Sunday, March 10, 2013

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး မြေမျိုခံခဲ့ရသော VI...

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ ရုတ်တ ရက်ကြုံခဲ့ရပါတယ်။
ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။ အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ သေသွားခဲ့မိတယ်။ အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။ အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။ ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက် နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့ ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။ ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...