မျက်လုံးသတိ
ကွန်ပြူတာနဲ့ စမတ်ဖုန်းများကို မှာ အလင်းရောင်လုံလောက်မှုမရှိသော
အမှောင်တွင်းမှာ အချိန်ကြာမြင့်စွာ သုံးစွဲနေသူများသည်
မျက်လုံးဆိုင်ရာရောဂါများနှင့် ကျန်းမာရေးထိ ခိုက်လာစေနိုင်ပါသည်။
ကွန်ပြူတာမှ ထွက်လာသည့် တောက်ပတဲ့အလင်းရောင်အား အားစိုက်ကြည့်နေရသည့်အတွက်
အချိန် (၃)နာ၇ီထက်ပိုကြည့်ပါက တောက်ပတဲ့ မျက်လုံးစပ်ခြင်းအောင့်လာခြင်း
-မျက်လုံးမှုံလာခြင်း -၀ါးလာခြင်း နှင့် ခေါင်းမူးခေါင်းကိုက်ခြင်းများ
အပြင် ရေဂါအခံရှိသူများ အနေနှင့် အားနည်း၍ မူးနှောက်ခြင်းဝေဒနာများ
ခံစားလာရနိုင်ပါသည်။
ငယ်ရွယ်တဲ့လူငယ်ပိုင်းတွေမှာ တော့ မျက်လုံးအားကောင်းနေဆဲဖြစ်သဖြင့် မသိသာနိုင်သော် လည်း အသက် ၄၀ ကျော် အမျိုးသား-အမျိုးသမီးများအတွက် အထူးသတိထား၍ စမတ်ဖုန်း များကို သုံးသင့်ပါသည်၊
စမတ်ဖုန်းများသုံးမည်ဆိုပါက ပြင်ပလင်းရောင် ရရန် အခန်းတွင်း မီးထွန်းထားသင်ပြီး ၊ ကြည့်ချိန်ကို နှစ်နာရီကျော်တိုင်း ၁၅ မိနစ့်ခန့်  ခဏရပ်နားရပါမည်၊
အသက်ကြီးပိုင်းအတွက် မျက်လုံးလားတိုးစေမည့် ဆေးဝါးနှင့် တိုင်းရင်းဆေး အသီးအရွတ် စိမ်းများ နေ့ စဉ်ပုံမှန်စားသောက်ပေး ရမည်ဖြစ်သည်။
မျက်စိညောင်းညာမှု သက်သာစေရန်**
လတ်တလော သက်သာစေသည့် နည်းလမ်းများ
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။
(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။
(၃) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။ (၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။
(၄) ကွန်ပြူတာ စမတ်ဖုန်း၂နာခန့်ကြာအောင်းသုံးစွဲပြီးတိုင်း ပြင်ပမှာ အစိမ်းရောင် သစ်ပင်-ပန်းပင်များကို ၁၅မိနှစ်ခန့် ကြည့်ရူ့ ပေးခြင်း။
ရတနာ

0 comments:
Post a Comment