Wednesday, November 5, 2014

ကိုယ့်အကြောင်းကိုယ်သိလို့

ကိုစိုးပိုင်သည် အင်းစိန်မှ မြို့ထဲသို့ဘတ်စကားစီး၍ လာလေသည်။
လမ်းမှတ်တိုင်တွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတစ်ယောက်တက်လာ၏။
ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။
လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်။
ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။

ကိုစိုးပိုင်က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။
သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။
ကိုစိုးပိုင်ကလည်းမဖြေ။

ထိုလူက ထပ်မေးပြန်၏။
ကိုစိုးပိုင်က မဖြေ။
ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတစ်ယောက်က မနေနိုင်၍ ထိုလူကို တစ်မှတ်တိုင်လွန် သွားပြီဖြစ်ကြောင်းပြောလေသည်။
ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။
ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။
``မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။``
ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်။
``ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ``။
အန်---

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...