Monday, January 12, 2015

ခေါင်းစဉ်ကိုနောက်မှပြောပြမယ့်ပုံပြင်



တရံယောအခါ၌ မင်းကြီးစိန်သည် မိမိမင်းလုပ်အုပ်ချုပ်နေသောတိုင်းပြည်ကြီး၏ အခြေအနေမှန်ကိုသိစိမ့်လိုသောငှာ ဟွာဝေဖုန်းလေးကို ခါးကြားထိုးကာ ရုပ်ဖျက်ပြီး လှည့်လှည်စုံစမ်းလေသတည်း......။

မွန်းတည့်ချိန်သို့ရောက်လင့်သော် ကားလမ်းလည်းကြပ် ဘိုင်လည်းပြတ်ကာ ရေဆာငတ်ပြေ ရေခဲရေသောက် လမ်းလဲပျောက်ပြီးသကာလ မင်းကြီးစိန်သည် ဟွာဝေဖုန်းကိုထုတ်ကာ သူ၏ ဘော်ဒီကဒ်ကိုယ်လုပ်တော် အဲအဲ..... ဘော်ဒီကဒ်ကိုယ်ရံ တော်ဆီသို့ မိမိအားပြန်လာခေါ်ရန် ဖုန်းဆက်ရန်ပြင်လိုက်သောအခါ။ ပင်ယံထက်ဖျား ကြက်တူငှက်ခါး မှ '' လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်ရေးဧရိယာ ပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆိုဆက်သွယ်လို့ မရလတ္တံ့'' ဟု အော်လေ၏ ။ ထိုအခါမင်းကြီးစိန်လည်း နိမိတ်မကောင်းဟု ကြီးစွာသောထိတ်လန့်ခြင်းကိုဖြစ်ကာ ဘလက်တတ်စီဆိုင်ကယ်တစ်စီးကိုငှားကာ အခြားသောအရပ်သို့ ပြောင်းရွေ့လေ၏ ။
'' အိမ်း..... ဤနေရာကား နေရောင်ပါး၍ သစ်ရိပ်များသည် တိတ်ဆိတ်ဖုန်းခေါ် သင့်တော်မည့်နေရာပါတကား '' ဟု အကြံဖြစ်ကာ မင်းကြီးသည် ဘော်ဒီကဒ်ကိုယ်ရံတော်ကို ဖုန်းခေါ်တော်မူရန် ဟွာဝေး ရှစ်ရှစ်တစ်သုံး ဂျီစီနှစ်ကဒ်တွဲဖုန်းကိုထုတ်ပြီး ပါဝါခလုပ် တစ်ချက်ပုတ်ရန် ပြင်လိုက်သောအချိန်တွင် သစ်ပင်ကြားမှာ ကြက်တူရွေးငှက်တစ်ကောင် ထပျံပြီး '' ၀မ်းနည်းပါတယ်ရှင် ယခုခေါ်ဆိုမှုအတွက် အသပြာငွေယားမလုံလောက်ပါသဖြင့် ငွေဖြည့်ကဒ်လေး ၀ယ်လိုက်ပါဦးရှင် '' ဟုအော်လေ၏ ။ မင်းကြီးစိန်လည်း သောက်ရှက်နှစ်ခြမ်း တဗျမ်းဗျမ်းကွဲ နဖူးကြီးရဲ ( နဖူးက ပိုကြီးသကိုး ပိတ်သတ်ရဲ့.. ) ကာ ထွက်ပြေးလေ၏ ။
အွင်း.... ထူးကတော့ဆန်းနေပြီ ငါဖုန်းဆက်မယ်ကြံတိုင်း ကြက်တူရွေးက လှမ်းလှမ်းအော်နေတယ် ဒီတခါဖုန်းမဆက်ခင် အပင်ထက်ကို scout လုပ်ဦးမှ ဟု ပင်ကြိုပင်ကြား သေချာကြည့်လတ်သော် ကြက်တူရွေးတစ်ကောင်မြင်လေ၏ မင်းကြီးလည်း ဖုန်းမခေါ်ရဲပဲ ကြက်တူရွေးကိုသာ မော့ကြည့်မော့ကြည့်လုပ်နေသဖြင့် ကြက်တူရွေးမှ
'' ဗူးသီးကိုပေါလစ်တင် နဖူးကြီးဆိုချောသစ်လွင် နေတဲ့ဦးရီးက ဘာပုလို့ တောင်ကြည့်မြောက်မော် ဆင်_ီး ခွေးမျှော်သလိုဖြစ်နေရဒုန်း ''ဟုမေးသော် ။ မင်းကြီးစိန်မှ ဖြစ်ကြောင်းကုန်စင်ကို ကြက်တူရွေးအား ပြန်ပြောပြလေ၏။ ထိုအခါမှ ကြက်တူရွေးမှ
'' အို မင်းကြီးစိန် သင်တွေ့ခဲ့သော ကြက်တူရွေးနှစ်ကောင်မှာ ယခင်ကကျွန်ုပ်နှင့်အတူတူနေသော ညီမများဖြစ်ပေ၏ ။ တစ်ရက်သောအခါ၌ မုန်တိုင်းလေးပြင်းကျရောက်ကျွန်ုပ်တို့မှာ လေပြင်းနှင့်လွင့်ပါကွဲပြားသွားပြီး တစ်ကောင်ကား အမ်ပီတီရုံး တစ်ကောင်းကား အော်ရီဒူရုံးသို့ရောက်သွားကာ ထိုကဲ့သို့ တစ်ကောင်လိမ်ညာဖောက်ပြား တစ်ကောင်ကလောဘသား ဖြစ်သွားရခြင်းဖြစ်တယ်...။]]
'' ဟွင်.. အွဲ့တာဆို ကျောင်းတုန်းကသင်ဖူးတဲ့ နှစ်တန်းဖတ်စာအတိုင်းပဲနော်... ဒါဆိုရင် အသင်ကြေးငှက်က ရသေ့သူတော်ကောင်းနဲ့တွေ့နေပြီထင်တယ်... အဟွင်းဟွင်း....''
''မဟုတ်ရပါ အသင်မင်းကြီး ကျွန်ုပ်ကျရောက်ရာနေရာမှာ အခုသင်ရောက်ရှိနေတဲ့နေရာဟာ တယ်လီနော်ရုံးချုပ်နေရာပဲဖြစ်တယ်... ''
'' ကျုပ်မင့်အား..................... ''
( ပုံပြင်ခေါင်းစဉ်လေးကတော့ ''ကြေးညီအမ'' ပဲဖြစ်ပါတယ်... အဟေဟေး... )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...