Sunday, March 3, 2013

"မွေးနေ့ရက်ကို ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်"

POPULAR JOURNAL and Ei Mon Mon Oo shared Popular Journal's photo.
"မွေးနေ့ရက်ကို  ဘန်ကောက် ဆေးရုံမှာဖြတ်သန်းခဲ့ရတဲ့ R ဇာနည်"

ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာသွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကို 
ဖေဖော်ဝါရီ၁၉ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က 

"ရိုးရိုးသာမန်အအေးပတ်တာပါပဲ။
အခုတော့အားလုံးကောင်းပါပြီ။ဘန်ကောက်မှာ ၂ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R 
ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ 

ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာက အမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်းတွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ပရိသတ် 
တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက် 

ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့ 
သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲဆို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။

ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက် 
မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
‎ ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ဆေးရုံမှာ ၂ပတ်အကြာသွားရောက် ဆေးကုသ မှုခံယူခဲ့တဲ့ တေးသံရှင် R ဇာနည်က ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်တဲ့အတွက် မြန် မာနိုင်ငံကို ဖေဖော်ဝါရီ၁၉ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။
သူ့ရဲ့ လတ်တ လော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတေးသံ ရှင် R ဇာနည်က
"ရိုးရိုးသာမန်အအေးပတ်တာပါပဲ။
အခုတော့အားလုံးကောင်းပါပြီ။ဘန်ကောက်မှာ ၂ ပတ် လောက်ကြာပါတယ်။ လေ့ကျင့်ခန်းကတော့ ကျန်းမာရေးကိစ္စတွေထွေထွေ ထူးထူးမဖြစ်ခင်ကတည်းက ပုံမှန်လုပ်လေ့ရှိပါတယ်။အခုက ခရီးက လည်းပန်း၊အလုပ်တွေကလည်း တအားပင်ပန်းတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် နေမကောင်းဖြစ်သွားတာပါ" လို့ ကျန်းမာရေးအခြေအနေကိုပြောပါတယ်။ ဖေဖော်ဝါရီ ၆ရက် နေ့က R
ဇာနည်ရဲ့၃၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။

ဒီနှစ်မွေးနေ့မှာ ဆေးရုံပေါ်ရောက်နေတာက အမှတ်တရပဲ ဖြစ်ပြီးသူငယ်ချင်းတွေလည်း လာရောက်ကြကြောင်း ပြောပါတယ်။ သူ့ကိုစိုးရိမ်ပေးကြတဲ့ပရိသတ်
တွေကိုလည်းကျေးဇူးတင်ကြောင်း R ဇာ နည်က" ဂရုတစိုက်၊ သတိတရနဲ့ ကျွန်တော့်အကြောင်း စိတ်ဝင်စားပေးတဲ့အတွက် ပရိသတ်ကြီး ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးအတွက်

ကျွန်တော့်ရှေ့ဆက်ပြီး အနုပညာ အလုပ်တွေကို ဒီထက်မကပိုပြီး ပေးဆပ် သွားမယ်လို့ ပြောချင်ပါ တယ်။ ကျွန်တော့် ကျန်းမာရေး လည်းအားလုံးကောင်းပါတယ်" လို့ ပြောပါတယ်။ R ဇာနည်က ဆယ် တန်းစာမေးပွဲပြီးရင်တော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ " အဆိပ်တက် အိပ်မက်" ဗီစီဒီကို ထွက်ရှိမှာဖြစ် ကြောင်းပြောပါတယ်။ ဗီစီဒီကို အကောင်းဆုံးရိုက်ကူးထားကြောင်း R ဇာနည်က " ဗီစီဒီကတော့
သီချင်းနဲ့ အလိုက်ဖက်ဆုံးစဉ်းစားပြီးတော့ ဒါရိုက်တာတွေက လည်းကျွန်တော့်အသိမိတ်ဆွေတွေပဲ
ို တော့သူတို့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ကြိုးစားရိုက် ကူးထားပါတယ်။ ဗီစီဒီ က၁နှစ်ရိုက်ခဲ့ရတယ်။

ဟိုးတစ်နှစ်မိုးတွင်း မှာရိုက်တယ်။အခုပြီးခဲ့တဲ့ မိုးတွင်းမှာ အားလုံးအပြီးသတ်ရိုက်ပြီး သွားတယ်။ စာပေစိစစ်ရေးတင်တာတို့၊ ဟိုပွဲ၊ဒီပွဲတွေနဲ့ စာမေးပွဲတွေကြောင့် ရွှေ့လာတာ၊ အခု ဆယ်တန်းပြီးလောက်
မှာထွက်ဖြစ်မယ်။သင်္ကြန်လည်းကပ်နေ တော့ဆယ်တန်းပြီးတာနဲ့ အမြန်ထွက်လိုက်မှာပါ" လို့ ပြောပါ တယ်။

ခိုင်ဝေလွင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...