Tuesday, November 11, 2014

#‎အင်တာနက်သုံးခြင်း‬၏ ကောင်းတယ် (၁၀) ချက် မကောင်းဘူး (၁၀) ချက်


#အင်တာနက်သုံးခြင်း၏ ကောင်းတယ် (၁၀) ချက်
1. Typping မြန်လာခြင်းနှင့် သူငယ်ချင်း များတိုးလာခြင်း
2. နည်းပညာခေတ်ရေစီးကြောင်းထဲမှာ ဘာပဲလိုလို အင်တာနက် တွင်ရနိုင်ခြင်း
3. အသက် (၄၀) ကျော်လို့ ရည်းစားမရဘူးလား စိတ်မညစ်နဲ့ ရည်းစားရစေရမယ်ကံကောင်းရင် လီယောင်ဂျေး တောင်ရနိုင်တယ် အဲ ….. ကံမကောင်းရင်တော့ထမိန်ပေါင်ပြီး အင်တာနက်သုံးရကိန်း ရှိသည်။


4. အဓိက ကောင်းကျိုးကတော့ အပြင်မှာ လမ်းတွေ့ရင်တောင် နှုတ်မဆက်ကြတဲ့ သူတောင်အင်တာနက် ထဲရောက်လာရင် ဟိုင်း … နေကန်းလား … ချားပြီးပြီလားလို့ကြင်နာစိတ်ရှိလာခြင်း
5. တပြိုင်နက် ရည်းစား 5 ယောက်ထက်မနည်း ထားလို့ရခြင်း ကြောင့် ပန်းခြံ ၊ရုပ်ရှင်ရုံ ၊ Coffee shop တို့အားသွားရာတွင် ကုန်ကျမည့် ပိုက်ဆံချွေတာနိုင်ခြင်း
6. ဘာ ………. ဟိုမင်းသမီး ….. ဟိုမင်းသား အမလေးလေး လာမပြောနဲ့ အင်တာနက်ထဲမှာရောက်နေပြီ အဲလို မြန်တာ
7. ရည်းစားစာကို စတေးတပ်တင်ပြီး ခံစားရတာကို ချစ်သူ သနားလာအောင် ရေပြနိုင်ခြင်း
(J-me ပြောသလို အင်္ဂလန်က ဘုရင်မကြီးတောင် ကြွေသွားမယ် )
8. ကိုယ့်ကိုကိုယ် ရုပ်ဆိုးလို့ အားငယ်နေလား အားမငယ်နဲ့ အင်တာနက်မှာဒါတွေမလိုဘူး
9. စိတ်ပြေလက်ပျောက် ဓာတ်ရှင် ကြည့်မလား ၊ သီချင်းနားထောင်မလား ၊ ဟာသ ဖတ်မလားရတယ် ဘာပဲလိုလို အင်တာနက်မှာရှိနေခြင်း
10. အင်တာနက်ကြောင့် မိန်းကလေးများဟိုပေါ် ဒီပေါ်များ ၀တ်ဆင်မှု နည်းပါးလာခြင်းကဲမကောင်းဘူးလားဗျာ အင်တာနက်ရှိတာ ………………
#အင်တာနက်သုံးခြင်း၏ မကောင်းဘူး (၁၀) ချက်
1. မကောင်းတာ တော်တော် လေးကိုမကောင်းတာ ပိုက်ဆံကုန်ခြင်း မျက်စိများမှုန်ဝါးလာခြင်း
2. မြင်မကောင်းရှူ့မကောင်းသော ပုံများရှိခြင်း ( ရှင် ကျွန်မနဲ့ အဆက်ပျက်ရင်ကျွန်မနဲ့ ရိုက်ထားတဲ့ ပုံတွေကို ဖြတ်ညှက်ကပ်လုပ်ပြီး အင်တာနက်ပေါ်မတင်နဲ့နော် )
3. ကိုယ်ကသာ ကမ္ဘာကြီးကို အင်တာနက်ကနေ ထိုင်ကြည့်နေတာ ကိုယ့်အိမ် မီးထဲပါသွားတာမသိနိုင်ခြင်း
4. အပြင်မှာလို ဘာမှလဲ လုပ်လို့မရနိုင်ခြင်း (ဟီဟိ …. ဘာမှဆိုတာ ဘာမှကိုပြောတာ)
5. ချစ်သူတွေ တစ်ယောက်ကို တစ်ယောက် မုန့်ခွင့်ကျွေးလို့မရခြင်း ၊ ရုပ်ရှင်အတူထိုင်ကြည့်လို့မရခြင်း ၊ ဘာဆိုဘာမှကို လုပ်လို့မရခြင်း ..။ (လာပြန်ပြီ …ဘာဆိုဘာမှ )
6. အင်တာနက်သုံးခြင်းသည် အနှိပ်သည်ဘ၀ကို ရောက်မှန်းမသိရောက် နေခြင်း (အချို့ဆို လက်ထိပ်ကလေးတွေ အသမာတောင် တည်နေကြပြီ )
7. အင်တာနက်ကို တနေ့ 2နာရီပဲသုံးဦး လူ့ဘ၀တစ်လျှောက် ငါးပုံ ပုံရင် တစ်ပုံကိုကုန်ဆုံးစေခြင်း အိပ်ချိန်က လူ့ဘ၀ တစ်ဝက် အမလေးလေး မတွေးရဲစရာကြီး
8. အင်တာနက်သုံးခြင်းဟာ အရေမရ အဖက်မရ စကားများဖြင့် အချိန်ကုန်စေခြင်း
9. လိမ်လည် ဖြားရောင်း အတုရောင် သတင်းများ စွာရှိခြင်း
10. အင်တာနက်သည် တကယ်တော့ တနေ့ကို ဘုရားမကြိုက်တဲ့ အလုပ် အများဆုံးလုပ်တဲ့နေရာပဲ ဖြစ်ပါသည် …..။
ဒါတွေက အပျော်သက်သက်သာ ဖြစ်ပါသည် .. မည်သူ ၊ မည်ဝါ ကိုမှ မရည်ညွှန်းပါကျွန်တော်ကိုယ်တိုင်ကိုက အင်တာနက်သုံးနေခြင်း ဖြစ်ပါသည် …။
Credit-သူရိန်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...