Friday, March 1, 2013

NLD ညီလာခံကို သွယ်ဝိုက်သောနည်းနဲ့ ဖိအားပေးလိုက်တာလား

Sirr Pyae and Kyaw Thurein shared Today Myanmar's photo.
NLD ညီလာခံကို သွယ်ဝိုက်သောနည်းနဲ့ ဖိအားပေးလိုက်တာလား
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရုတ်ပြည်က စိုင်းနော်ခမ်းကို မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ယောက် အသတ်ခံရမှုနဲ့ပတ်သတ်လို့ တဖက်သတ်စွပ်စွဲချက်များနဲ့ သေဒဏ်ပေး ဆေးထိုးသတ်ဖြတ်လိုက်ပါတယ် . .

ဆေးထိုးအသတ်ခံလိုက်ရတဲ့ စိုင်းနော်ခမ်းဟာ ဗမာနိုင်ငံသားဖြစ်ပါတယ် . .

တရားခံအဖြစ် စွပ်စွဲခံရတဲ့ စိုင်းနော်ခမ်းဟာ တရားခွင်မှာ ပြန်လည်ချေပခွင့်အပြည့်အဝ ရရှိခဲ့သလား ဆိုတာ တရုတ်တရားစီရင်ရေးကျင့်ထုံးများအပေါ် မေးခွန်းထုတ်စရာဖြစ်လာပါတယ်

ဗမာနိုင်ငံသားဖြစ်တဲ့အတွက် အဲဒီအမှုနဲ့ပတ်သတ်ပြီး အမှန်အမှားဘယ်လိုရှိတယ်ဆိုတာနဲ့ ကိုယ့်နိုင်ငံသားကို ဘယ်လို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ပြသဖို့ လက်ရှိ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအတွက် အမိုင်းဝင်ပျက်ကွက်မှုကြီးတစ်ခုလည်း

ဖြစ်သွားပါတယ် . .

ဗမာတစ်နိုင်ငံလုံးကတော့ စိုင်းနော်ခမ်းကို ဆေးထိုးသတ်ဖြတ်လိုက်တဲ့ ရုပ်သံမှတ်တမ်းတိုက်ရိုက်ထုတ်လွှင့်မှုကိုရော အွန်လိုင်းမီဒီယာများမှရော ကြည့်ရှုပြီး မေးခွန်းပေါင်းများစွာ ထုတ်နေကြပါတယ်

ဘာဖြစ်ခဲ့လို့ ဒီလိုသတ်ဖြတ်ရတယ်ဆိုတာကို မသိရှိရပဲ ဆေးထိုးသတ်ဖြတ်လိုက်တာကို ကြည့်နေရတဲ့ ဗမာနိုင်ငံသားတွေရင်ထဲမှာ တရုတ်အစိုးရဟာ အင်အားသုံး တစ်ဖက်သတ် အနိုင်ကျင့်လိုက်တယ်လို့ ခံစားနေရပါတယ်

တရုတ်အစိုးရရဲ့ စိုင်းနော်ခမ်းကို ဆေးထိုးသတ်ဖြတ်မှုဟာ မကြာမှီကျင်းပတော့မယ် NLD ညီလာခံကို သွယ်ဝိုက်သောနည်းနဲ့ ဖိအားပေးလိုက်တာလား ဆိုတာလည်း မေးစရာဖြစ်လာပါတယ်

တရုတ်အစိုးရဟာ ဗမာပြည်တွင်းမှာ လျှို့ဝှက်စီမံကိန်ပေါင်းများစွာကို ဆောင်ရွက်လျှက်ရှိပါတယ် . .

ဗမာပြည်အတွင်းဆောင်ရွက်နေတဲ့ တရုတ်အစိုးရရဲ့ စီမံကိန်းအားလုံးကို ဒေသခံပြည်သူများရော ဗမာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါ ကန့်ကွက်မှု သဘောမတူမှုများ ဖြစ်ပေါ်နေပါတယ် . .

တရုတ်အစိုးရရဲ့ စီမံကိန်းတွေ အပေါ် ဗမာပြည်သူလူထုအ အရှိန်ကြီးကြီးနဲ့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာတိုင်းမှာ အာရုံလွှဲအရေးအခင်းများ ဗမာပြည်နေရာ အနှံ့မှာ ဖြစ်လာတတ်တာကိုလည်း ဗမာပြည်သူတွေ သဘောပေါက်စပြုလာပြီဖြစ်ပါတယ် . .

