စိတ်ဝင်စားဖွယ်ကောင်းသော အမေးနှင့်အဖြေများ
မေး ။ ။လူတွေက အားကိုမရှိရင် မရပ်တည်နိုင်ကြဘူး။
မှန်ပါသလား။အကြောင်းပြချက်လေးပါ။
.................................
.................................
ဖြေ ။ ။ တစ်ဦးနဲ့တစ်ဦး အားကိုးမှီခိုမှု
ကင်းတဲ့လူရယ်လို့ မရှိပါ။
မရှိကောင်းပါ။ လူသားတိုင်း
တစ်ဦးနဲ့တစ်ဦး အညမညပစ္စယော
လို အပြန်အလှန် အကျိုးပြုနေကြ
တာပါ။ ဒါပေမယ့် မစ္ဆျိမပဓိပဒါကို
ကျော်လွန်ပြီး သူတစ်ပါးကို
အားကိုးလွန်းသူအတွက် လက်
ဆောင်စကားတစ်ခွန် ရှိပါ၏။
" မိမိကိုယ်သာ ကိုးကွယ်ရာ "
နောက်ပြီး နိဗ္ဗာန်သွားရာတွင်
ခန္ဓာကိုဖောင်သဖွယ်အားကိုးပြီး
သွားရသည်ဟု မှတ်ဖူးပါ၏။
သက်ရှိလူသားအချင်းချင်း အပြန်အလှန်
အားကိုးမှီခိုနေရသလိုသက်ရှိလူသားနှင့်သက်မဲ့များ
လည်း အပြန်အလှန်မှီခိုနေကြရ၏။ အပင်များသည်
အစာချက်ရန်အတွက် ရေ၊ကာဗွန်ဒိုင်အောက်ဆိုဒ်
နှင့်နေရောင်ခြည်တို့လိုအပ်၏။ရေကိုမြေကြီးထဲမှရ
၏။ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကျွန်ုပ်တို့ရှူထုတ်လိုက်
သောလေမှ ရယူပြီး၊နေရောင်ခြည်ကို နေ မှရယူ၏။
ထို့ကြောင့်အပင်များသည် ကျွန်ုပ်တို့
လေထုထဲသို့ရှူထုတ်လိုက်သော ကာဗွန်ဒိုင်
အောက်ဆိုဒ်ကိုရမှ အသက်ရှင်နိုင်၏။ ထို့အတူ
အပင်များအစာချက်၍ လေထုထဲသို့ထွက်ပေါ်လာ
သော အောက်ဆီဂျင်ကို ကျွန်ုပ်တို့လူသားများ ရှူပေး
နေရ၏။အောက်ဆီဂျင်မရှိလျှင် ကျွန်ုပ်တို့ အသက်
မရှင်နိုင်ပါ။ ဤသို့ဖြင့် သက်ရှိနှင့်သက်မဲ့အချင်းချင်း
အားကိုးမှီခိုနေရ၏။
ရဟန်းတော်များ၏ သိက္ခာပုဒ် (၂၂၇) ပုဒ်တွင်
အပင်များမှအရွက်များကို မခူးဆွတ်ရခြင်းပါ၏။
မြက်ပင်များကိုမနင်းခြေရခြင်းပါ၏။မြက်ခင်းပေါ်သို့
တံတွေးထွေးခွင့်မရှိခြင်းတို့ပါ၏။ ထိုသို့ပြုလုပ်ပါက
ရဟန်းများတွင်အပြစ်ရှိလာ၏။ဂေါတမမြတ်စွာဘုရား
သည် သက်ရှိသက်မဲ့များ၏ အပြန်အလှန်အားကိုး
မှီခိုကြပုံကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ
ကျော်ကတည်းက သိမြင်ခဲ့၍သာ ယခုလိုသိက္ခာ
ပုဒ်များကို ချမှတ်ခဲ့ခြင်း ဖြစ်တန်ရာ၏။ ဘုန်းတော်၊
တန်ခိုးတော်၊ဉာဏ်တော်တို့ အတုမရှိ ကြီမားလှပေ
၏ အရှင်မြတ်ဗုဒ္ဓဘုရား။
တနည်းအားဖြင့် အပင်များသည် ကျွန်ုပ်တို့
အသက်ရှင်ရပ်တည်ရန်အတွက်အောက်ဆီဂျင်
ထုတ်ပေးသော သောကျေးဇူးရှင်များဖြစ်ကြ၏။
ကျေးဇူးရှင်များကို ကျေးဇူးကန်းစွာ ရက်စက်ခုတ်
ထစ်နေသော လူတစ်စုကြောင့် ရာသီဥတုများ
ဖောက်ပြန်နေပြီဖြစ်၏။မုန်တိုင်းများလည်း
ဝင်လာမဆဲတသဲသဲလို ဖြစ်နေ၏။ အိုဇုန်းလွှာလည်း
တဖြည်းဖြည်းပါးလာပြီ ဖြစ်၏။ အပူချိန်များလည်း
တဖြည်းဖြည်းမြင့်တက်နေ၏။
အကြောင်းကောင်းမှ အကျိုးကောင်းမည်ဖြစ်၏။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မည်ဖြစ်၏။
အကြောင်းမကောင်းလျှင် အကျိုးမကောင်းနိုင်။
အကြောင်းမစင်ကြယ်လျှင် အကျိုးမစင်ကြယ်နိုင်။
ယခု ကျေးဇူးကန်းသောလူတစ်စု၏ အပင်များ
ကိုရက်စက်စွာ ခုတ်ထစ်ဖြတ်တောက်မှုအကြောင်း
ကြောင့်သဘာဝဘေးအန္တာရာယ်များကို တစ်ကမ္ဘာ
လုံးရှိလူသားများအလူးအလိမ့် ခံစားနေကြရပြီဖြစ်
ကြောင်း ရေးသားတင်ပြလိုက်ရပါ၏။
ဦးတိုးအောင်
0 comments:
Post a Comment