Monday, November 3, 2014

ရန်ကုန်မြို့ စီးပွားရေးဇုန်အတွင်း မိုးပျံရထားပြေးဆွဲရန်နှင့် မြို့ပြင်တွင် အမြန်မြို့ပတ်ရထားလမ်းဖောက်လုပ်နိုင်ရန် လေ့လာမှုများပြုလုပ်


ရန်ကုန်၊ အောက်တိုဘာ ၃ဝ
ရန် ကုန်မြို့စီးပွားရေးဇုန်အတွင်း မိုးပျံ ရထားပြေးဆွဲရန်နှင့် မြို့ပြင်တွင် အမြန်မြို့ပတ်ရထားလမ်းဖောက် လုပ် နိုင်ရန်လေ့လာမှုများပြုလုပ်လျက် ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်း မှ သတင်းရရှိသည်။
ယင်းအပြင် လက်ရှိတွင်အသုံး ပြုလျက်ရှိသည့်မြို့ပတ်ရထားလမ်းများကို တိုးချဲ့သွားမည်ဖြစ်ပြီး ယင်း ကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာ့မီးရထားလုပ်ငန်းမှအောက် မြန်မာပြည်ရုံး အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက''မြို့ပတ်ရ ထားလမ်းပိုင်းတွေကို အဆင့်မြှင့် တင်ဖို့နဲ့ စီမံကိန်းတွေလုပ်ဆောင်ဖို့အ တွက် လက်ရှိတော့မြေပြင်လေ့လာမှု တွေပဲလုပ်နေပါတယ်''ဟု ပြောသည်။
အဆိုပါ စီမံကိန်းနှင့်ပတ်သက် ၍ ထိခိုက်နိုင်သည့် မြို့ပတ်ရထား လမ်းတစ်လျှောက်စိုက်ပျိုးရေးလုပ် ငန်းများ၊ယာယီဈေးဆိုင် လုပ်ငန်းများ၊ ထိခိုက်လွယ်သော ဆင်းရဲနွမ်းပါး သူများနှင့် လူနည်းစုတိုင်းရင်းသား များ၊ ရထားလမ်းခုံးကျော်ဆိုင်ရာ အချက်အလက်များ၊ ထိခိုက်နိုင် သောအိမ်များနှင့် လုပ်ငန်းများစသည် တို့ကို မြန်မာ့မီးရထားမှတာဝန်ရှိ သူများအဖွဲ့ပါဝင်သည့် အဖွဲ့အစည်း များက ကွင်းဆင်း၍စစ်တမ်းကောက် ယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
''မြန်မာ့မီးရထားအဆင့်မြှင့် တင်ဖို့အတွက် ရထားလမ်းနဲ့မလွတ် ကင်းတဲ့ နေရာမှာရှိတဲ့ ပြည်သူတွေနဲ့ ဆွေးနွေးတာတွေပြုလုပ်ပြီးရင် ရွာသာ ကြီးဘက်ကို ပြောင်းရွှေ့ပေးဖို့လက်ရှိ မှာ စီစဉ်ဆောင်ရွက်ထားပါတယ်''ဟု ယင်းက ဆက်လက်ပြောသည်။
လက်ရှိအနေအထားတွင် အ ဆိုပါစီမံကိန်းနှင့်ပတ်သက်၍ စမ်း သပ်မှုများပြုလုပ်လျက်ရှိပြီး စီမံ ချက်အား ၂ဝ၁၄ ခုနှစ်တွင် အကောင် အထည်ဖော်နိုင်ရန် မဖြစ်နိုင်သေးဘဲ လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ် ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင် ဦး အောင်ဟိန်းက'' နိုင်ငံတကာမှာ ဆို ရင်လဲ သယ်ယူပို့ဆောင်ရေးလုပ် ငန်းတွေဆိုရင် မီးရထားကိုပဲ အား ကိုးကြတယ်။ ခရီးစဉ်တစ်ခုတည်း ကိုခရီးသည်များများသယ်လို့ရတယ်။ လက်ရှိအနေအထားအရ ဆိုရင်တော့ မီးရထားလုပ်ငန်းကို ပြည်သူတွေ စိတ်ဝင်စားအောင် တော်တော်လေး လုပ်ဖို့လိုသေးတယ်။ ရထားလမ်းပိုင်း တွေအပြင် ဘူတာရုံတွေပါပြုပြင် ပြောင်းလဲမှုတွေအများကြီးလုပ်ဖို့ လိုသေးတယ်''ဟု ဆိုသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအား လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင်အ ကောင်အထည်ဖော်သွားမည်ဖြစ် ပြီး၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA Study Team) အဖွဲ့နှင့် မြန်မာ့မီးရထားလုပ်ငန်းတို့မှ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။
လက်ရှိတွင်ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ မြို့ပတ်ရထားစနစ်ကို တိုးချဲ့ခြင်းနှင့် ရန်ကုန်မြို့ဗဟိုစီးပွား ရေးဇုန် (Central Business District-CBD Area) အတွင်း ယာဉ် သိပ်သည်းမှုလျှော့ချနိုင်ရန် CBD အတွင်းပတ်၍ပြေးဆွဲနိုင်သော မိုးပျံ ရထားစနစ်များကိုဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
HH
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...