အဲ့လောက်ချစ်ထှာ .
လင်မယားနှစ်ယောက် ပြင်းထန်တဲ့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိန်းမမျက်နှာ
ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားတယ်။ ဒါကြောင့် အရေပြားအစားထိုးကုသဖို့
လိုပေမယ့် အဲဒီမိန်းမက ပိန် လွန်းတဲ့အတွက် သူ့ကိုယ်ပေါ်က အရေပြားက
အစားထိုးဖို့ သင့်တော်တဲ့ နေရာမရှိဘူးလို့ ဒေါက်တာက သူ့ယောက်ကျားကို
ပြောပြတယ်။
ယောက်ကျားက ဒီလိုဆိုရင် သူ့အရေပြားကို ပေးပါ မယ်လို့ ပြောတယ်။ ဒါနဲ့ယောက်ကျားကို စမ်းသပ်စစ်ဆေးတော့ အရေပြားယူဖို့ သင့်တော်တာက သူ့တင်ပါးက အရေပြားပဲရှိတယ်။ ဒါနဲ့ သူတို့ လင်မယားကို မိန်းမမျက်နှာကို ဘယ်နေရာက အရေပြားနဲ့ အစားထိုးတယ်ဆိုတာ ဘယ်သူကိုမှ မပြောပြဖို့ နှစ်ဦးသဘောတူလိုက်ပြီး ဆရာဝန်ကိုလဲ လှိျု့ဝှက်ပေးဖို့ တောင်းဆိုလိုက်တယ်။ အဲဒီလိုနဲ့ အရေပြား အစားထိုးဖြစ်သွားတယ် ဆိုပါတော့။

အရေပြား အစားထိုးပြီးသွားတဲ့ အချိန်မှာ အမျိုးသမီးရဲ့မျက်နှာဟာ မတော်တဆမှု
မဖြစ်ခင်တုန်းကထက်တောင် ပိုချောသွားတယ်ဆိုပဲ။ လူနာလာမေးတဲ့
သူတို့မိတ်ဆွေတွေနဲ့ အမျိုးတွေကလဲ တအံ့တဩနဲ့ ချီးကျူးကြတာပေါ့။
တနေ့တော့ အမျိုးသမီးက သူ့ယောက်ကျားကို ပြောတယ်
“ယောက်ကျားရယ် ၊ ကျွန်မအတွက် ရှင်လုပ်ပေးခဲ့တာအတွက် ကျွန်မအရမ်းကျေးဇူးတင်ပါ တယ်၊ ရှင့်ကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင်မသိပါဘူး”
အဲဒီတော့သူ့ယောက်ကျားက
“‘ကျေးဇူးဆပ်စရာမလိုပါဘူး မိန်းမရယ်၊ အခု နင့်အမေကြီး နင်ပါး ကိုနမ်းတာမြင်တိုင်း ငါသောက်ရမ်းကျေနပ်နေတာပါ”
ငင်---
Credit - Original Writer

0 comments:
Post a Comment