ဆုတောင်း
တစ်ခါက ခွေးတစ်ကောင် ကားအတိုက်ခံရသည်။ သေအံ့ဆဲဆဲတွင် သူ့ကိုကားတိုက်သွားသော ကားသမားကိုစိတ်နာပြီး နောက်ဘ၀ကျရင် ကားသမားကို နိုင်သောသူဖြစ်ရလို၏ ဟု ကျိန်စာတိုက်ကာ ခွေးကလေးသေသွားလေ၏ ။ ခွေးလေး၏ကျိန်စာမှာ အမှန်တကယ်ပင်စူးရောက်ကာ ခွေးလေးသေပြီးနောက် မော်တော်ပီကယ်ဖြစ်သွားလေသည်။
မော်တော်ပီကယ်ဘ၀တွင် ကားသမားများကို အနိုင်ရသည်မှာ မှန်သော်လည်း ကားသမားများဆီမှ ပိုက်ဆံရရန်မှာ အလွန်ခက်ခဲသည်။ ကားသမားထံမှပိုက်ဆံရရန် ကွယ်ရာတွင်အဆဲခံရသည်။ မသထာရေစာစားရသည်ဟုခံစားရသည်။ ထို့ကြောင့် မော်တော်ပီကယ်သေခါနီးတွင် ကားသမားများထံမှ ငွေလွယ်လွယ်နှင့်ရသောသူဖြစ်ရပါလို၏ ဟုဆုတောင်းပြန်လေသည်။
မော်တော်ပီကယ်၏ဆုတောင်းပြည့်သွားသည်။ နောက်တစ်ဘ၀တွင် မော်တော်ပီကယ်သည် ကားသမားများထံမှာ ပိုက်ဆံကိုလွယ်လွယ်ကြည်ကြည်ဖြူဖြူ ရသော ပြည့်တန်ဆာမ ဖြစ်သွားသောကြောင့်ပင်တည်း ။
ထို့ကြောင့်မိတ်တွေများ ဆုတောင်းမမှားမိကြပါစေနှင့် ဆုတောင်းမှားလျှင်
မော်တော်ပီကယ်ကဲ့သို့ပင်မှာ ခွေးဘ၀မှလာကာ နောက်ဘ၀တွင် ပြည့်တန်ဆာမ ဖြစ်သော အဖြစ်မျိုးနှင့်ကြုံရတတ်လေ၏။
မော်တော်ပီကယ်ကဲ့သို့ပင်မှာ ခွေးဘ၀မှလာကာ နောက်ဘ၀တွင် ပြည့်တန်ဆာမ ဖြစ်သော အဖြစ်မျိုးနှင့်ကြုံရတတ်လေ၏။
0 comments:
Post a Comment