Saturday, February 7, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် -


၁၉၉၄ ခုနှစ်တုန်းက ကျွန်တော် ထောင်ကလွတ်ခဲ့ပါတယ်။ ကျွန်တော့် စိတ်ထဲမှာ 
အကြံအစည် တစ်ခုပါလာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရုပ်ရှင် ရိုက်
ချင်တဲ့ ရောဂါပါ။ အိန္ဒိယ ခေါင်းဆောင် ဂန္ဒီအကြောင်း ရုပ်ရှင်ရှိတယ်။ ဟိုချီမင်းအကြောင်း ရုပ်ရှင်ရှိတယ်။
 ဘာလို့ ဗိုလ်ချုပ်အကြောင်း မရှိရတာလဲ။ ကျွန်တော်တို့ထက် ၀ါရင့်တဲ့
အသက်ကြီးတဲ့ ပညာရှင်တွေ ဘာလို့မကြိုးပမ်းခဲ့တာလဲ။
ဖဆပလ အစိုးရ လက်ထက်
ကလဲ မလုပ်ခဲ့ကြပါဖူး။ မဆလခေတ်က ဘာလို့ မလုပ်ခဲ့ကြတာလဲ။ ကျွန်တော် ကြိမ်ဖန်
များစွာ အပြန်ပြန်အလှန်လှန် စဉ်းစားခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်ကြတဲ့ ဘကြီးအောင်
လို့ခေါ်တဲ့ ရုပ်ရှင် မင်းသားကြီး ဦးအောင်လွင်ရဲ့ စကားတစ်ခွန်းကို အမှတ်ရမိပါရဲ့။
သေပြီးသူကို မနာလို မဖြစ်ပါနဲ့တဲ့။
ဟုတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြီးမြတ်တဲ့ဂုဏ်ကို မနာလိုဖြစ်ပြီး မဆလ ခေတ်
ကလဲ ဗိုလ်ချုပ်ကို ဂုဏ်မပြုလိုကြဖူး။ န၀တ နအဖ ခေတ်မှာတော့ ပိုက်ဆံပေါ်က
ဗိုလ်ချုပ်ရဲ့ပုံကိုပါ ဖယ်ရှားလိုက်တော့တယ်။ အဆိုးဆုံး ဖြစ်ရပ်တစ်ခုကတော့ ဗိုလ်ချုပ်ရဲ့
ဓာတ်ပုံကို အိမ်မှာထားမိလို့ ထောင်ခြောက်လ အချခံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု တကယ်
ဖြစ်ခဲ့ဖူးပါတယ်။ ညောင်တုန်းမှာပါ။ ကျောင်းဆရာ တစ်ယောက်ပေါ့။ သူ့အိမ်မှာ
စိန်စီတဲ့ညဆိုတဲ့ အခွေကို ကြည့်နေတယ်ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးက တိုင်တယ်
တဲ့။ ဒီတော့ အိမ်ပေါ်တက်ဖမ်းတယ်ပေါ့ဗျာ။ ဖမ်းတဲ့အခါမှာ TVနဲ့ တွဲထားတဲ့
အောက်စက်ထဲက စီဒီအခွေတွေရော၊ ပုံထားတဲ့ အခွေတွေရော အကုန်သိမ်းတော့
တာပါပဲ။ အဲဒီမှာ သူတို့လိုချင်တဲ့ စိန်စီတဲ့ည အခွေ မတွေ့ဖူး။ ရှာလို့ မရဖူးပေါ့လေ။
ဒီမှာတင် နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ဖြုတ်သိမ်းတော့တာ
ပါပဲ။ အဲဒီ ကျောင်းဆရာကို တရားရုံးတင်ပြီး တရားစွဲတဲ့အခါမှာ ငိုအားထက် ရယ်အားသန်ပါတယ်။
 ရှေ့နေက ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မေးတယ်။
“ဒီဓာတ်ပုံထဲက ဘယ်သူလဲ သိလား”
“မသိပါဘူး”
“ခင်ဗျား စာတတ်လား”
“သမိုင်းနဲ့ဘွဲ့ ရတာဗျ”
