Saturday, March 2, 2013

~ ဝတ်မှုန်များနှင့် လိုက်ပါလာခဲ့သော ~ ( 花粉症- Pollinosis )

အချိန်အနည်းငယ် လွန်မှ သူမထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် သူ- ရောက်ရှိလာခဲ့ ပြန်ပါသည်..။ ဆောင်းဦးပိုင်း ကာလတွင် ရောက်ရှိမလာခြင်းကို ကြည်နူးကျေနပ်မိ ခဲ့သူမှာ သူမဖြစ်၏။ သူ့ကို မေ့လျော့ထားခဲ့ခြင်း၌  ပျော်မွေ့ခဲ့သည်ကို ဝန်ခံရပါလိမ့်မည်..။ 

အတိအကျ ဆိုရပါလျှင် သူ့ကို မနှစ်သက်ယုံသာမက မုန်းတီးလှပါသည်..။ အားမနာတမ်း ဝေဖန်ရလျှင် သူ့တွင် နူးညံ့ကြင်နာသော နှလုံးသား အလျင်းမရှိဟု တိုက်ရိုက်ပင် သူမ ပြောဆိုပါမည်..။

ထိုသို့ ကဗျာမဆန်သော သူ- သည် ကဗျာဆန်ဆန်-  ဒဏ္ဍာရီပုံပြင်ဆန်ဆန်ပင် ဝတ်မှုန်တစ်ချို့ကို စီးမျောရင်း သူမထံသို့ ရောက်လာမြဲ ဖြစ်သည်..။ မည်မျှ ရယ်စရာ ကောင်းလွန်းသည့် အဖြစ်ပါလဲ..!! 

သူမ ထံသို့ ပထမဦးဆုံးအကြိမ် သူ စတင်ရောက်ရှိလာခဲ့သည့် နှစ်မှာ (၂၀၀၇) ခုနှစ်..။ ရေတွက်ကြည့်ရပါလျှင် ခြောက်နှစ်တာ ရှိနေပြီဖြစ်၏..။ ထိုနှစ်မှ အစပြုကာ နှစ်စဉ်နှစ်တိုင်း ဆိုသလို သူမ မဖိတ်ခေါ်ပါဘဲ သူ- ရောက် ရောက် လာခဲ့တော့၏..။ 

လပေါင်းများစွာ (နှစ်တစ်ဝက် နီးနီးပင်)  သူမနှင့် အတူနေထိုင်ကာ ပြန်သွားတတ်မြဲ ဖြစ်ပါသည်..။ သူမ၏ မုန်းတီးခြင်းများ~ အော့နှလုံးနာစွာ သူမ၏ ခပ်အက်အက် သွေ့ခြောက်ခြောက် ရယ်မောသံများ~ ကိုလည်း လစ်လျူရှု့တတ်သူဖြစ်၏..။ 

သူမ အတွက်တော့ သူ- သည် နတ်ဆိုးတစ်ကောင်ဖြစ်၏..။ ကဝေဆိုးတစ်ကောင် ဖြစ်၏..။ နှစ်စဉ်နှစ်တိုင်း ခါးသီးစွာ- မလိုလားစွာ-  စားသုံးနေရမြဲ ရာသီစာ တစ်ပွေ့တစ်ပိုက်ကို ပွေ့ပိုက်ယူဆောင်လာသူ လူရိုင်းတစ်ဦး သည် သူ- ဖြစ်၏..။

အဆုံးသတ် ဆိုရပါလျှင် ရှည်မျောမျော ကျွန်းတစ်ကျွန်းပေါ်၌ 花粉症 (ခါဖွန်းရှော) - Pollinosis  ဟု ခပ်ဆန်းဆန်း အမည်တွင်သည့် သူ- သည် စစ်ကြေငြာမှု မရှိပါဘဲ.. တစ်ဖက်သတ် ထိုးစစ်မျိုးဖြင့် သူမထံသို့ ဦးတည် ရောက်ရှိလာသော ရာသီစာ ရန်သူပင်....။ 

မည်သို့ပင် ဖြစ်စေ.. ဤနှစ်တွင်လည်း ဒူးမထောက်~ အရှုံးမပေးပါဘဲ သူ၏ မြားချက်များစွာကို သူမ ရဲရဲရင့်ရင့် ရင်ဆိုင်နေရပြန်တော့သည်..။ 

