Wednesday, March 13, 2013

ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Dell နှင့် Intel မှ မြန်မာ့ပညာရေး အတွက် သင်ကြားရေး နည်းပညာပိုင်း ဆိုင်ရာ ထောက်ပံ့မယ်

Ko Soe shared Kachin Daily News's photo.
ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Dell နှင့် Intel မှ မြန်မာ့ပညာရေး အတွက် သင်ကြားရေး နည်းပညာပိုင်း ဆိုင်ရာ ထောက်ပံ့မယ် 

မတ် ၁၄ ရက်၊၂၀၁၃

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Dell နှင့် Intel မှ သင်ကြားရေး နည်းပညာပိုင်း
ဆိုင်ရာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  Dell ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် များဖြစ်သော CTT ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးခွန်ဦးက ပြောကြားလိုက် သည်။ အဆိုပါ နည်းပညာကုမ္ပဏီ အဖွဲ့အစည်းမှ ပညာရေးဆိုင်ရာ လုပ်ဆောင်နည်းလမ်းစည် Dell Education Solution နည်းပညာသစ် တစ်ခုကို အကောင်အထည်ဖော်၍ မြန်မာနိုင်ငံ၏ မူကြိုကျောင်းသားအရွယ် သင်ကြားမှုများသာမက ဘွဲ့လွန်တက္ကသိုလ် ကျောင်းသားများအထိပါ အသုံးပြုသင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ "ကမ္ဘာကျော် ကုမ္ပဏီ ကြီးတွေက ထုတ်တဲ့ Dell Education Solution နည်းပညာသစ်ကို မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သုံးနိုင်အောင် စီစဉ်သွားမှာပါ။ ဒီစနစ်က နိုင်ငံတကာမှာတော့ လက်တွေ့ အကောင်အ ထည်ဖော်ပြီး သုံးနေတာကြာပြီ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံး စပြီးသုံးနိုင်အောင် စီစဉ်သွားမှာပါ" ဟု ဦးခွန်ဦးက ပြောသည်။

 လက်ရှိ မြန်မာနိုင်ငံ၏ ပညာသင်ကြားရေး စနစ်သည် သမားရိုးကျ ပညာသင်ကြားရေးစနစ် ဖြစ်နေပြီး ယင်းကုမ္ပဏီမှ ပံ့ပိုးကူညီမည့် နည်းပညာပိုင်းအရ ရိုးရိုးစားပွဲတင် ကွန်ပျူတာများ လက်တော့ ပ်၊ တက်ဘလက်၊ မိုဘိုင်းတယ်လီဖုန်း၊ ကွန်ပျူတာနက်ဝေါ့ခ်၊ ပရင်တာ၊ ပရိုဂျက်တာ၊ သင်ကြားရေး ဆော့ဖ်ဝဲလ်များ၊ သတင်းအချက်အလက် ဆာဗာများ စသည်တို့ကို ပေါင်းစပ် အသုံးပြု၍ သင်ကြားနိုင်မည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။ "ဒီစနစ်က ကျောင်းသား တစ်ယောက်ချင်းစီအတွက် လိုအပ်ချက်ကနေ တစ်ကျောင်းလုံးရဲ့ လိုအပ်ချက်အထိ စီမံခန့်ခွဲပေးနိုင်မယ်။ သင်ကြား သင်ယူနိုင်တဲ့အထိ လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် နည်းပညာကောင်း ရလာတဲ့သဘောပါ" ဟု ယင်းက ဆက်လက်ပြောသည်။ အဆိုပါ Dell Education Solution သည် ကွန်ပျူတာ၊ ပရိုဂျက်တာ၊ ဆော့ဖ်ဝဲလ်များကို ရောင်းချခြင်း မဟုတ်ဘဲ ပညာသင်ကြားရေးဆိုင်ရာ နည်းလမ်းများကို လမ်းစဉ်စနစ်တစ်ခု လုပ်ဆောင် အကောင်အ ထည် ဖော်နိုင်ရန်အတွက် ဖန်တီး တီထွင်ထားသည့် အိုင်တီဆိုင်ရာ (သို့) ဒီဂျစ်တယ်ဆိုင်ရာ e-Education System တစ်ခုဖြစ်ကြောင်း Dell မှ တာဝန်ရှိသူ Mr.Santi Apichairokut က ပြောသည်။

ယင်းက "ဒီစနစ်ကို မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ အသုံးပြုမယ်ဆိုရင် အကောင်းတဲ့ရလဒ်တွေ ဖြစ်လာမယ်လို့လဲ ထင်တယ်။ မြန်မာ့ပညာသင်ကြားရေး စနစ်ကိုလဲ မြင့်မားစေဖို့အတွက် အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ယင်းစနစ်အသုံးပြု၍ ပညာသင်ကြားနိုင်ရန်အတွက် စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပ ပညာရေး နယ်ပယ်၌ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုကာလသည် ကမ္ဘာကျာ် Dell ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အိုင်စီတီဈေးကွက်တွင် တစ်စိတ် တစ်ဒေသ ပါဝင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေသည့် ကာလလည်းဖြစ်ကြောင်း သိရသည်။