ကိုင်းဗျာ၊ ဘယ်လောက်ရယ်စရာ ကောင်းလိုက်ပါသလဲ။ သမိုင်းနဲ့ ဘွဲ့ရတဲ့ ရပ်ကွက်
အုပ်ချုပ်ရေးမှူး တစ်ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို မသိဖူးတဲ့။ ဘယ်လိုတိုင်းပြည်
နဲ့ ဘယ်လိုလူတွေလဲ။ ဒါပေမဲ့ အဲဒီ ကျောင်းဆရာလေးကို ထောင်ခြောက်လ
ချလိုက်ကြပါတယ်။ ဘယ်လို တရားသူကြီးလဲ၊ ဘယ်လို တရားစီရင်ရေး စနစ်လဲ။
ဒီလိုတိုင်းပြည်မျိုးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင် ရိုက်ချင်တယ်ဆိုတာဟာ ရူးတာလို့
 ပြောကြတော့မှာလား။ ဒါပေမဲ့ ကျွန်တော် မဆုပ်မနစ် ကြိုးစားခဲ့ပါတယ်။
ကျွန်တော် သေသွားခဲ့ရင်တောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဇာတ်ညွှန်း တစ်ပုဒ်
တော့ ကျန်ခဲ့စေရမယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတော့တယ်။ အခက်အခဲ တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းနဲ့ 
ပတ်သက်တဲ့ အထောက်အထား စာရွက်စာတန်းရှာရ
တော်တော်ခက်ပါတယ်။ အမျိုးသား စာကြည့်တိုက်ကို ကျွန်တော် ရောက်တဲ့အခါ ကက်တလောက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အုပ်
သုံးဆယ်လောက် ရှိပေမဲ့ တစ်အုပ်မှငှားလို့ မရပါဖူး။ ထိုင်ဖတ်မယ် ဆိုပြန်တော့လဲ
ထုတ်မပေးပါဘူး။ အကြောင်းပြချက် တစ်စုံတစ်ခုမှ မပေးဘဲနဲ့ ခဏလေးလောက်
တောင် ဖတ်ခွင့်မရခဲ့ပါဖူး။
ကျွန်တော့ မိဘနှစ်ပါး စုဆောင်းထားခဲ့တဲ့ စာအုပ်တွေကိုသာ ဖတ်ခဲ့ရပါတော့တယ်။
ဒေါက်တာ မောင်မောင်ရဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း
တည်းဖြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိတို့ကိုပဲ ဖတ်ခဲ့ရပါတယ်။ ကျွန်တော့
ပင်ကို သဘောအရ စုံထောက်လို ဥာဉ်မျိုး ရှိပါတယ်။ သတင်းထောက်လို စိတ်မျိုး
လဲရှိတယ်။ ဒီတော့ နှိုက်နှိုက်ချွတ်ချွတ် စေ့ငုလေ့ ရှိပါတယ်။
ဆိုပါတော့၊ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်ဖို့ ရက်သတ်မှတ်ထားတာ ၁၉၄၇ ခုနှစ်၊
ဇူလိုင်လ (၁၆) ရက်နေ့ ဗုဒ္ဓဟူးနေ့မှာပါ။ ပြီးတော့မှ လွှတ်တော်နဲ့ တိုက်နေလို့ ၀န်ကြီး အစည်းအဝေးကို
 စနေနေ့ (ဇူလိုင်လ ၁၉ရက်နေ့)ကို ရွှေ့ခဲ့လိုက်တာပါ။ ဒါဆိုဝန်ကြီး
အစည်းအဝေး ရက်ရွှေ့တာ ဦးစော ဘယ်လိုလုပ်သိလဲ။ ဘယ်နှနာရီမှာ အစည်း
အဝေး လုပ်မယ်ဆိုတာကိုရော အပြင်လူ တစ်ယောက်က ဘယ်လိုလုပ်ပြီး
သိသွားတာလဲ။ လွယ်လှချည်လား။