(@[356627834393499:274:ခင်လေးငယ်])
March 8, 2012
ဒီနှစ် သူ.. ကျွန်မဆီ ရောက်လာတာ နောက်ကျပါတယ်..။
အလူးအလဲ ခံနေရတာ သုံး- လေး- ရက် ရှိနေပြီ ~ :'(
အချိန်အနည်းငယ် လွန်မှ သူမထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင်သူ- ရောက်ရှိလာခဲ့ ပြန်ပါသည်..။
 ဆောင်းဦး ပိုင်း ကာလတွင် ရောက်ရှိမလာခြင်းကို ကြည်နူးကျေနပ်မိ ခဲ့သူမှာ သူမဖြစ်၏။ သူ့ကို မေ့လျော့ထားခဲ့ခြင်း၌ ပျော်မွေ့ခဲ့သည်ကို ဝန်ခံရပါလိမ့်မည်..။

အတိအကျ ဆိုရပါလျှင် သူ့ကို မနှစ်သက်ယုံသာမက မုန်းတီးလှပါသည်..။ အားမနာတမ်း ဝေဖန်ရလျှင် သူ့တွင် နူးညံ့ကြင်နာသော နှလုံးသား အလျင်းမရှိဟု တိုက်ရိုက်ပင် သူမ ပြောဆိုပါမည်..။

ထိုသို့ ကဗျာမဆန်သော သူ- သည် ကဗျာဆန်ဆန်- ဒဏ္ဍာရီပုံပြင်ဆန်ဆန်ပင် ဝတ်မှုန်တစ်ချို့ကို စီးမျောရင်း သူမထံသို့ ရောက်လာမြဲ ဖြစ်သည်..။ မည်မျှ ရယ်စရာ ကောင်းလွန်းသည့် အဖြစ်ပါလဲ..!!

သူမ ထံသို့ ပထမဦးဆုံးအကြိမ် သူ စတင်ရောက်ရှိလာခဲ့သည့် နှစ်မှာ (၂၀၀၇) ခုနှစ်..။ ရေတွက်ကြည့်ရ ပါလျှင် ခြောက်နှစ်တာ ရှိနေပြီဖြစ်၏..။ ထိုနှစ်မှ အစပြုကာ နှစ်စဉ်နှစ်တိုင်း ဆိုသလို သူမ မဖိတ်ခေါ်ပါဘဲ သူ- ရောက် ရောက် လာခဲ့တော့၏..။

လပေါင်းများစွာ (နှစ်တစ်ဝက် နီးနီးပင်) သူမနှင့် အတူနေထိုင်ကာ ပြန်သွားတတ်မြဲ ဖြစ်ပါသည်..။ သူမ၏ မုန်းတီးခြင်းများ~ အော့နှလုံးနာစွာ သူမ၏ ခပ်အက်အက် သွေ့ခြောက်ခြောက် ရယ်မောသံများ~ ကိုလည်း လစ်လျူရှု့တတ်သူဖြစ်၏..။

သူမ အတွက်တော့ သူ- သည် နတ်ဆိုးတစ်ကောင်ဖြစ်၏..။ ကဝေဆိုးတစ်ကောင် ဖြစ်၏..။ နှစ်စဉ်နှစ်တိုင်း ခါးသီးစွာ- မလိုလားစွာ- စားသုံးနေရမြဲ ရာသီစာ တစ်ပွေ့တစ်ပိုက်ကို ပွေ့ပိုက်ယူဆောင်လာသူ လူရိုင်းတစ်ဦး သည် သူ- ဖြစ်၏..။

အဆုံးသတ် ဆိုရပါလျှင် ရှည်မျောမျော ကျွန်းတစ်ကျွန်းပေါ်၌ 花粉症 (ခါဖွန်းရှော) - Pollinosis ဟု ခပ်ဆန်းဆန်း အမည်တွင်သည့် သူ- သည် စစ်ကြေငြာမှု မရှိပါဘဲ.. တစ်ဖက်သတ် ထိုးစစ်မျိုးဖြင့် သူမထံသို့ ဦးတည် ရောက်ရှိလာသော ရာသီစာ ရန်သူပင်....။ 

မည်သို့ပင် ဖြစ်စေ.. ဤနှစ်တွင်လည်း ဒူးမထောက်~ အရှုံးမပေးပါဘဲ သူ၏ မြားချက်များစွာကို သူမ ရဲရဲရင့်ရင့် ရင်ဆိုင်နေရပြန်တော့သည်..။

(ခင်လေးငယ်)
March 8, 2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...