာဂတ် အတွက် နည်းလမ်း ရှာပြီး မွန်စာပေ ယဉ်ကျေးမှု၊ ထုံတမ်း အစဉ်အလာတွေ မပျောက်ပျက် ရအောင် ထိမ်းသိမ်းခြင်းဖြင့် ကျေးဇူးဆပ်နိင်ပါသည်။
ဥပမာ … အဖေ အမေ တွေ မွန်စာ မတတ်ဘူး ဆိုရင် တတ်အောင်သင်၊ မသင်ချင်ရင်လည်း ကိုယ့်သားသမီး တွေကို မွန်ဘာသာ စကားပြောတတ်အောင်၊ မွန်စာ တတ်အောင် ဘယ်လို သွန်သင်ဆုံးမ ရမည် ကို သိထားဖို့ သင့်တယ် ။ 
ဒါတွေကို မိဘ တွေက မသိဘူး ဆိုရင် ရပ်မိ ရပ်ဖ ဆွေမျိုးထဲက အမြှော်အမြင် ရှိတဲ့ သူတွေက ပြောဆိုဆုံးမ ပေးရမည် ။
ထိုသို့  ဆွေမျိုးအသိ မိတ်ဆွေ တွေကလည်း မသိ ဘူးဆိုရင် ဘုန်းတော်ကြီး ဆရာတော်တွေက သွန်သင် ဆုံးမပေးရမည် မဟုတ်ပါလား ။
မွန်စာ ရေးတတ် ဖတ်တတ်တဲ့  လူဦးရေ ဟာ နှစ်စဉ် တိုးပွါလျက်ရှိပေရာ စွမ်းစွမ်း တမံ ကြိုးစား သင်ကြား ပေးခဲ့ကြသော ရဟန်း သံဃာ ဆရာ မိဘ နှင့် တစ်ခြားသော မွန် စေတနာ့ ဝန်ထမ်းများကို အများကြီးကျေးဇူးတင်မိတယ် ။
မွန်လူမျိုး ဖြစ်ပေမယ့် ငယ်ငယ်တုန်းက မွန်လူမျိုး ဖြစ်တယ်လို့ အများသူရှေ့ ဖွင့်ပြောဖို့  ရှက်နေ ကြသူတွေဟာ...ကြီးလာတော့ မွန်လူမျိုးလို့ ဂုဏ်ယူ ဝင့်ကြွားနေကြပြီ။
မြန်မာစာ ကို အထက်တန်းအဆင့်ထိ သင်ကြား တတ်မြောက်သူတိုင်း၊ ဒါမှ မဟုတ် စာပေ လေ့လာ လိုက်စားသူတိုင်း မွန်လူမျိုးဖြစ်ပါသည်ဟု ဖွင့်ပြောဖို့ ဝန် မလေးတော့ပါဘူး ။ ရွှေတိဂုံ ဘုရား ရင်ပြင် ပေါ်မှာ မွန် ပုဆိုး တိုက်ပုံ နှင့် ဘုရား ဖူး ရသည် ကို ဂုဏ်ယူတတ်နေကြပြီ ။
အစိုးရ ရဲ့  ပုံစံခွက် ပညာရေး စနစ် က ဘယ်လောက်ပင် စာဟောင်း ပေဟောင်း တွေကို ပိတ်ပင်ထားပါစေ ရှေးဟောင်း အမွေ အနှစ် များတွေကို ဖျောက်ဖျက် နေပါစေ၊ဘက်လိုက် ရေးသားတတ်သော တစ်ခါစား သမိုင်းဖျက် သုသေသီတွေ ရှိနေပါစေ ၊ အရွယ်ရောက်သူ စာပေ လေ့လာ သူတွေရဲ့  မျက်စိနှင့် နားတွေကို သေသည် အထိ ပိတ်ထားလို့  မရနိင် ပါဘူး ။ တစ်ခြား ပြင်ပ စာပေ များကို Web တွေမှာ လေ့လာခွင့် ရနေကြပြီ ။
ဗမာဘုရင် အနော်ရထာ ဟာ မွန်ဘုရင် မနူဟာမင်း လက်ထက်မှာ မွန်တို့  တိုင်းပြည် သုဝဏ္ဏဘူမိ ကိုစစ်နိုင်ပြီး မွန်ဘာသာနှင့် ရေးသားထားသော ထေရ၀ါဒ ဗုဒ္ဓဘာသာ စာပေများ ၊ မွန်ရဟန်းတော်များ ၊ မွန်ရိုးရာ ယဉ်ကျေးမှု ဗိသုကာ ပညာရှင်များ ၊ မွန်စာပေ ပုရပိုဒ် များကို ဖမ်းဆီး သယ်ဆောင်သွားခဲ့တယ် ။
