ဖေဖေနဲ့သားရဲ့ အပြန်အလှန်စကား (၁)
သား အသက်၂နှစ်
တစ်နေ့က သားဟာ သူ့ခေါင်းနဲ့ စားပွဲခုံစွန်းကိုဝင်တိုက်မိပြီး ငိုပါတော့တယ်။
တစ်မိနစ်အကြာမှာ ကျွန်တော်က စားပွဲခုံအနားသွားပြီး အသံမြင့်ပြီးမေးပါတယ်။
တစ်မိနစ်အကြာမှာ ကျွန်တော်က စားပွဲခုံအနားသွားပြီး အသံမြင့်ပြီးမေးပါတယ်။
“စားပွဲရေ… မင်းကို ဘယ်သူတိုက်လိုက်သလဲကွာ.. ဒီလောက်တောင် ငိုနေရတာ”
ကျွန်တော့်အမေးကိုကြားတော့ သားငိုသံတိတ်သွားပြီး ကျွန်တော့်ကိုမော့ကြည့်ပါတယ်။ ကျွန်တော်က စားပွဲခုံကိုပွတ်သပ်ပြီး
“ဘယ်သူလဲကွာ.. စားပွဲခုံကိုနာအောင်တိုက်လိုက်တာ ဘယ်သူလဲကွာ”
“သားပါ ဖေဖေ.. သားတိုက်လိုက်တာပါ”
“အော်.. သားတိုက်လိုက်တာလား… စားပွဲခုံကို ခါးညွှတ်ပြီး ဆောရီးလို့ တောင်းပန်လိုက်ကွာ”
“ဆောရီးပါ…” သားက မျက်ရည်အဝဲသားနဲ့ ဆိုပါတယ်။
အဲဒီကစ တာဝန်ယူမှုနဲ့တာဝန်ခံတတ်မှုကို သားသင်ယူနိုင်ခဲ့ပါတယ်။
----
----
သား အသက်၃နှစ်
တစ်နေ့မှာ အကြောင်းမရှိဘဲ သူငိုပါတယ်။
“ဘာဖြစ်တာလဲ.. နေမကောင်းဘူးလား သား”
“နေမကောင်းတာ မဟုတ်ဘူး”
“ဒါဆို ဘာဖြစ်လို့ငိုတာလဲ သား”
“ငိုချင်လို့ ငိုတယ်”… သူ ဂျီကျနေပြီဆိုတာ သိသာပါတယ်။
“ကောင်းပြီ… သားငိုချင်လို့ငိုတာ ဖေဖေတို့ ဘာမှမပြောလိုဘူး။ ဒါပေမယ့် ဒီနေရာမှာ သားငိုဖို့မသင့်တော်ဘူး။ ဖေဖေတို့ စကားပြောနေတာကို အနှောင့်အယှက်ဖြစ်စေတယ်။ သားတစ်ယောက်တည်း ကောင်းကောင်းငိုရဖို့ ဖေဖေနေရာတစ်ခုရှာပေးမယ်၊ သားငိုလို့ဝမှ ဖေဖေတို့ကို ခေါ်လိုက်နော်”
ပြောပြီးတာနဲ့ သားကို ရေချိုးခန်းထဲဝင်စေပြီး တံခါးပိတ်ထားလိုက်တယ်။
“ငိုလို့ဝရင် တံခါးခေါက်လိုက်နော်”
၂မိနစ်အကြာမှာ သားက တံခါးခေါက်ပြီး “ဖေဖေ.. ဖေဖေ.. သားငိုလို့ပြီးပြီ”
“ကောင်းပြီ… ငိုလို့ပြီးပြီဆိုရင် ထွက်လာခဲ့တော့”
အခု သား၁၈နှစ်ရှိပါပြီ။ တစ်ဘက်သားကို ပရိယာယ်ဆင်ထိန်းချုပ်တာမျိုး၊ အကြောင်းမရှိအကြောင်းရှာဒေါသထွက်တာမျိုးကို သူမတတ်မြောက်ခဲ့ပါဘူး။
----
----
သား အသက် ၅နှစ်
တစ်ညနေမှာ သားနဲ့အတူလမ်းလျှောက်ရင်း တံတားတစ်ခုကို
ကျော်ဖြတ်ခဲ့ပါတယ်။ တံတားအောက်မှာ ရေကကြည်လင်စိမ်းမြနေပါတယ်။ သားက ခေါင်းမော့ပြီး…
ကျော်ဖြတ်ခဲ့ပါတယ်။ တံတားအောက်မှာ ရေကကြည်လင်စိမ်းမြနေပါတယ်။ သားက ခေါင်းမော့ပြီး…
“ဖေဖေ.. ချောင်းလေးကလှလိုက်တာ.. သား ခုန်ချပြီး ရေကူးချင်တယ် ဖေဖေ”
ကျွန်တော်တွေဝေသွားပါတယ်။ ပြီးမှ..
