Sunday, January 11, 2015

အရေးတော်ပုံ။ ။


ဟိတ်ကောင်၊ အမြီးပြတ်ကြီးနဲ့ပါလား၊ မင်းအမြီးကဘယ်ရောက်သွားတုန်း
အောင်မယ်၊ ကျုပ်မှာအမြီးမရှိတာလာပြောနေတယ်၊ ကိုယ့်ဟာကိုယ်လည်း
ပြန်စမ်းကြည့်ပါအုံး၊ ခင်ဗျားလည်းအမြီးပြတ်ပဲ ဥစ္စာ၊ ဘူဘူချင်းလာမှုတ်နေပြန်ပြီ
အေးပါကွာ၊အေးပါ၊ ဟိုမှာလည်း၊ လာပြန်ပဟ၊ အမြီးမရှိတဲ့ကောင်တစ်ကောင်။

(သုံးကောင်သားစကားဝိုင်းဖွဲ့မိကြသည်)
သေချာစဉ်းစားကြည့်ရင်အမြီးမရှိတာဟာ သွားလာလှုပ်ရှားရာမှာလွတ်လပ်တာတော့အမှန်ပဲကွာ
ဟုတ်တယ်ဗျ၊ ဒီလိုခေတ်မီဒီဇိုင်းကို တော်ရုံအကောင်လိုက်တုဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး
ဒါပေါ့ဗျ၊ ဒါပေါ့၊ဒါပေါ့၊ ကျုပ်တို့အမြီးကောက်တာ လူမမြင်တော့ဘူး၊
ကျည်တောက် စွပ်ထားရတဲ့ဒုက္ခလည်း လျော့သွားပြီ၊
ဘယ်ဖက်က စဉ်းစားစဉ်းစားကောင်းကွက်ချည်းပါပဲဗျာ
အားလုံးယူနီဖောင်းဖြစ်သွားအောင်၊ကိုယ်အသိနဲ့ကိုယ်၊
အမြီးဖြတ်လိုက်ကြရင်၊လောကကြီးငြိမ်းချမ်းပြီပေါ့ကွာ၊
သိပ်မှန်တာပေါ့ဗျာ၊ဘယ်လိုဘဲဖြစ်ဖြစ်၊တို့တတွေစည်းလုံးညီညွတ်မှဖြစ်မယ်ကွ
ဟုတ်တယ်
မှန်တယ်
အမြီးပြတ်များစည်းလုံးညီညွတ်ရေး
တို့အရေး
တို့အရေး
(၂၀၁၅)ရွေးကောက်ပွဲအနိုင်ရရှိရေး
တို့အရေး
တို့အရေး
ဒေါ်စုကြည်အာဏာရရှိရေး
ဆန့်ကျင်ကြ
ဆန့်ကျင်ကြ
အရေးတော်ပုံ
အောင်ရမည်
အောင်ရမည်
ရုပ်ပုံ။ ။ဂူဂဲလ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...