မွန်တို့ ရဲ့  ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို ကူးယူပြီး ဗမာနိုင်ငံဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံ ဖြစ်လာတယ် ။ မွန်ဗိသုကာ ပညာရှင်များ ဆောက်လုပ် ပေးခဲ့တဲ့ စေတီ များ အဆောက်အဦး များဟာ မြန်မာပြည် အနှံ့ အပြားမှာ ယနေ့  တိုင် ရှိနေသေးတယ် ။ ပုဂံမှာ ရှိတဲ့ ရှေးဟောင်း ဘုရားများဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။ မွန်စာပေ ဟာလဲ ဗမာစာ တိုးတက်ပြောင်းလဲ ရေးမှာ အဓိက အထောက်အကူ ပြုခဲ့တယ် ။ ဗမာစာပေ အရေးအသား ကို မွန်စာပေ အရေးအသားအပေါ် မှီငြမ်းပြီး ပြုပြင်ပြောင်းလဲ ခဲ့ကြတယ်။ ဗမာစာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများနဲ့ နှစ်ပေါင်းများစွာ စောပြီး ရှိခဲ့တဲ့ မွန်စာပေ အရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများ အားလုံး နီးပါး တူညီနေတာဟာ ထင်ရှားတဲ့ သက်သေတွေ ဖြစ်တယ် ။
သူငယ်ချင်း အချို့ က မွန်စာကို မြင်ရင် မင်းတို့ မွန်စာက မြန်မာစာ နဲ့  တော်တော်တူတာပဲ ၊ မြန်မာစာကို မှီငြမ်းပြီး လုပ်ထား တာလားလို့  မေးတတ်ကြတယ် ။ မြန်မာစာ ဘယ်က စခဲ့တယ် ဆိုတာ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိပေမဲ့ ကျောင်းသုံးစာအုပ် တွေထဲမှာ မတွေ့  ရတော့ သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာသူတွေ ကလွဲလို့  ကျန်တဲ့သူတွေ မသိတာ အံ့သြ စရာတော့ မဟုတ်ပါဘူး ။ မွန်စာ ဟာ မြန်မာစာထက် နှစ်ပေါင်းများစွာ စောပြီးရှိနေခဲ့တာပါ ။
ခေတ်ရေစီးကြောင်းနှင့် နာကြီးချက်တွေဟာ အနာဂတ် မွန်လူမျီုးအတွက် ဘယ်လောက် အထိ အကျိုးအမြတ်ရှိပြိး ဘယ်လောက် အထိ ဆုတ်ယုတ်မှုကို ဖြစ်စေလဲ ဆိုတာလဲ အနာဂတ် မွန်တွေ အတွက် သိဖို့ လိုတယ် ။
ဆိုလိုတာက
အစိုးရ ကျောင်းမှ သင်ကြားတတ်မြောက်လာသော မွန် ပညာတတ်များနှင့် ဗုဒ္ဒွဘာသာ ဘုန်းကြီကျောင်း မှသင်ကြားတတ်မြောက်လာသော ပညာ တတ်များ တစ်စု တစ်စည်းတည်းနှင့် ကိုယ်စွမ်းဆောင် နိင်သလောက် အတူတကွ အလိုက် သိစွာနှင့် အစွန်း ရောက် ဝါဒီများကို ထည်မသုံးပဲ ကိုယ်နိင်တဲ့ ဘက်က စွမ်းစွမ်း တမံ ဆောင်ရွက်ကြမယ်ဆိုရင် ဖြင့် မွန်လူမျိုးတွေ ရဲ့ စည်းရုံးမှုအတွက် သာ မက ပဲ တိုးတက်မှူအပိုင်းမှာ အတိုင်းထက် အလွန် ဖွံဖြိုး လာမှာ ဧကန်မုချ ပါ ။
