Friday, November 7, 2014

ကလေးများ၏ ဖြည့်စွက်စာအဖြစ် ဆန်ပြုတ်ကိုကျွေးလျှင် ပိုမိုကောင်းမွန်ဟုဆို....



ရန်ကုန်၊ အောက်တိုဘာ ၂၉
နိုင်ငံ ခြားမှလာသော ဖြည့်စွက်အာဟာရ မှုန့်များကို ကျွေးမွေးခြင်းအားဖြင့် က လေးများမှာ ထမင်းစတင်ကျွေးနိုင် သောအရွယ်သို့ ရောက်သည့်အခါတွင် အလေ့အကျင့်မရဘဲ ထမင်းကိုစား ရန်ငြင်းဆန်နိုင်သောကြောင့် ဆန်ပြုတ် ကို အသက်ခြောက်လကျော်ပြီးချိန်မှစ၍ လေ့ကျင့်ပြီး ကျွေးမွေး သင့် ကြောင်း ရန်ကင်း ကလေးဆေးရုံကြီး၊ ဆေးကုသဆောင်(၂)မှ ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေက အသိပေး ပြောကြားလိုက်သည်။

''နိုင်ငံခြားကလာတဲ့ ဖြည့်စွက် စာတွေမှာက ကစီဓာတ်ပဲအဓိကပါ တာပါ။ သူတို့ဆီမှာ ကျွေးတယ်ဆိုတာ က ဒီတစ်မျိုးတည်းကို ကျွေးတာမ ဟုတ်ပါဘူး။ သူတို့ဆီမှာ စားလေ့စား ထရှိတဲ့ အစားအစာတွေကိုပါတွဲပြီး ကျွေးတာပါ။ ဒီမှာကသူတို့ဆီက အ စားအစာတွေကို တစ်သက်လုံးစားမှာ လဲမဟုတ်တော့ ကိုယ့်လူမျိုး၊ ကိုယ့် မိသားစုက တစ်သက်လုံးစားမယ့် အ စားအစာမျိုးကိုပဲ အလေ့အကျင့် လုပ်မှရမယ်''ဟု ယင်းကဆိုသည်။

ဆန်ပြုတ်ကိုကျွေးခြင်းဖြင့် ထမင်းစားချင်စိတ် ပေါ် လာနိုင်
****************************************************************
ကလေးများကို အ သက်ခြောက်လပြည့် သည်အထိ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးရမည်ဖြစ်ပြီး အသက် ခြောက်လပြည့်ပါက ဖြည့်စွက်စာ များကို စတင်ကျွေးမွေးနိုင်ကြောင်း၊ ယင်းကဲ့သို့ ကျွေးမွေးရာတွင် ဆန်ပြုတ် ကိုကျွေးခြင်းအားဖြင့် ကလေးများ ထမင်းစားနိုင်သည့် အသက်အရွယ် တွင် ထမင်းပြောင်းကျွေးရာတွင် ပိုမို အဆင်ပြေကြောင်း၊ လေ့ကျင့်ထား သည်ကတစ်မျိုး၊ ပြောင်းကျွေးသည် ကတစ်မျိုးဆိုပါက အဆင်မပြေနိုင် ကြောင်း သိရသည်။

ဆန်ပြုတ်ကို ဘယ်လိုပြုတ်မှာလဲ
***********************************
''ကစီဓာတ်ကခွန်အားကို ဖြစ် စေပါတယ်။ ပရိုတင်းကကြီးထွားမှု ကိုဖြစ်စေတယ်။ ဗီတာမင်ကသက် စောင့်ဓာတ်ဖြစ်တယ်။ ဆန်ပြုတ်တဲ့ အခါမှာလဲ အာဟာရသုံးအုပ်စုလုံး ကို ပါဝင်အောင်ပြုတ်ရမယ်''ဟု ယင်း က ဆက်လက်ပြောကြားသည်။
ဆန်ပြုတ်ရာတွင် အာဟာရသုံး အုပ်စုလုံး ပြည့်ဝစွာပါဝင်စေရန် ကစီ ဓာတ်ဖြစ်သော ဆန်ပြုတ်လေးဆနှင့် ပရိုတင်းဓာတ်ပါဝင်သည့် အသား၊ ငါး၊ ပဲ၊ ဥ စသည်တို့မှ တစ်မျိုးမျိုးကို တစ်ဆချက်ရမည်ဖြစ်ကာ ဗီတာမင် ဓာတ်ပါဝင်သည့် ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးနှင့် ကြက်သွန်ဆီချက်လက် ဖက်စားဇွန်းတစ်ဝက်ခန့်ကို ထည့်ချက် ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ကလေး ကို အစားအသောက်များနှင့် ကျင့်သား ရစေရန်နှင့် အစားအသောက်တစ်မျိုး မျိုးနှင့်ဓာတ်မတည့်ပါက ချက်ချင်းသိ ရှိစေရန် ဆန်ပြုတ်ရာတွင် တစ်ကြိမ် တွင် အစာအသစ်တစ်မျိုးသာ ပါသင့် ကြောင်း အစာအသစ်နှစ်မျိုး သုံးမျိုး ရောပြီးပြုတ်ကျွေးခြင်းကို ရှောင်ကြဉ် သင့်ကြောင်း၊ တစ်နေ့တာအတွက် အ သားတစ်မျိုးမျိုး၊ အသီးအရွက်တစ်မျိုးမျိုးကိုသာလေ့ကျင့်ပြီး ကျွေးမွေးသင့် ကြောင်း ယင်းကဆက်လက်အသိပေး ပြောကြားသည်။


