Thursday, January 1, 2015

နှစ်သစ်အတွက် ပုံပြင်လက်ဆောင်…


တစ်ခါတုန်းက… သားဖနှစ်ယောက် ကားတစ်စီးနဲ့ ခရီးသွားကြသတဲ့…
သားက ကားကိုမောင်းပြီး အဖေကဘေးကထိုင်လိုက်လာခဲ့ပါတယ်…။
အဲ့ဒီလိုနဲ့ ကားမောင်းလာရင်း မထင်မှတ်ဘဲ…ရာသီဥတုအခြေအနေပြောင်းလဲလာပြီး မုန်တိုင်းအရိပ်အယောင်တွေ့လာရပါသတဲ့…။ ဒီတော့ သားဖြစ်သူက သူ့အဖေကိုပြောတယ်…
“ အဖေ…မုန်တိုင်းကျတော့မယ်ထင်တယ်…ဘယ်လိုလုပ်ကြမလဲ…ပြန်လှည့်မလား…”

ဆိုတော့ အဖေဖြစ်သူက…
-
“ ဆက်မောင်း ငါ့သား… ပြန်လှည့်လို့လည်းမုန်တိုင်းကလွတ်မယ်ထင်လို့လား…ပြန်လှည့်လိုက်ရင် မုန်တိုင်းကမလွတ်တဲ့အပြင် ငါတို့ရောက်ခဲ့ပြီးတဲ့ ခရီးပါအလကားဖြစ်သွားမယ်…ဆက်သာမောင်း…”
-
လို့ဆိုတယ်...။ ဒီလိုနဲ့မောင်းလာရင်း မုန်တိုင်းနဲ့ရင်ဆိုင်တိုးပါလေရော…။ သားဖြစ်သူကတထိတ်တလန့်လန့်နဲ့ ပြောပြန်တယ်…။
-
“ အဖေ…အကာကွယ်ရမယ့်တစ်နေရာ⁠ရာမှာ ကားရပ်ပြီးနားမလား …သူများကားတွေတောင် လမ်းဘေးထိုးရပ်သွားကြကုန်ပြီ…”
-
“ မရပ်နဲ့ သား…ဆက်မောင်း …”
-
သားဖြစ်သူလည်း ဖခင်စကားနားထောင်ပြီး ကားကိုသတိထား ဆက်မောင်းနေခဲ့ပါတယ်…။ ကားရှေ့ ကိုရောက်လာတဲ့ သစ်ကိုင်းသစ်ခက်တွေ ချုံနွယ်တွေကိုသတိထားရှောင်တိမ်းရင်း…ခက်ခက်ခဲခဲမောင်းနှင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ မောင်းလာရင်း.. မုန်တိုင်းကတဖြည်းဖြည်းငြိမ်လာကာ မကြာခင်ပဲ ကောင်းကင်တစ်ခွင်ကြည်လင်ပြီး သာယာတဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတယ်…။ ဒီတော့မှ ဖခင်က သားဖြစ်သူကို ကားရပ်ခိုင်းပြီး သားကိုပြောတယ်…
-
“ သား…နောက်ကိုပြန်လှည့်ကြည့်လိုက်စမ်း…သားသာ မုန်တိုင်းနဲ့ တွေ့တဲ့အချိန်မှာ ရပ်နားခဲ့မယ်ဆိုရင်…ခုချိန်ထိမင်းမုန်တိုင်းထဲမှာရှိနေဦးမှာ…ဒါပေမယ့် မုန်တိုင်းကို ရဲ⁠ရဲရင်ဆိုင်ပြီးမရပ်မနားမောင်းနှင်လာခဲ့လို့ ခုလိုသာယာတဲ့ လောကကြီးနဲ့တွေ့ရတာပေါ့…ဒီလိုပဲသား…ဘဝမှာလည်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံလာပါစေ…ဘယ်တော့မှ မင်းရဲ့ ကြိုးစားအားထုတ်မှုကိုမရပ်လိုက်ပါနဲ့… ဘယ်လိုအခက်အခဲနဲ့ပဲတွေ့တွေ့ ရဲ⁠ရဲရင်ဆိုင်ကျော်လွှားသွားပါ…အဲလိုသာရင်ဆိုင်လိုက်မယ်ဆိုရင် အခက်အခဲပြဿနာတွေဆိုတာလည်း မမြဲပါဘူး…သာယာလှပတဲ့အခြေအနေတွေနဲ့ မကြာခင်တွေ့ရပါလိမ့်မယ်…။ဒီလိုမဟုတ်ဘဲ…အခက်အခဲတစ်ခုကြုံလာတာနဲ့ မင်းရဲ့  ကြိုးစားအားထုတ်မှုကို ရပ်တန့်လိုက်မယ်ဆိုရင်တော့ မင်းဟာအဲ့ဒီအခက်အခဲကရုံးထွက်နိုင်ဖို့မလွယ်တော့ဘူး…”
လို့ ဆုံးမလိုက်ပါတော့သတဲ့ကွယ်…။
-
## ဒီလိုပါပဲ…သယ်ရင်း…
ငါတို့တတွေ…နှစ်ဟောင်းကုန်လွန်လို့ နှစ်သစ်ကိုရောက်လာကြပြီ… 2014 ဆိုတဲ့နှစ်သစ်ဟာ အကောင်းတွေကြုံလာနိုင်သလို အဆိုးတွေလည်းကြုံရဦးမှာမလွဲပါပဲ… ဘာလို့လဲဆိုတော့ ငါတို့တည်ရှိနေတဲ့ လောကကြီးကိုက အဆိုးရောအကောင်းပါတည်ရှိနေလို့ပဲ…။ ငါတို့ဟာ အကောင်းတွေကိုသာရွေးချယ်ပြီးအဆိုးတွေကို လက်မခံလို့မရဘူးလေ…။ ဒါပေမယ့် ငါတို့လုပ်နိုင်တာတစ်ခုတော့ရှိတယ်…။ အဲ့ဒါက ကြုံလာသမျှကို အကောင်းဘက်ကတွေးနိုင်တယ်လေ…။ တကယ်လို့ အဆိုးတွေနဲ့ကြုံလာခဲ့ရင်တောင် မင်းရဲ့ ကြိုးစားအားထုတ်မှုကို မလျှော့လိုက်ပါနဲ့…ရဲ⁠ရဲရင်ဆိုင်လိုက်စမ်းပါ…မကြာခင် သာယာတဲ့လောကကြီးကိုမြင်တွေ့ရပါလိမ့်မယ်… ##
===========
ဦးသုည
Cardit to April Maung Maung Lay
10000000 likes

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...