ကျွန်တော်တွေဝေသွားပါတယ်။ ပြီးမှ..
“ကောင်းပြီလေ.. သားနဲ့အတူ ဖေဖေပါခုန်ချပြီး ရေကူးမယ်။ ဒါပေမယ့် ဖေဖေတို့ အိမ်အရင်ပြန်ပြီး အဝတ်အစားသွားလဲမယ်”
အိမ်ရောက်တော့ သားက အဝတ်အစားလဲပါတယ်။ လဲပြီး သူ့ရှေ့မှာ ရေတစ်ဇလုံတွေ့တော့ နားမလည်ဖြစ်သွားခဲ့တယ်။
“သား… ရေဆင်းကူးတဲ့အခါ မျက်နှာကို ရေထဲနစ်ထားရတယ် အဲတာ သားသိလား”
သားခေါင်းညိတ်ပါတယ်။
သားခေါင်းညိတ်ပါတယ်။
“ဒီလိုဆိုရင် ရေထဲခေါင်းနစ်တာကို ဖေဖေတို့ ဒီရေဇလုံနဲ့ အရင်လေ့ကျင့်ကြည့်ရအောင်၊ သား ဘယ်လောက်ကြာကြာနစ်နိုင်မလဲလို့” လက်ပတ်နာရီကြည့်ပြီး ကျွန်တော်ပြောလိုက်တယ်။
သားက ဇလုံထဲ မျက်နှာကို အားရပါးရထိုးထည့်လိုက်တယ်။ ၁ဝစက္ကန့်အကြာမှာ..
“ဖူး..ဖူး… ဖေဖေ.. သား မွန်းတယ်.. နေရခက်လိုက်တာ”
“ဟုတ်လား… ခဏနေ ချောင်းထဲခုန်ချရင် ဒီထက်ပိုနေရခက်လိမ့်မယ် သား”
“ဖေဖေ… သားတို့ ရေထဲမခုန်ချတော့ဘူး ရလား”
“အေးလေ.. အဲဒီလိုဆိုတော့လဲ မသွားတော့ပါဘူး”
အဲဒီနောက်ပိုင်း သားဟာ တဇွတ်ထိုးမလုပ်ဖို့၊ မလုပ်ခင် သေချာစဉ်းစားဖို့ကို
သင်ယူနိုင်ခဲ့ပါတယ်။
သင်ယူနိုင်ခဲ့ပါတယ်။
----
သား အသက် ၆နှစ်
သား အသက် ၆နှစ်
တစ်ညနေမှာ မက်ဒေါနယ်ဆိုင်ရှေ့ကိုဖြတ်တော့ သားက…
“ဖေဖေ.. မက်ဒေါနယ်…” သွားရည်ကျသံနဲ့ အော်ပါတယ်။
“အင်း.. မက်ဒေါနယ်.. စားချင်တယ်ပေါ့”
“စားချင်တယ် ဖေဖေ..”
“သား.. လူတစ်ယောက်ဟာ စားချင်တိုင်းစားတာကို ဝက်လို့ခေါ်တယ်။ စားချင်ပေမယ့် မစားတာကို သူရဲကောင်းလို့ခေါ်တယ်.. သားက သူရဲကောင်းလုပ်မှာလား၊ ဝက်လုပ်မှာလား”
“သူရဲကောင်းပဲလုပ်မှာပေါ့ ဖေဖေ…”
“ဒီလိုဆိုရင် သူရဲကောင်းက မက်ဒေါနယ်စားချင်တဲ့အခါ ဘယ်လိုလုပ်မလဲ”
“စားချင်ပေမယ့် မစားလည်းရတယ်”
“သိပ်ကောင်းတာပဲ.. ကဲ.. သူရဲကောင်းရေ အိမ်ပြန်ကြစို့”
အဲဒီနောက်ပိုင်းမှာ သားဟာ အဓိကနဲ့သာမညလိုအပ်တဲ့အရာကို ခွဲခြားတတ်ခဲ့ပြီး ဖြားယောင်းသွေးဆောင်မှုနောက် ယိုင်လဲမသွားအောင် တောင့်ခံတတ်ခဲ့ပါတယ်။
---
သားအသက် (၁၆)နှစ်အထိ ရေးထားတဲ့စာတစ်ပုဒ်ကို ဖတ်ရပါတယ်. နောက်ရက်တွေမှာ ကျန်တာတွေကို ဆက်ပြီးဘာသာပြန်မျှဝေပါဦးမယ်။
သားအသက် (၁၆)နှစ်အထိ ရေးထားတဲ့စာတစ်ပုဒ်ကို ဖတ်ရပါတယ်. နောက်ရက်တွေမှာ ကျန်တာတွေကို ဆက်ပြီးဘာသာပြန်မျှဝေပါဦးမယ်။
နိုင်းနိုင်းစနေ (Jan. 9. 1015)
0 comments:
Post a Comment