ဆန်ပြုတ်ကို အရင်ကျွေးပြီးမှ မိခင်နို့ကို တိုက်ပါ
****************************************************
ကလေးများကို ဆန်ပြုတ်မတိုက် ခင် မိခင်နို့ကိုကြိုတင်တိုက်လိုက် ခြင်းအားဖြင့် ကလေးများမှာဗိုက် ပြည့်သွားပြီး ဆန်ပြုတ်ကိုသောက်နိုင် တော့မည်မဟုတ်သောကြောင့် က လေးများကို နံနက်၊ နေ့လယ်၊ ညစာ ဆန်ပြုတ်တိုက်ကျွေးပြီးမှသာ မိခင် နို့ကို တိုက်သင့်ကြောင်း၊ မိခင်နို့ကို က လေးအသက်နှစ်နှစ်အထိ တိုက်ကျွေး နိုင်ပြီး အသက်ခြောက်လကျော်လျှင် မိခင်နို့တစ်မျိုးတည်းနှင့် လုံလောက် ခြင်း မရှိသောကြောင့် အသက်အရွယ် အလိုက် ဆန်ပြုတ်၊ ထမင်းစားသည် တို့ကို ဖြည့်စွက်ပြီးကျွေးမွေးရမည် ဖြစ်ကြောင်း ပါမောက္ခဒေါက်တာ ကျော်ဇင်ဝေက ဆက်လက်ပြောကြား သည်။


ထမင်းကိုဆန်ခါနဲ့တိုက်မကျွေးပါနဲ့
*************************************
ကလေးများကို ထမင်းပူပူအား ဆန်ခါနှင့် တိုက်ကျွေးခြင်း၊ ပိတ်စိမ်း ပါးနှင့်တိုက်ကျွေးခြင်း၊ ရေစစ်ခွက်နှင့် စစ်ချခြင်း၊ အသီးဖျော်ရည်စက်ထဲ တွင် ထည့်ဖျော်ခြင်းများမှာ ဝမ်းပျက် ဝမ်းလျှော ရောဂါကိုဖြစ်ပွားစေနိုင်သ ဖြင့် လူကြီးများအတွက် ပြုတ်သော ဆန်ပြုတ်အတိုင်း အိုးထဲတွင်ဇွန်းသန့် သန့်ဖြင့်မွှေ၍ပြုတ်ကာ တိုက်ကျွေး သင့်ကြောင်း ပါမောက္ခဒေါက်တာ ကျော်ဇင်ဝေက ဆက်လက်ပြောကြား သည်။


တစ်နှစ်အရွယ်သို့ရောက်မှ ထမင်းပျော့ပျော့ စတင်ကျွေးပါ
***************************************************************
အသက်ခြောက်လပြည့်သော ကလေးကို ဆန်ပြုတ်ကျဲကျဲကျွေးရာမှ တဖြည်းဖြည်းချင်းသာ ဆန်ပြုတ်ပျစ် ပျစ်ကိုကျွေးသွားပြီး အနည်းဆုံး တစ် နှစ်အရွယ်သို့ရောက်ပါက ထမင်း ပျော့ပျော့ကို စတင်ကျွေးနိုင်အောင် လေ့ကျင့်ရမည်ဖြစ်ကြောင်းသိရသည်။


သရေစာကို နှစ်ကြိမ်ကျွေးနိုင်
********************************
ဆန်ပြုတ်ကို နံနက်စာ၊ နေ့ လယ်စာ၊ ညစာဟူ၍ သုံးကြိမ်တိုက် ကျွေးနိုင်ပြီး နံနက်စာနှင့် နေ့လယ် စာကြားတွင် တစ် ကြိမ်၊ နေ့လယ်စာ နှင့် ညစာအကြား တွင်တစ်ကြိမ် သရေစာများကို လည်း လေ့ကျင့် ပြီးကျွေးနိုင် ကြောင်း၊ ကလေး၏အစာအိမ်မှာ လူ ကြီးကဲ့သို့မကြီး၍ ယင်းကဲ့သို့ မျှ၍ ကျွေးရခြင်းဖြစ်ကြောင်း သိရသည်။
''ငှက်ပျောသီးမီးဖုတ်ကို အူတိုင် မပါဘဲနဲ့ အပေါ်ယံရှပ်ပြီး ကျွေးရပါ မယ်။ သူနဲ့ညီမျှတဲ့ အခြားသီးနှံတစ် မျိုးမျိုးကိုလဲ တဖြည်းဖြည်းချင်းအ သားကျအောင် လေ့ကျင့်ကျွေးရပါ မယ်'' ဟုယင်းက ဆက်လက်ပြောကြား သည်။
အဆိုပါသီးနှံများမှာ သင်္ဘော သီး၊ သစ်တော်သီး၊ ပန်းသီးများဖြစ်ပြီး နည်းနည်းချင်းစီ လေ့ကျင့်ပြီးကျွေးမွေး ရမည်ဖြစ်ကြောင်းလည်း သိရသည်။

နွေဦးလင်း
#‎Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...