ကျွန်တော့် ဆရာပြောသော စကားတစ်ခွန်း အခုထိ ကျွန်တော် ရင်ထဲမှာ ရှိနေဆဲ ၊၊
“မွန်လူမျိုးတွေရဲ့ အနာဂတ် အတွက် သင့် ခလေး တွေကို မွန်စာ နင့် အခြား ဘာသာ တွေကို သင်ပေး ခဲ့ပြီလား ၊၊”
”တိုင်းရင်းသား ပြည်သူတွေကြား ဝင်ဆံ့ ပြီလား ၊ ဒါ ဆို အနာ ဂတ် အတွက် ပူပင် စရာ မလိုတော့ ဘူး ။”
ဆိုလိုတာက တိုင်းရင်းသား ဝိုင်း မှာ ဝင်ဆံ့ ပြီလား ဆိုတဲ့  ဆိုလိုချက်က တိုင်းရင်းသား တွေနှင့် စကားပြောတဲ့  အခါ ဘယ်ဘာသာ နှင့် စကားပြောကြလဲ၊ အဲဒီ ဘာသာ ကို ပိုင်ပိုင် နိင်နိင် တတ်ပြီလား သူတို့ ပြောတာ တစ်လုံးမကျန် နားလည် ပြီးလား ။ကိုယ်ပြောသော စကားလုံးတွေရော သူ တို့ နားလည်းကြပြီလား တဲ့  ၊၊
ကုလာ ထိုင်မှာ ထိုင်ပြီး ဘာအခွင့် အရေးမှ တောင်းဆို မတတ်မှာစိုးလို့ ပါ။
ဒါတွေဟာ လက်တွေ့  မှာ တကယ့်ကို အဓိပ္ပါယ် ရှိတဲ့  စကားလုံးတွေပါ ။
ဘဝ ပေးအခြေအနေ ကြောင့် မွန်စာ နည်းနည်း ပါးပါးသာ တတ်ပြီး မြန်မာစာ ကျွမ်းကျင် သူတွေက မွန်တွေရဲ့ ရှေးသမိုင်း ဘုရား စောင်းတန်း စေတီ ပုထို အကြောင်းတွေကို ကမ္ဘာ့ အလယ်မှာ ရေးသားဖေါ်ပြနိင် သလို ၊ မွန်စာ ပိုင်နိင် ပြီး မြန်မာစာ မပိုင် တဲ့ သူတွေကလည်း မွန်လူမျိုးများ မျက်စိ ပွင့် နားပွင့် လာနိင်အောင် မွန်စာ ပေ ယဉ်ကျေးမှု အမွေအနှစ်များကို ရေးသားပြူစု ထိမ်းသိမ်းကြပြီး သုတ ၊ ရသ ဖြစ်စေမည့် ၊မွန်လူမျိုးတွေရဲ့  အနာဂတ် ကို အလှဆင်ကြပါစို့ ဟု တိုက်တွန်းရင်း ၊၊
စိတ္တသုခ ၊ ကာယ သုခ နှစ်ဖျာသော သုခ နှင့် ပြည့်စုံ နိင်ကြပါစေလို့  ဆုမွန်ကောင်းတောင်း လျှက် ၊၊ 
နောင် တစ်ခေတ်မှာ မွန်စာ နှင့် မြန်မာ စာ အပြင် တခြား ဘာသာ ပေါင်းဆုံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ပြိး ဝိုင်းဝင် သူဖြစ်နိင်ပါစေ။ ခေါင်းဆောင်ကောင်း ဖြစ်နိင်ပါစေ ၊၊ 
တစ်ဖက်သတ် အစွန်း မရောက်ကြပါပဲ မြင့်မြတ်ပြီး အထက်တန်းကြတဲ့ တွေးခေါ်မှု တွေ ရှိနိင်ကြပါစေ ၊၊ ၊၊

ဇာဂနာ

ဆက်ရန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...