တစ်ခါ ဒေါက်တာ မောင်မောင်ရဲ့ တရားရုံး မှတ်တမ်းထဲမှာတော့ ရန်ကြီးအောင်
တို့ဟာ မနက် ရှစ်နာရီ ကထဲက အတွင်းဝန်ရုံးရဲ့ လမ်းတစ်ဖက်က လက်ဖက်ရည်
ဆိုင် (ကာကာဆိုင်)ထဲကို ရောက်နှင့် နေပြီးသား ဖြစ်နေတယ်ဆိုတဲ့ အချက်က
ကျွန်တော့ရဲ့ သံသယစိတ်ကို တိုးပွားလာစေခဲ့ပါတယ်။ အတွင်းလူ
တစ်ယောက်တော့ (အနည်းဆုံး) ပါရမယ်လို့ ကျွန်တော် ယုံကြည်လာခဲ့ပါတော့တယ်။
ဗိုလ်ချုပ်တို့ အလုပ်ကြံခံရတဲ့ အချိန်မှာ ဗိုလ်ချုပ်ရဲ့ အစည်းအဝေးခန်းနဲ့ ကပ်လျက်
(ဆင်နားရွက် တံခါးတစ်ချပ်သာ ခြားတဲ့) အခန်းထဲမှာ ဗိုလ်ထွန်းလှနဲ့ ဗိုလ်သန်းဝင်း
ရှိနေပါတယ်။ ပြီးတော့ တပ်ကြပ်ကြီး ညွန့်မောင်က ဆန်ပြုတ်ဆင်း ၀ယ်ခဲ့ပါတယ်။
တစ်ခါ ဒီလောက် သေနတ်နဲ့ တရကြမ်း ပစ်နေတာ ကပ်လျက်အခန်းထဲက လူတွေ
ဒီအတိုင်း ငြိမ်နေကြတယ်တဲ့လား။ ဗိုလ်ချုပ်ရုံးခန်း အောက်ထပ် တည့်တည့်က
လူတွေကရော မကြားတော့ ဘူးတဲ့လား။ ဗိုလ်ချုပ်ရဲ့ ရုံးခန်း အောက်တည့်တည့်
အခန်းဟာ ရဲမှူးကြီး ဦးထွန်းလှအောင်ရဲ့ အခန်း ဖြစ်တယ်။ အဲဒီအခန်းထဲမှာ အင်္ဂလိပ် စစ်တပ်က
 ထောက်လှမ်းရေး တပ်မှူးနိုက်နဲ့ အရှေ့တောင် အာရှ စစ်ဒေသမှူး
ဗိုလ်မှူးချုပ် နိုက်တ်တို့ ရှိနေပါတယ်။ သူတို့ရော ဒီသေနတ်သံတွေ မကြားကြဖူး
တဲ့လား။ ဦးအုန်းမောင်ရဲ့ ကိုယ်ရံတော် ရဲဘော် ကိုထွေးတောင် သေနတ်သံကြား
လို့ ပြေးတက်လာတာ မဟုတ်လား။
ကျွန်တော့်ရဲ့ သံသယစိတ်တွေဟာ ပိုပိုပြီး ကြီးလာပါတယ်။ ဒီတော့ ဗိုလ်ချုပ် လုပ်ကြံ
ခံရမှုကြီးရဲ့ နောက်ကွယ်ကို စစ်စစ်ပေါက်ပေါက် လိုက်ရပါတော့တယ်။ ဒီတုန်းက ရဲဘောသုံးကျိပ်ထဲက 
ဗိုလ်ရဲထွတ်တို့ ဗိုလ်တာရာတို့ ရှိနေပါသေးတယ်။ ဆရာကြီး
ဒဂုန်တာရာလဲ ရှိနေပါသေးတယ်။ ထောင်ထဲမှာ ခင်ခဲ့တဲ့ လယ်ဝေး သခင်ကြီး
ကြည်ရှိန်လဲ ရှိနေသေးသလို သခင်ကြီး ချန်ထွန်းလဲ ရှိနေတာပေါ့။
တစ်အိမ်တက်ဆင်း ကျွန်တော် လိုက်မေးနေရင်း တစ်နေ့မှာတော့ မြေနီကုန်းနား
က မြိတ်မောင်တိတ် ကတ်ကျေးကိုက်ဆိုင်ကို ရောက်ခဲ့ပါရော။ အဓိကကတော့
ဦးလေး သခင်တင်ဦး ဆီသွားဖို့ သူကြိုက်တတ်တဲ့ ကတ်ကျေးကိုက် ၀င်ဝယ်တာပါ။
ဆိုင်ထဲရောက်လို့ ကတ်ကျေးကိုက်လဲ မှာပြီးရော ကျွန်တော့် ဘေးနှစ်ဖက်မှာ
လူနှစ်ယောက် ဗြုံးကနဲ လာထိုင်ချလိုက်ပါတော့တယ်။
(ဆက်ရန်)
ဇာဂနာ
Tomorrwo သတင်းဂျာနယ်အမှတ်-၄၉ ပါ ဆောင်းပါး။
Credit Kyaw Swar Myint


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...