ဖူးပွင့်သော်

From : Yatanarpon
မတ် ၁၄ ရက်၊၂၀၁၃

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် Dell နှင့် Intel မှ သင်ကြားရေး နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Dell ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် များဖြစ်သော CTT ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးခွန်ဦးက ပြောကြားလိုက်သည်။ အဆိုပါ နည်းပညာကုမ္ပဏီ အဖွဲ့အစည်းမှ ပညာရေးဆိုင်ရာ လုပ်ဆောင်နည်းလမ်းစည် Dell Education Solution နည်းပညာသစ် တစ်ခုကို အကောင်အထည်ဖော်၍ မြန်မာနိုင်ငံ၏ မူကြိုကျောင်းသားအရွယ် သင်ကြားမှုများသာမက ဘွဲ့လွန်တက္ကသိုလ် ကျောင်းသားများအထိပါ အသုံးပြုသင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ "ကမ္ဘာကျော် ကုမ္ပဏီ ကြီးတွေက ထုတ်တဲ့ Dell Education Solution နည်းပညာသစ်ကို မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ သုံးနိုင်အောင် စီစဉ်သွားမှာပါ။ ဒီစနစ်က နိုင်ငံတကာမှာတော့ လက်တွေ့ အကောင်အ ထည်ဖော်ပြီး သုံးနေတာကြာပြီ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံး စပြီးသုံးနိုင်အောင် စီစဉ်သွားမှာပါ" ဟု ဦးခွန်ဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပညာသင်ကြားရေး စနစ်သည် သမားရိုးကျ ပညာသင်ကြားရေးစနစ် ဖြစ်နေပြီး ယင်းကုမ္ပဏီမှ ပံ့ပိုးကူညီမည့် နည်းပညာပိုင်းအရ ရိုးရိုးစားပွဲတင် ကွန်ပျူတာများ လက်တော့ ပ်၊ တက်ဘလက်၊ မိုဘိုင်းတယ်လီဖုန်း၊ ကွန်ပျူတာနက်ဝေါ့ခ်၊ ပရင်တာ၊ ပရိုဂျက်တာ၊ သင်ကြားရေး ဆော့ဖ်ဝဲလ်များ၊ သတင်းအချက်အလက် ဆာဗာများ စသည်တို့ကို ပေါင်းစပ် အသုံးပြု၍ သင်ကြားနိုင်မည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။ "ဒီစနစ်က ကျောင်းသား တစ်ယောက်ချင်းစီအတွက် လိုအပ်ချက်ကနေ တစ်ကျောင်းလုံးရဲ့ လိုအပ်ချက်အထိ စီမံခန့်ခွဲပေးနိုင်မယ်။ သင်ကြား သင်ယူနိုင်တဲ့အထိ လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် နည်းပညာကောင်း ရလာတဲ့သဘောပါ" ဟု ယင်းက ဆက်လက်ပြောသည်။ အဆိုပါ Dell Education Solution သည် ကွန်ပျူတာ၊ ပရိုဂျက်တာ၊ ဆော့ဖ်ဝဲလ်များကို ရောင်းချခြင်း မဟုတ်ဘဲ ပညာသင်ကြားရေးဆိုင်ရာ နည်းလမ်းများကို လမ်းစဉ်စနစ်တစ်ခု လုပ်ဆောင် အကောင်အ ထည် ဖော်နိုင်ရန်အတွက် ဖန်တီး တီထွင်ထားသည့် အိုင်တီဆိုင်ရာ (သို့) ဒီဂျစ်တယ်ဆိုင်ရာ e-Education System တစ်ခုဖြစ်ကြောင်း Dell မှ တာဝန်ရှိသူ Mr.Santi Apichairokut က ပြောသည်။

ယင်းက "ဒီစနစ်ကို မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်မှာ အသုံးပြုမယ်ဆိုရင် အကောင်းတဲ့ရလဒ်တွေ ဖြစ်လာမယ်လို့လဲ ထင်တယ်။ မြန်မာ့ပညာသင်ကြားရေး စနစ်ကိုလဲ မြင့်မားစေဖို့အတွက် အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ယင်းစနစ်အသုံးပြု၍ ပညာသင်ကြားနိုင်ရန်အတွက် စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပ ပညာရေး နယ်ပယ်၌ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုကာလသည် ကမ္ဘာကျာ် Dell ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အိုင်စီတီဈေးကွက်တွင် တစ်စိတ် တစ်ဒေသ ပါဝင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေသည့် ကာလလည်းဖြစ်ကြောင်း သိရသည်။

ဖူးပွင့်သော်

From : Yatanarpon

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...