ယခုတလော ဖြစ်ပွားခဲ့တဲ့ ကျောက်ပန်တောင်း နှစ်ကျပ်ခွဲရွာ အရေးအခင်း နဲ့ မအူပင် မလက်တိုရွာ အရေးအခင်းတွေမှာ ဗမာ့ရဲတွေဟာ အရိုင်အစိုင်းတွေအဖြစ် အရုပ်ဆိုးအကျည်းတန်စွာ ဖော်ပြခံရပါတယ် . .

ဒီလိုမျိုး ရဲတွေကို အရိုင်းအစိုင်းတွေ အဖြစ် ဗမာပြည်သူတွေက မြင်သွားစေတာဟာ တိုက်ဆိုင်မှုလား တမင်လားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်လို့ ဗမာ့အရေးစိတ်ဝင်တစားစောင့်ကြည့်လေ့လာနေသူတွေအကြားမှာ စောကြောစရာဖြစ်လာပါတယ် . .

လက်ပံတောင်းတောင် အရေးအခင်းက အစီရင်ခံစာကြီးဟာလည်း လူကြားမကောင်းတဲ့ ဝမ်ပိုင်နဲ့ဦးပိုင်ရဲ့ အတွင်းရေးအရှုပ်တော်ပုံတွေကြောင့် တို့လို့တန်းလန်း ဖြစ်နေပါတယ် . .

မအူပင်မလက်တိုအရေးအခင်းမှာ နာမည်ဆိုးဖြစ်သွားတဲ့ ရဲတွေရဲ့ ပုံရိပ်ကို နင်းပြီး လက်ပံတောင်းတောင်အရေးအခင်းအစီရင်ခံစာကြီး ထွက်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ . .

ဆေးထိုးအသတ်ခံလိုက်ရတဲ့ စိုင်းနော်ခမ်း ကိစ္စမှာ တရုတ်အစိုးရဲ့ ဘယ်လိုဘယ်ပုံ ကိုင်တွယ်ဆောင်ရွက်ခဲ့သလဲ ဆိုတာ ဗမာပြည်သူလူထုအနေနဲ့ သိခွင့်ရှိပါတယ် . .

ဗမာပြည်သူလူထုရဲ့ သဘောတူညီချက်မပါပဲ ဗမာနိုင်ငံထဲက လျှို့ဝှက်စွာဆောင်ရွက်နေတဲ့စီမံကိန်းတွေ မကြာခင်အပြီးရပ်သွားရတော့မယ်ဆိုတာကိုလည်း တရုတ်အစိုးရကို တနည်းနည်းနဲ့ အသိပေးရတော့မှာပါ . .

တရုတ်အစိုးရရဲ့ စိုင်းနော်ခမ်းကို လူသိရှင်ကြားဆေးထိုးသတ်ဖြတ်ပြလိုက်တဟာ ဗမာတွေက တရုတ်အစိုးရကို ပိုကြောက်သွားအောင်ရည်ရွယ်ပြီး လုပ်လိုက်တာ ဆိုရင် တရုတ်အစိုးရ အမှားကြီးမှားသွားပြီလို့ ပြောရမှာပါ . .

သန်းရွှေမိသားစုနဲ့ သန်းရွှေမိသားစုပိုင်ဆိုင်မှုတွေကို အကာကွယ်ပေး နေတဲ့ အစိုးရ အရာရှိတွေနဲ့ စစ်တပ်အရာရှိတွေကြောင့် ဗမာပြေအောက်ကျနောက်ကျဖြစ်ပြီ တရုတ်အစိုးရ အနိုင်ကျင့်တာ ခံခဲ့ရတာပါ . .

အဲဒီခေတ် ကုန်ပါတော့မယ် . . မကြာခင် အဲဒီခေတ်ကုန်ပါပြီလို့ ပြောနိုင်မယ့် အချိန်ရောက်လာပါတော့မယ် . . ဗမာပြေထဲက တရုတ်အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေ ဖျာလိပ်ထားကြပါတော့လို့ ပြောပါရစေ . .

ကိုသောင်း ပုလဲမြေ
 
0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...