Sunday, November 2, 2014

ယောကျာ်းယူတော့မယ်ဆိုရင်လေ

‪#‎ညီမလေးရေ‬ .... ယောကျာ်းယူတော့မယ်ဆိုရင်လေ .....
၁။ ယောကျာ်းတစ်ယောက်အဖို့ ရုပ်ချောဖို့မလိုပါဘူး ... ပိုက်ဆံထောရင် ပြီးတာဘဲ။ shopping မှာမ၀ယ်ဘဲ ဈေးကိုအနည်းဆုံး (၃) ပတ် လောက်လျှောက်ကြည့်တာကို မငြီးမငြူဂျီးမထူဘဲ လိုက်နိုင်ရင် တော်ပါပြီ။

၂။ ယောကျာ်းတစ်ယောက်အဖို့ သူအရင်နေခဲ့တဲ့အိမ်ကျယ်မကျယ်က အရေးမကြီးပါဘူး။ လက်ထပ်ပြီးရင် နေမယ့်အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင်ပြီးတာပါဘဲ။
၃။ မင်္ဂလာဆောင်မယ့်စရိတ်အတွက်လည်း ပူစရာမလိုပါဘူး.။ သူ့မှာရှိတဲ့ပိုက်ဆံအကုန် ကိုယ့်လက်ထဲသာအက်ထားမယ်ဆိုရင် ကိုယ်က စိုက်ထုတ်ပေးမှာပေါ့။
၎။ အသွင်မတူ အိမ်သူမဖြစ်တဲ့။ အသွင်တူအောင် သူက ဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်က ဘောလုံးသမားတွေကို ကြည့်လိုက်မှာပေါ့။ တစ်ပွဲမှာ တစ်ယောက်ယောက်တော့ အရမ်းချောမှာသေချာတယ်လေ။
၅။ သူ့ကျန်းမာေ၇းကို ဂရုစိုက်ပေးရမယ်နော်။ အသားဓါတ်လိုရင် ပဲသာများများကျွေးပါ။ အသားစားလို့ သွားကိုက်ရင် အရမ်းခံစားနေရမှာပေါ့။ ကိုယ့်ယောကျာ်းခံစားနေရင် ဘယ်မိန်းမမှ မကြည့်ရက်ဘူးလေ။ ဒါကြောင့် အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပစ်လိုက်ပေါ့။
၆။ ကိုယ့်ယောကျာ်းက ခေတ်နဲ့တပြေးညီနေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲဒီတော့ ပုဆိုး 2ထည် အကျီ (၂)ထည်ဆို လုံလောက်ပြီ။ ကိုယ်ကတော့ ခေတ်နဲ့အညီ နေနိုင်မှ ယောကျာ်းကအချစ်မလျှော့မှာမို့ လှတပတလေးဆို ၀ယ်သာဝယ်။ ဈေးနှုန်းဆိုတာ ကိုယ်ပြောမှ သူသိမှာမဟုတ်လား။
၇။ ထမင်းဟင်းချက်တဲ့အခါမှာလည်း ချို ၊ ချဉ် ၊ ငန် ၊ စပ် ၊ ပျော့ ၊ တူး ၊ မနပ်ဆိုတဲ့ စကားနဲ့အညီ တစ်နေ့တစ်နေ့ အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာဝယ်ပြီး ချက်ပြုတ်နေတုန်းစားထားနှင့်လိုက်လေ။ ထမင်းဘာလို့ သိပ်မစားတာလဲဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့။
၈။ အ၀တ်အစားတွေ လျှော်ဖွတ်ရမှာက အိမ်ရှင်မကောင်းတစ်ယောက်ရဲ့တာဝန်တွေဆိုတာ ပြောစရာမလိုခင် ကိုယ်က ဦးအောင်လုပ်ကိုင်ထားရမှာပေါ့။ Laundry Sevice ဆိုင်တွေရှိနေတာဘဲဟာ။
၉။ အိမ်ခန်းသန့်ရှင်းရေးလုပ်တာကလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှ အကုန်သာလွှင့်သာပစ်လိုက်။ နောက်ဆိုရှုပ်အောင် ဘယ်သူမှ လုပ်ရဲမှာမဟုတ်တော့ဘူးပေါ့။
၁၀။ လှဲကျင်းလျှော်ဖွတ်ရတာ ပင်ပန်းနေပြီဆိုရင် အနားယူလိုက်တော့ပေါ့။ ပန်းကန်ခွက်ယောက်ဆေးဖို့လဲ ပူစရာမလိုပါဘူး။ parper plates တို့ paper cups တို့ရှိသားဘဲ။
၁၁။ ဈေးသွားရင်လည်း သူလည်းလိုက်ပါစေ။ မဟုတ်ရင် အမှိုက်ထုပ်ကြီး ကိုယ်သယ်နေရမှာပေါ့။ အမှိုက်ထုပ်က ဈေးခြင်းထဲ ထည့်ယူမှာ မဟုတ်လား။ အပြန်ကျတော့ ကိုယ်သယ်ပေးလိုက်ပေါ့။ ကူလီငှါးခက ဘယ်လောက်မှမရှိပါဘူး။
၁၂။ ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညှိမယူပါနဲ့။ ကိုယ်ချင်ရာသာ လုပ်လိုက်ပါ။
၁၃။ ကိုယ့်ကိုအသက်တမျှ တန်ဖိုးထားတဲ့ သူ့ကို ကိုယ်ဆီ့ပိုက်ဆံမအပ်ရင် စိတ်မဆိုးလိုက်ပါနဲ့နော်။ Credit Card တွေကိုသူ့ဆီက တောင်းထားလိုက်ပေါ့။
၁၄။ သူ့က ကိုယ်လိုချင်တာတွေ ၀ယ်ပေးဖို့ ငြင်းဆန်နေရင်၊ ကိုယ့်ကိုအလိုလိုက်အလျှော့ပေးဖို့ တွန့်ဆုတ်နေရင်တော့ Holly Wood က ရွှေမင်းသမီးတစ်ယောက်မှာ ယောကျာင်္းဘယ်နှစ်ယောက်ယူခဲ့တဲ့ စာရင်းလေးလုပ်ပြီး သူ့ကိုပြောပြဖို့မမေ့ပါနဲ့။
၁၅။ ဒီလူနဲ့စိတ်သထေားချင်းမတိုက်ဆိုင်လို့ ကွာရှင်းချင်ရင် ကွာရှင်းလိုက်ပေါ့။ ပိုင်ဆိုင်သမျှ တစ်ဝက်ထက်ပိုရအောင် ရှေ့နေ ကောင်းကောင်း ရှာထားဖို့တော့လိုတယ်နော် ....။
Credit-chawchaw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...